Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သူကိုယ်တိုင်အပြင် ၁၁ နှစ်အရွယ် သမီးငယ်ကိုလည်း ကာကွယ်ဆေး ထိုးမပေးဘူးလို့ ဘရာဇီး သမ္မတပြော

ကလေးတွေမှာ ကာကွယ်ဆေး ထိုးသင့်၊ မထိုးသင့် ဆိုတာက ဘရာဇီးမှာ အရမ်းလူပြောများနေတဲ့ ဆွေးနွေးမှု ခေါင်းစဉ် တစ်ခုပါ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ကလေးတွေကို ဆေးထိုးပေးချင်တဲ့ မိဘတွေ အချိုးအစားက ပိုများပေမယ့် တစ်ဖက်မှာလည်း ဘော်လ်ဆိုနာရိုကို အမာခံ ထောက်ခံသူတွေက ဆေးမထိုးကြဖို့ ဆော်ဩနေကြပြန်ပါတယ်။

ကိုဗစ် ကာကွယ်ဆေးကို ကိုယ်တိုင် အယုံအကြည် မရှိသလို သူ့ရဲ့ ၁၁ နှစ်အရွယ် သမီးလေးကိုလည်း ဆေးထိုးပေးမှာ မဟုတ်ဘူးလို့ ဘရာဇီး သမ္မတ ဂျဲရ် ဘော်လ်ဆိုနာရိုက ပြောကြားလိုက်ပါတယ်။

လက်ယာစွန်း ဝါဒီ သမ္မတ ဘော်လ်ဆိုနာရိုဟာ ကိုဗစ်ရောဂါ ကူးစက်မှု အစောပိုင်း ကာလတွေက တုပ်ကွေး အသေးစား တစ်ခုသာ ဖြစ်တယ်လို့ လူသိရှင်ကြား ပြောဆိုခဲ့ဖူးသူပါ။ သူ့ရဲ့ အစိုးရ အဖွဲ့ဟာ ကပ်ရောဂါ တားဆီးရေးအတွက် Lockdownချတဲ့ အစီအမံမျိုးတွေကို အပြင်းအထန် ဆန့်ကျင်ရပ်တည်ခဲ့ပြီး ဘရာဇီးဟာလည်း ကမ္ဘာပေါ်မှာ ကိုဗစ်ကြောင့် အသေအပျောက် အများဆုံး နိုင်ငံတွေ စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

ဘော်လ်ဆိုနာရို ကိုယ်တိုင်က ကိုဗစ်ရောဂါ ကူးစက် ခံရဖူးသူ ဖြစ်ပါတယ်။ ပြည်နယ်အလိုက် အစိုးရ အဖွဲ့တွေက ကာကွယ်ဆေး ထိုးနှံရေး ကိစ္စကို အရှိန်မြှင့်နေချိန်မှာ ဘော်လ်ဆိုနာရိုက တောက်လျှောက် ကန့်လန့် တိုက်နေခဲ့ပါတယ်။ အခုအခါ ဘရာဇီးရဲ့ ဆေးဝါးစိစစ်ရေး အဖွဲ့ဖြစ်တဲ့ အန်ဗစ်ဆာက အသက် ၅ နှစ်နဲ့ ၁၁ နှစ်ကြား ကလေးတွေမှာ ဆေးထိုးပေးသင့်ကြောင်း ထောက်ခံ အတည်ပြုလိုက်ပြီး ဘော်လ်ဆိုနာရိုကတော့ သူ့သမီးကို ဆေးမထိုးခိုင်းဘူးလို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ကာကွယ်ဆေး မထိုးရလို့ ကလေးတွေ အသက်အန္တရာယ် စိုးရိမ်ရပါတယ်ဆိုတဲ့ အပြောအဆိုမျိုးကတော့ ဘယ်လိုမှ အဓိပ္ပါယ် မရှိဘူးလို့ သမ္မတက ဆိုပါတယ်။ ပြီးတော့ ကလေးတွေမှာ ကာကွယ်ဆေး ထိုးရမယ့် ကိစ္စနဲ့ ပတ်သက်ပြီး လမ်းညွှန်ချက်၊ သတိပြုသင့်တဲ့ အချက်တွေကို သူ့ရဲ့ ကျန်းမာရေး ဝန်ကြီး မာဆယ်လို ကွီရိုဂါက နောက်နှစ်ဆန်းမှာ ထုတ်ပြန်ပေးလိမ့်မယ်လို့လည်း ဘော်လ်ဆိုနာရိုက ပြောပါတယ်။ ဘော်လ်ဆိုနာရိုဟာ ကာကွယ်ဆေးတွေရဲ့ အာနိသင် ထက်မြက်မှုနဲ့ ယုံကြည် စိတ်ချရမှုအပေါ် အမြဲတမ်း ဝေဖန် မေးခွန်းထုတ်လေ့ရှိသူ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကလေးတွေမှာ ကာကွယ်ဆေး ထိုးသင့်၊ မထိုးသင့် ဆိုတာက ဘရာဇီးမှာ အရမ်းလူပြောများနေတဲ့ ဆွေးနွေးမှု ခေါင်းစဉ် တစ်ခုပါ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ကလေးတွေကို ဆေးထိုးပေးချင်တဲ့ မိဘတွေ အချိုးအစားက ပိုများပေမယ့် တစ်ဖက်မှာလည်း ဘော်လ်ဆိုနာရိုကို အမာခံ ထောက်ခံသူတွေက ဆေးမထိုးကြဖို့ ဆော်ဩနေကြပြန်ပါတယ်။

