Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုဗစ် ကာကွယ်ဆေး ထုတ်လုပ်မှုကို Johnson & Johnson ရပ်ဆိုင်းထား

လောလောဆယ် လိုင်ဒန်းက စက်ရုံမှာ ကိုဗစ်နဲ့ မသက်ဆိုင်တဲ့ တခြား အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ တစ်မျိုးအတွက် ကာကွယ်ဆေး အသစ်တစ်မျိုးကို သုတေသနပြု စမ်းသပ် ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ အဲဒီ အပြောင်းအလဲဟာ ကုမ္ပဏီအတွက် အကျိုးအမြတ် ပိုရရှိစေမယ့် သဘောလည်း ရှိနေကြောင်း New York Timesက ဖော်ပြထားပါတယ်။

အမေရိကန် ဆေးဝါး ကုမ္ပဏီ Johnson & Johnsonဟာ ကိုဗစ်ရောဂါ ကာကွယ်ဆေး ထုတ်လုပ်နေမှုတွေကို ရပ်ဆိုင်းထားလိုက်ကြောင်း သိရပါတယ်။

နယ်သာလန်နိုင်ငံ၊ လိုင်ဒန်းမြို့မှာ တည်ဆောက်ထားတဲ့ ကုမ္ပဏီပိုင် ဆေးဝါး စက်ရုံမှာ ကိုဗစ် ကာကွယ်ဆေး ထုတ်လုပ်မှုတွေကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ကတည်းက တိတ်တဆိတ် ရပ်ဆိုင်းထားလိုက်တာ ဖြစ်တယ်လို့ New York Times သတင်းစာက ဖော်ပြပါတယ်။ အဲဒီစက်ရုံဟာ Johnson & Johnsonရဲ့ စျေးကွက် ဖြန့်ချိတဲ့ ကိုဗစ် ကာကွယ်ဆေးတွေ ထုတ်လုပ်ပေးနေတဲ့ တစ်ခုတည်းသော နေရာ ဖြစ်ပါတယ်။

လောလောဆယ် လိုင်ဒန်းက စက်ရုံမှာ ကိုဗစ်နဲ့ မသက်ဆိုင်တဲ့ တခြား အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ တစ်မျိုးအတွက် ကာကွယ်ဆေး အသစ်တစ်မျိုးကို သုတေသနပြု စမ်းသပ် ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ အဲဒီ အပြောင်းအလဲဟာ ကုမ္ပဏီအတွက် အကျိုးအမြတ် ပိုရရှိစေမယ့် သဘောလည်း ရှိနေကြောင်း New York Timesက ဖော်ပြထားပါတယ်။

Johnson & Johnsonက ကာကွယ်ဆေး ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်တယ်ဆိုတဲ့ သတင်းဟာ ဒီဆေးအပေါ် အများကြီး မျှော်လင့်ထားတဲ့ နိုင်ငံတချို့အတွက် အံ့ဩ စိတ်ပျက်စရာ ဖြစ်စေခဲ့ပါတယ်။ Johnson & Johnsonရဲ့ ကာကွယ်ဆေးဟာ တစ်ကြိမ်ပဲ ထိုးနှံဖို့ လိုတာကြောင့် ဆေးနှစ်လုံး ထိုးရတဲ့ တခြား ကာကွယ်ဆေးတွေနဲ့ ယှဉ်ရင် ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် ပိုပြီး အဆင်ပြေတဲ့သဘော ရှိနေပါတယ်။ ပြီးတော့ အမေရိကန်မှာ တရားဝင် ခွင့်ပြုထားတဲ့ ကာကွယ်ဆေး ၃ မျိုးထဲမှာလည်း ပါဝင်နေတာကြောင့် အရည်အသွေးပိုင်း ယုံကြည် စိတ်ချရတဲ့ သဘောလည်း ဖြစ်နေပါတယ်။

Public Service Announcement

Public Service Announcement

Johnson & Johnsonက သူတို့ဟာ နောင်တစ်ချိန်မှာ ကိုဗစ် ကာကွယ်ဆေးတွေ ပြန်ထုတ်လုပ်မှာပါလို့ ပြောပေမယ့် ဘယ်အချိန်လဲ ဆိုတာကိုတော့ အတိအကျ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။ နောက်ပြီး ဆေးဝါးတွေ ဆက်မထုတ်ပေမယ့် ကုမ္ပဏီမှာ ကိုဗစ် ကာကွယ်ဆေး အလုံးရေ သန်းနဲ့ချီ လက်ဝယ် ပိုင်ဆိုင်ထားဆဲလို့လည်း ဆိုပါတယ်။ ဆေးထုတ်လုပ်မှု ရပ်နားထားတဲ့ အကြောင်းရင်းကိုတော့ ကုမ္ပဏီဖက်က နှုတ်ဆိတ်နေဆဲပါ။

ပြီးတော့ အာဖရိက သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေဆီ ကိုဗစ် ကာကွယ်ဆေးတွေ တင်ပို့မယ်ဆိုတဲ့ ကတိကိုလည်း ဖြည့်ဆည်းသွားမယ်လို့ ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောပါတယ်။ အမေရိကန်လုပ် ကိုဗစ် ကာကွယ်ဆေးတွေထဲမှာ Modernaနဲ့ Pfizerတို့ရဲ့ ဆေးတွေက ပိုပြီး အစွမ်းထက်တယ်လို့ လက်ခံထားပေမယ့် Johnson & Johnson လက်အောက်ခံ Janssenရဲ့ ဆေးကတော့ တစ်ကြိမ်ပဲ ထိုးစရာ လိုတဲ့ အားသာချက် ကြီးကြီးမားမား ရှိနေပါတယ်။

နောက်ပြီး Johnson & Johnsonအတွက် ခေါင်းခဲစရာ ဖြစ်ခဲ့တာ တစ်ခုက Janssenက ထုတ်လုပ်တဲ့ ကာကွယ်ဆေး ထိုးနှံသူတွေထဲက အရမ်းနည်းပါးတဲ့ အချိုးအစားလောက်မှာ အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့ထိ သွေးခဲတဲ့ ဘေးထွက်ဆိုးကျိုးတွေ ကြုံခဲ့ရတာပါ။ ဒါပေမဲ့လည်း ဆေးက စျေးသက်သာပြီး တစ်ကြိမ်သာ ထိုးဖို့ လိုတဲ့အတွက် ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေမှာတော့ တောင်းဆိုမှု မြင့်မားနေဆဲလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာပေါ်မှာ ကလေးဦးရေ ၁၄ သန်းကျော်ဟာ ဘာကာကွယ်ဆေး တစ်မျိုးမှ မထိုးဖူးတဲ့ အခြေအနေမျိုး ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာဟာ အစိုးရရဲ့ ကာကွယ်ဆေး ထိုးနှံမှုတွေကို စိစစ် အတည်ပြုပေးရတဲ့ ကော်မတီ တစ်ခုလုံးကို အလုပ်ထုတ်ပစ်ခဲ့ပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။