Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၅ နှစ်အထက် ကလေးတွေမှာ Pfizerရဲ့ ကာကွယ်ဆေး ထိုးခွင့်ရဖို့ ပိုနီးစပ်လာ

အမေရိကန် ကုမ္ပဏီ Pfizerနဲ့ ဂျာမန် ဆေးသုတေသန လုပ်ငန်းစုကြီး BioNTechတို့ ပူးပေါင်း ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးဟာ အသက် ၁၂ နှစ်နဲ့ ၁၅ နှစ်ကြား အရွယ်တွေမှာ ထိုးနှံဖို့ ခွင့်ပြုချက် ရပြီး ဖြစ်သလို ၁၅ နှစ်အထက် အရွယ်တွေအတွက် ရာနှုန်းပြည့် ထောက်ခံချက် ရရှိထားပါတယ်။

ကလေးတွေမှာ ကာကွယ်ဆေး စမ်းသပ်ထားတဲ့ သိပ္ပံနည်းကျ မှတ်တမ်း အချက်အလက်တွေကို အမေရိကန် ဆေးကုမ္ပဏီ Pfizerက ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန် အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲမှုဌာန (FDA)က ကာကွယ်ဆေး ကုမ္ပဏီတွေက အသက် ၅ နှစ်နဲ့ ၁၁ နှစ်ကြား ကလေးတွေမှာ ဆေးစမ်းသပ်ထားတဲ့ သိပ္ပံနည်းကျ မှတ်တမ်း အချက်အလက်တွေကို ဆန်းစစ် လေ့လာသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အခုတော့ Pfizerက ဒီမှတ်တမ်းတွေကို FDAဆီ တင်ပြထားလိုက်ပါပြီ။

FDA အနေနဲ့ Pfizerရဲ့ အချက်အလက်တွေကို စိစစ်ပြီး မီးစိမ်းပြလိုက်ပြီဆိုရင် အောက်တိုဘာ လကုန်ပိုင်းလောက်မှာ အသက် ၅ နှစ်နဲ့ ၁၁ နှစ်ကြား ကလေးတွေကိုပါ ကာကွယ်ဆေး ထိုးခွင့် ပြုလာဖွယ် ရှိပါတယ်။ အမေရိကန်မှာ ကလေးတွေ ကိုဗစ်ရောဂါ ကူးစက်နှုန်းက စက်တင်ဘာ လဆန်းပိုင်းလောက်မှာ အမြင့်ဆုံး အဆင့်ထိ ရောက်ရှိခဲ့တဲ့နောက် သန်းပေါင်း များစွာသော မိဘတွေက ကလေးတွေကို ကာကွယ်ဆေး ထိုးပေးဖို့ လိုလားလာခဲ့ပါတယ်။

အမေရိကန် ကုမ္ပဏီ Pfizerနဲ့ ဂျာမန် ဆေးသုတေသန လုပ်ငန်းစုကြီး BioNTechတို့ ပူးပေါင်း ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးဟာ အသက် ၁၂ နှစ်နဲ့ ၁၅ နှစ်ကြား အရွယ်တွေမှာ ထိုးနှံဖို့ ခွင့်ပြုချက် ရပြီး ဖြစ်သလို ၁၅ နှစ်အထက် အရွယ်တွေအတွက် ရာနှုန်းပြည့် ထောက်ခံချက် ရရှိထားပါတယ်။

Public Service Announcement

Public Service Announcement

နွေရာသီမှာ အမေရိကန် တစ်နိုင်ငံလုံးအနှံ့ ကျောင်းတွေ ပြန်ဖွင့်ဖို့ ရည်ရွယ်ထားတာကြောင့် ကလေးတွေ ကာကွယ်ဆေး ထိုးနှံနိုင်ရေးကို အမြန်ဆုံး စိစစ် ခွင့်ပြုသွားဖွယ် ရှိနေပါတယ်။ Pfizerနဲ့ BioNTechတို့ဟာ ဆေးဝါး စမ်းသပ်မှု အချက်အလက်တွေကို ဥရောပ ဆေးဝါး ကွပ်ကဲမှု အေဂျင်စီနဲ့ နိုင်ငံအလိုက် ဆေးဝါး အရည်အသွေး စိစစ်ရေး ဌာနတွေဆီ ပေးပို့ဖို့ ပြင်ဆင်နေပါတယ်။

တခြား အမေရိကန် ဆေးကုမ္ပဏီ တစ်ခုဖြစ်တဲ့ Modernaရဲ့ ကာကွယ်ဆေးကတော့ မြီးကောင်ပေါက် အရွယ်တွေအတွက် အမေရိကန်မှာ သုံးစွဲခွင့် မပေးသေးပေမယ့် ဥရောပမှာ ခွင့်ပြုချက် ရထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ကခွေးလေးခွေးလွင့်​တွေနဲ့ အိမ်မွေးခွေး၊ကြောင်​တွေကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊မွေးမြူရေးနှင့် ကုသရေးဌာနက ကာကွယ်ဆေးအခမဲ့ လိုက်လံထိုးပေး​နေပါတယ်။

ဆောင်းပါး

ဇန်နဝါရီလဆန်းရဲ့ အေးစိမ့်စိမ့် ညနေခင်းတစ်ခုမှာကရင်နီပြည်နယ်ရဲ့ တောတွင်းတနေရာမှာဖွင့်လှစ်ထားတဲ့ အိုဝမ်း(O-1)ဆေးရုံကို သမီးလေးတစ်ယောက်ရောက်လာခဲ့တယ်။ စိတ်မကောင်းစရာတစ်ခုက ဝဝကစ်ကစ်ဖြူဖြူဖွေးဖွေးနဲ့ အသက်လေးလအရွယ် သမီးလေးဟာ သူ့အရွယ်နဲ့ မမျှတဲ့ လက်နက်ကြီးစထိပြီး ဒဏ်ရာတွေနဲ့အတူ ရောက်ရှိလာတာပါ။

Infographics

လက်ရှိ တရုတ်နိုင်ငံမှာ တုပ်ကွေးနဲ့ ကိုဗစ်ဆန်တဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်ပွားစေတဲ့ Human metapneumovirus (HMPV)ကို ၂၀၀၁ ခုနှစ်တုန်းက နယ်သာလန် ဆေးသိပ္ပံ ပညာရှင်တွေက စတင် အတည်ပြု တွေ့ရှိခဲ့ပါတယ်။ အဲဒီတုန်းက ကလေးတွေမှာ အမျိုးအမည် ခွဲခြားမသိတဲ့ ဗိုင်းရပ်စ်...

နိုင်ငံတကာ

တရုတ်မှာ တုပ်ကွေး၊ ကိုဗစ်တို့နဲ့ လက္ခဏာတွေ ဆင်တူတဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါမျိုး ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်နေကြောင်း လူမှုကွန်ရက်ပေါ်မှာ သတင်းတွေ ပိုမို ပျံ့နှံ့လာနေပါတယ်။