Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နိုက်ဂျီးရီးယားမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ ရေနံတင် သင်္ဘောက သင်္ဘောသား ၃ ဦး ကယ်ဆယ်ရရှိ

Shebah ရေနံ ရှာဖွေရေးနဲ့ ထုတ်လုပ်ရေး ကုမ္ပဏီ အမှုဆောင် အရာရှိ အီကီမီဖူနာ အိုကာဖော်က ကယ်ဆယ်ရရှိထားတဲ့ သင်္ဘောသားတွေကို လိုအပ်တဲ့ ဆေးဝါး ကုသမှုတွေ ပြုလုပ်ပေးထားကြောင်း ဖေဖော်ဝါရီ ၇ ရက်က အတည်ပြုသွားခဲ့ပါတယ်။

နိုက်ဂျီးရီးယား ကမ်းလွန် ရေပြင်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ ရေနံတင် သင်္ဘောပေါ်က သင်္ဘောသား ၃ ယောက်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။

Shebah ရေနံ ရှာဖွေရေးနဲ့ ထုတ်လုပ်ရေး ကုမ္ပဏီ အမှုဆောင် အရာရှိ အီကီမီဖူနာ အိုကာဖော်က ကယ်ဆယ်ရရှိထားတဲ့ သင်္ဘောသားတွေကို လိုအပ်တဲ့ ဆေးဝါး ကုသမှုတွေ ပြုလုပ်ပေးထားကြောင်း ဖေဖော်ဝါရီ ၇ ရက်က အတည်ပြုသွားခဲ့ပါတယ်။

Trinity Spirit ရေနံတင် သင်္ဘောဟာ ဖေဖော်ဝါရီ ၂ ရက်က ရေနံအထွက် ကြွယ်ဝတဲ့ နိုက်ဂျီးရီးယားတောင်ပိုင်း ကမ်းလွန် ပင်လယ်ပြင်မှာ ပေါက်ကွဲမှု ဖြစ်ပြီး နစ်မြုပ်ခဲ့ပါတယ်။ ဒီသင်္ဘောဟာ ရေနံ သိုလှောင်ရုံသာ မကဘဲ တစ်နေ့ကို ရေနံစည်ပေါင်း ၂၂၀၀၀ လောက် ချက်လုပ်နိုင်အောင် တည်ဆောက်ထားတာပါ။

အခင်းဖြစ်ချိန်က သင်္ဘောပေါ်မှာ ရေနံစည်ပေါင်း ၆၀၀၀၀ ကျော် ရှိနေပြီး သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဘေးတစ်ခု ပေါ်ပေါက်လာမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။

Public Service Announcement

Public Service Announcement

ကယ်ဆယ်ရေး အဖွဲ့တွေက သင်္ဘောသား ၃ ဦးကို အသက်ရှင်လျက် ရှာတွေ့ခဲ့သလို အနီးအနားမှာ အလောင်း ၁ လောင်းကိုလည်း ဆယ်ယူ ရရှိထားပါတယ်။ နောက်ထပ် ပျောက်ဆုံးနေသူ ၇ ဦးကိုလည်း ဆက်လက် ရှာဖွေနေဆဲလို့ ဆိုပါတယ်။

ရေနံ ပမာဏ အများဆုံး စည်ပေါင်း ၂ သန်းလောက်ထိ တင်ဆောင်နိုင်အောင် ကြီးမားတဲ့ သင်္ဘောကြီးဟာ ပေါက်ကွဲမှုကြောင့် ခါးလယ်ကနေ နှစ်ပိုင်းကျိုးပြီး တစိတ်တပိုင်း နစ်မြုပ်သွားပါတယ်။ သင်္ဘောပေါ်မှာ လောင်ကျွမ်းနေတဲ့ မီးတွေကို ငြှိမ်းသတ်ဖို့လည်း နာရီပေါင်းများစွာ အချိန်ယူခဲ့ရပါတယ်။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွ လှုပ်ရှားသူတွေကတော့ ဒီဖြစ်ရပ်ကြောင့် ပတ်ဝန်းကျင် ညစ်နွမ်းစေမယ့် ရေနံ ယိုဖိတ်မှုတွေ သေချာပေါက် ဖြစ်လာနိုင်ကြောင်း ပြောပါတယ်။ အဲဒီ အခါမှာ ပတ်ဝန်းကျင်က ရေနေ သက်ရှိတွေ၊ ကမ်းခြေက လူ့အသိုက်အဝန်းတွေအတွက် အကြီးအကျယ် ဆိုးကျိုး သက်ရောက်မှုတွေ ရှိလာမယ်လို့လည်း ဆိုပါတယ်။

အရင်ကတည်းက နိုက်ဂျီးရီးယား တောင်ပိုင်းက ကမ်းရိုးတန်း ဒေသတချို့ဟာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေကို ကြုံတွေ့ ခံစားထားရပြီး ဖြစ်ပါတယ်။ နိုက်ဂျီးရီးယား မြစ်ဝှမ်းလို ဧရိယာတွေမှာ သောက်သုံးရေ ရရှိဖို့ ခက်ခဲနေပြီး လမုတောတွေ၊ ရွှံ့နွံတောတွေမှာလည်း သားရိုင်း တိရစ္ဆာန်တွေ နေထိုင်တာမျိုး သိပ်မရှိတော့ပါဘူး။ ပြီးတော့ ဒေသတွင်းက ပျမ်းမျှ လူ့သက်တမ်းဟာ တခြားနေရာတွေထက် ၁၀ နှစ်လောက် ပိုတိုတောင်းနေကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အရိပ်တပ်သားများ အားလုံးသည် ပြည်သူတိုင်း လုံခြုံရေး၊ လွတ်လပ်စွာ နေထိုင်နိုင်ရေးနှင့် မတရားဖိနှိပ်ချုပ်ချယ်မှုများမှ လွတ်မြောက်ရေးအတွက် တော်လှန်ရေးအောင်မြင်သည်အထိ စစ်ကောင်စီကို ဆက် လက် ချေမှုန်းတိုက်ပွဲဝင်သွားမည်ဟု ထပ် လောင်း အသိပေးထားသည်။

သတင်း

စစ်ကောင်စီသည် မတ်လ ၂၇ရက်တွင် ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့ ပိတ်မိနေကြောင်း အသိပေးသည်။

နိုင်ငံတကာ

စင်ကာပူအလံ လွှင့်ထူထားတဲ့ ကုန်တင်သင်္ဘောကြီး တစ်စီးက ဝင်တိုက်မိတာကြောင့် ၁.၆ မိုင်ရှည်လျားတဲ့ တံတားရဲ့ အတော်များပြားတဲ့ အပိုင်းတွေ ရေထဲကို ပြိုဆင်းခဲ့တာ ဖြစ်ပါတယ်။

သတင်း

ယနေ့မွန်းလွဲ ၂ နာရီ ၄၀ ခန့်က အုတ်ဖိုမြို့၊ မိုးညိုတန်းရပ်ကွက်၊ ချမ်းမြသာမြေ(၂)လမ်းရှိ စစ်ကောင်စီ စရဖရုံးအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားကာ ယင်းပေါက်ကွဲမှုမှတဆင့် မီးလောင်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။