ဒါ့အပြင် ကျန်းမာရေး ဝန်ကြီးဖြစ်သူ ကွီရိုဂါ ကိုယ်တိုင်က ကိုဗစ်ကြောင့် သေဆုံးရတဲ့ ကလေးဦးရေကို ကြည့်လိုက်ရင် ကလေးတွေမှာ ကာကွယ်ဆေးထိုးဖို့ အရေးတကြီး မလိုအပ်ဘူးဆိုတာ တွေ့မြင်နိုင်ကြောင်း ပြောဆိုထားပြန်ပါသေးတယ်။

ကလေးတွေမှာ ကာကွယ်ဆေး ထိုးပေးရေးအတွက် ဆွေးနွေး ထောက်ခံခဲ့တဲ့ အေဗစ်ဆာ အဖွဲ့က ပညာရှင် တချို့ကတော့ သူတို့ဆီ အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ စာတွေတောင် ရောက်လာတယ်လို့ ဆိုပါတယ်။ ကလေးတွေ ကာကွယ်ဆေး ထိုးသင့်ကြောင်း ထောက်ခံခဲ့တဲ့ ပညာရှင်တွေ စာရင်းကို ဘော်လ်ဆိုနာရို ကိုယ်တိုင်က လူသိရှင်ကြား ထုတ်ပြောထားခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးမှာ ကိုဗစ်ရောဂါ ကူးစက် ခံရသူ ၂၂ သန်းကျော် ရှိခဲ့ပြီး လူပေါင်း ၆ သိန်း ၂ သောင်းနီးပါး အသက်ဆုံးရှုံးခဲ့ပါတယ်။ ဘရာဇီး အစိုးရက ထုတ်ပြန်တဲ့ စာရင်းတွေအရ သေဆုံးသူတွေထဲမှာ အသက် ၅ နှစ်နဲ့ ၁၁ နှစ်ကြား အရွယ်က ၃၀၁ ဦးသာ ပါဝင်ခဲ့ကြောင်း သိရှိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘရာဇီးနိုင်ငံမှာ ရဟတ်ယာဉ်နှစ်စီး လေထဲ တိုက်မိရာက ထင်ရှားတဲ့ အမေရိကန် ဂီတ ပညာရှင် တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ဘရာဇီးမှာ စွန့်စားမှု ခုံမင်သူတွေ အပျော်တမ်း ခုန်ချကြတဲ့ တံတားတစ်စင်းမှာ ဝန်ထမ်းတွေက လုံခြုံရေးကြိုး ချည်ဖို့ မေ့သွားလို့ အမျိုးသမီးငယ် တစ်ဦး ပြုတ်ကျ သေဆုံးသွားတဲ့ ဖြစ်စဉ်အပေါ် ရဲတွေက စုံစမ်းနေပါတယ်။

နိုင်ငံတကာ

သူတက်ရောက်မယ့် ညစာစားပွဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူရွေးချယ်ထားတဲ့ ဘဝမှာ စွန့်စားရတာ၊ အန္တရာယ် ကြုံတာတွေ ရှိနိုင်တာကို သိထားကြောင်း ပြောကြားခဲ့ပါတယ်။

သတင်း

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပေါ်၌သာ ဆက်လက် သစ္စာစောင့်သိနေဆဲဖြစ်ကြောင်း CDMနိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ပူးတွဲထုတ်ပြန်ခဲ့ပြီး သမ္မတ ဦးဝင်းမြင့်အနေနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး နိုင်ငံတော်အကျိုး ဆက်လက်သယ်ပိုးနိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။