Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘရာဇီးနဲ့ပွဲမှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူဖို့အထိ ဂျပန် ပြင်ဆင်ထား

ဘရာဇီးနဲ့ ပွဲစဉ်မှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူရမယ့် အခြေအနေထိကြိုတင်တွေးတော ပြင်ဆင်ထားကြောင်းဂျပန်လက်ရွေးစင် ဘောလုံးအသင်းရဲ့ နည်းပြက ပြောပါတယ်။

ဇွန်-၂၉၊၂၀၂၆။People’s Spring

ဘရာဇီးနဲ့ ပွဲစဉ်မှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူရမယ့် အခြေအနေထိကြိုတင်တွေးတော ပြင်ဆင်ထားကြောင်းဂျပန်လက်ရွေးစင် ဘောလုံးအသင်းရဲ့ နည်းပြက ပြောပါတယ်။

ဂျပန်ဟာ လက်ရှိ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အာရှတိုက် ကိုယ်စားပြု အသင်းအားလုံးထဲမှာ စွမ်းဆောင်ရည် အကောင်းဆုံး မှတ်တမ်းတွေကို ပိုင်ဆိုင်ထားပြီး ရှုံးပွဲမရှိသေးပါဘူး။

အုပ်စု (F) ပွဲစဉ်တွေမှာ ဂျပန်ဟာ ရှုံးပွဲလုံးဝ မရှိခဲ့သလို ချန်ပီယံဆုအတွက် ရေပန်းစားနေတဲ့ နယ်သာလန်ကိုသရေ၊ ဥရောပရဲ့ မာကျောတဲ့ အသင်းကောင်း ဆွီဒင်တို့ကို သရေကစားပြီး တူနီးရှားကို လေးဂိုးပြတ် အနိုင်ယူခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့်လည်း နယ်သာလန်ရဲ့နောက် အုပ်စု ဒုတိယအဖြစ် ၃၂ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။ အခုတော့ ဂျပန်ဟာ ကမ္ဘာ့ဖလားရဲ့ အစဉ်အလာ အကြီးဆုံးနဲ့ ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး စာရင်းဝင် ဘရာဇီးနဲ့ တည့်တည့်ကြီး တွေ့ဆုံနေပြီ ဖြစ်ပါတယ်။

ဂျပန်နည်းပြ ဟာဂျီမီ မိုရီယာဆူကတော့ အမေရိကန်နိုင်ငံ၊ ဟူစတန်မြို့မှာ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်ဟာ အရမ်းခက်ခဲမယ်ဆိုတာ သိပေမယ့် ဖြစ်နိုင်ခြေ အားလုံးအတွက် ကြိုတင် ပြင်ဆင်ထားမယ်လို့ ပြောကြားခဲ့ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက ကြုံခဲ့တဲ့ ခါးသီးတဲ့ ပင်နယ်တီ အဆုံးအဖြတ် အတွေ့အကြုံအတွက်ပါ တွေးတော ပြင်ဆင်ထားပြီး ဘရာဇီးနဲ့ပွဲမှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူရရင် ဘယ်သူတွေ ဦးစားပေး ကန်သွင်းရမလဲ ဆိုတာကို သေချာ စီစဉ် ညွှန်ကြားထားကြောင်း မိုရီယာဆူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်တုန်းက ဂျပန်ဟာ ခရိုအေးရှားနဲ့ သရေကျခဲ့ပေမယ့်ပင်နယ်တီအဆုံးအဖြတ်မှာတော့ ကစားသမား ၃ ယောက်က ဂိုးဝင်အောင် မကန်နိုင်ခဲ့တာကြောင့်ပြိုင်ပွဲကနေအရေးနိမ့်ထွက်ခွာခဲ့ရပါတယ်။

