Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ကူးတို့ရေယာဉ် မီးလောင်မှု လူ ၃၉ ဦးထက်မနည်း သေဆုံး

ဒဏ်ရာရသူတွေထဲက တချို့ဟာ ခန္ဓာကိုယ် တစ်ခုလုံးနီးပါး အပြင်းအထန် မီးလောင် ခံထားရတဲ့အတွက် အသေအပျောက် အရေအတွက်လည်း တိုးလာဖွယ် ရှိနေပါတယ်။ အခင်းဖြစ်ချိန်က Avijan-10 ရေယာဉ်ပေါ်မှာ လူ ၅၀၀ ကျော်လောက် စုပြုံလိုက်ပါလာခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ကူးတို့ရေယာဉ် မီးလောင်မှုကြောင့် လူ ၃၉ ဦးထက်မနည်း သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

မြို့တော် ဒါကာကနေ စတင်ထွက်ခွာလာပြီး နိုင်ငံ တောင်ပိုင်းက ဘာဂူနာမြို့ကို ဦးတည်လာတဲ့ ရေယာဉ်ဟာ ဂျာလာခါသီ မြို့နားက မြစ်လယ်ခေါင်မှာ မီးလောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၄ ရက်က ဖြစ်စဉ်မှာ ခရီးသည် တချို့ဟာ မီးလောင်နေတဲ့ ရေယာဉ်ပေါ်ကနေ ကြောက်လန့်တကြား ခုန်ချရင်း ရေနစ် သေဆုံးခဲ့ကြပါတယ်။

ဒဏ်ရာရသူတွေထဲက တချို့ဟာ ခန္ဓာကိုယ် တစ်ခုလုံးနီးပါး အပြင်းအထန် မီးလောင် ခံထားရတဲ့အတွက် အသေအပျောက် အရေအတွက်လည်း တိုးလာဖွယ် ရှိနေပါတယ်။ အခင်းဖြစ်ချိန်က Avijan-10 ရေယာဉ်ပေါ်မှာ လူ ၅၀၀ ကျော်လောက် စုပြုံလိုက်ပါလာခဲ့ကြပါတယ်။

ရေယာဉ်ရဲ့ အင်ဂျင်ခန်းကနေ မီးစလောင်ပြီး ကိုယ်ထည် တစ်ခုလုံးကို လျင်လျင်မြန်မြန် ပျံ့နှံ့သွားတာလို့ ယူဆရပါတယ်။ ရေယာဉ်ပေါ်က မီးဟာ နာရီပေါင်း အတော်ကြာအောင် ဆက်လက် လောင်ကျွမ်းနေခဲ့ပြီး ဒုတိယထပ်မှာ ပေါက်ကွဲသံတွေလည်း ကြားနေရတယ်လို့ အသက်ရှင် လွတ်မြောက်လာသူတွေက ပြောပါတယ်။ မီးစတင် လောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ ဆက်လက် စုံစမ်းနေဆဲပါ။

Public Service Announcement

Public Service Announcement

ရေယာဉ်ရဲ့ ပိုင်ရှင်ဖြစ်သူ ဟွမ်ဂျာလာလာ ရှိတ်ခ်ကတော့ သူ့ရေယာဉ်ပေါ်မှာ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက် တစ်ခုခု ဖြစ်ခဲ့တယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို ငြင်းဆိုထားပါတယ်။ အသက်ရှင် လွတ်မြောက်လာတဲ့ ခရီးသည် အဖွားအို တစ်ဦးကတော့ မီးစလောင်ချိန်က ခရီးသည် အများစု အိပ်မောကျနေခဲ့ကြောင်း ပြောပါတယ်။ သူ့ရဲ့ ၉ နှစ်အရွယ် မြေးငယ်က ရေထဲ ခုန်ချသွားတာ တွေ့လိုက်ပြီး ခုထိ ဘာဖြစ်သွားတယ်ဆိုတာ မသိရသေးကြောင်း သူက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ရေယာဉ် တိမ်းမှောက် နစ်မြုပ်တယ်ဆိုတဲ့ သတင်းမျိုးတွေက မကြာခဏ ကြားရလေ့ ရှိပေမယ့် အခုလို ဆိုးဆိုးရွားရွား မီးလောင်တာမျိုးကတော့ ဖြစ်တောင့် ဖြစ်ခဲလို့ ဆိုနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေ သန်း ၁၇၀ လောက်ထဲက ၃၀ ရာခိုင်နှုန်းဟာ မြစ်ကြောင်းသွား ရေလမ်းခရီးစဉ်တွေကို အဓိက အားကိုးအားထား ပြုနေရကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ကုန်တင်သင်္ဘောတစ်စီး မီးလောင်မှုကြောင့် လူ ၂၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။