အဲဒီ ကမ္ဘာ့ဖလားတုန်းကတော့ ပင်နယ်တီကို ဘယ်သူတွေ ကန်သွင်းကြမလဲ ဆိုတာကို ကစားသမားတွေ ကိုယ်တိုင်က ဆန္ဒပြုပြီး ဆုံးဖြတ်ခဲ့ကြကြောင်း၊ ဒီနှစ်မှာတော့ ပင်နယ်တီ အဆုံးအဖြတ် ခံယူရမယ့် အခြေအနေကို ကြိုတွေးပြီး သူက ပြင်ဆင်ထားသလို ဘယ်သူတွေက တာဝန်ယူ ကန်သွင်းရမလဲ ဆိုတာအထိ အတိအကျ ညွှန်ကြားထားကြောင်း နည်းပြက ဆိုပါတယ်။ သူ့အနေနဲ့လည်း ဘယ်သူက အဆုံးအဖြတ် ပင်နယ်တီတွေကို ကန်မလဲဆိုတာဆုံးဖြတ်သင့်တယ်လို့ယူဆကြောင်းလည်း မိုရီယာဆူက ပြောကြားသွားပါတယ်။

နာမည်ကျော် အီတလီ နည်းပြကြီး ကာလို အန်ဆလော့တီ ကိုင်တွယ်နေတဲ့ ဘရာဇီး အသင်းကို ဂျပန်က မနှစ်က အောက်တိုဘာလ၊ တိုကျိုမြို့မှာ ကျင်းပတဲ့ ခြေစမ်းပွဲမှာ သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ယူခဲ့ဖူးပါတယ်။ အခုတစ်ကြိမ် တွေ့ဆုံမှုမှာ ဂျပန်ရဲ့ အားထားရတဲ့ တောင်ပံတိုက်စစ်မှူးတာကီဖူဆာကူဘိုကတော့ အုပ်စုအဆင့်မှာ ရခဲ့တဲ့ခြေသလုံး ဒဏ်ရာကြောင့် လွဲချော်မယ်လို့ မိုရီယာဆူက အတည်ပြုထားပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တချို့အတွင်ဂျပန်ရဲ့ဘောလုံးအဆင့်အတန်းဟာ ခပ်မြန်မြန် တိုးတက်လာသလို ကမ္ဘာ့ဖလားမှာ ဖျက်မြင်း အသင်းကောင်း တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံလာရပါတယ်။ ဂျပန် ကစားသမားတွေက ဥရောပ ထိပ်တန်း အမှတ်ပေး ဘောလုံးပြိုင်ပွဲ တချို့မှာ ပရော်ဖက်ရှင်နယ်အဖြစ် အခြေချ ကစားလာခြင်းကလည်း အတွေ့အကြုံပိုင်း ပိုမို အားကောင်းလာစေပြီး လက်ရွေးစင် အသင်းအတွက် အထောက်အကူကောင်းတွေ ဖြစ်လာစေခဲ့ပါတယ်။

ကိုးကား: Reuters

ဓါတ်ပုံ-ရိုက်တာ ၊မိုင်နီချီ

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလားမှာ အိမ်ပြန်စောခဲ့တဲ့ လက်ရွေးစင် အသင်းအတွက် စင်းလုံးငှား လေယာဉ် စီစဉ်ပေးထားတာကို ဥရုဂွေး ဘောလုံးအဖွဲ့ချုပ်က ပယ်ဖျက်လိုက်ပါတယ်။

နိုင်ငံတကာ

တောင်အာဖရိက အသင်းကို တစ်ဂိုးတည်းနဲ့ ကပ်အနိုင်ယူခဲ့တဲ့နောက် ၂၀၂၆ ကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင် ကနေဒါ အသင်းဟာ ၁၆ သင်း ရှုံးထွက်အဆင့်ထိ တက်လှမ်းလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာခဲ့ရတဲ့ တောင်ကိုရီးယား အသင်းကို သမ္မတကိုယ်တိုင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့နောက် အသင်းနည်းပြဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

လက်ရှိ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးရဲ့ အုပ်စုအဆင့် ပွဲစဉ်အားလုံး ပြီးဆုံးသွားပြီဖြစ်ပြီး ၃၂ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေ ထွက်ပေါ်လာပါတယ်။