Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတလွှားမှာ ကလေး ၁၄ သန်းကျော် ဘာကာကွယ်ဆေးမှ ထိုးခွင့်မရခဲ့

ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာပေါ်မှာ ကလေးဦးရေ ၁၄ သန်းကျော်ဟာ ဘာကာကွယ်ဆေး တစ်မျိုးမှ မထိုးဖူးတဲ့ အခြေအနေမျိုး ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။

AP

ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာပေါ်မှာ ကလေးဦးရေ ၁၄ သန်းကျော်ဟာ ဘာကာကွယ်ဆေး တစ်မျိုးမှ မထိုးဖူးတဲ့ အခြေအနေမျိုး ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO)နဲ့ ကုလသမဂ္ဂ ကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)တို့က ဇူလိုင် ၁၄ ရက်နေ့မှာ ပူးတွဲ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာတော့ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့ကလေးငယ် ၁၄.၃ သန်းထိ ကာကွယ်ဆေး လုံးဝ ထိုးခွင့်မရတဲ့ အခြေအနေ ကြုံတွေ့ထားကြောင်း ဖော်ပြခဲ့ပါတယ်။ အဲဒီ အဖွဲ့အစည်း နှစ်ခုဟာ နှစ်စဉ် ကမ္ဘာတလွှားက ကလေးငယ်တွေ ကာကွယ်ဆေး ထိုးနှံနိုင်ခွင့် အခြေအနေ အစီရင်ခံစာတွေကို ထုတ်ပြန်ပေးလေ့ ရှိပါတယ်။

နိုင်ငံပေါင်း ၁၉၅ ခုကို ခြုံငုံထားတဲ့ စာရင်းအရ ကလေး ၁၄.၃ သန်းလောက်ထိ ကာကွယ်ဆေး ထိုးခွင့် ရမထားဘူး ဆိုတာကို အတည်ပြုထားပြီး အထူးသဖြင့် စစ်ရေး ပဋိပက္ခ ဘေးသင့်နယ်မြေတွေမှာ ကလေးငယ်တွေ ကာကွယ်ဆေးထိုးခွင့် ဘယ်လောက် ဆိုးဆိုးရွားရွား ဆုံးရှုံးနေတယ် ဆိုတာကို မြင်သာစေကြောင်း နိုင်ငံတကာ ကျန်းမာရေး ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ယှဉ်ရင် ၂၀၂၄ ခုနှစ်မှာ ကာကွယ်ဆေး လုံးဝ ထိုးခွင့်မရတဲ့ ကလေးတွေ အရေအတွက်ဟာ ၂၀၂၃ ခုနှစ်ကထက် ၁၇၁၀၀၀ ဦးလောက် လျော့နည်းသွားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကလေး ၁၄ သန်းကျော်ဟာ ကြိုတင် တားဆီးလို့ ရတဲ့ ရောဂါတွေအတွက် လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးနှံခွင့် လုံးဝ ဆုံးရှုံးနေပြီး နောက်ထပ် ၅.၇ သန်းလောက်ကတော့ ဆေးပတ်လည်အောင် ထိုးခွင့်မရတာတွေ ရှိနေဆဲဆိုတဲ့ အခြေအနေက စိတ်အေးလို့ မရကြောင်း အစီရင်ခံစာထဲမှာ ဖော်ပြထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အထူးသဖြင့် ကမ္ဘာ့နိုင်ငံ ၂၆ ခုထဲမှာ ကလေးတွေ ကာကွယ်ဆေး ထိုးနှံခွင့် ဆုံးရှုံးမှုဟာ စိုးရိမ်စရာ အခြေအနေထိ ရောက်နေပြီး တစ်ကမ္ဘာလုံးစာ ကာကွယ်ဆေး မထိုးရတဲ့ ကလေးဦးရေ ထက်ဝက်ဟာ နိုင်ငံ ၉ ခုမှာ နေထိုင်သူတွေပါ။

ကွန်ဂို၊ အီသီယိုးပီးယား၊ အင်ဒိုနီးရှား၊ ယီမင်၊ အာဖဂန် နစ္စတန်၊ အန်ဂိုလာ၊ နိုက်ဂျီးရီးယား၊ ဆူဒန်နဲ့ အိန္ဒိယ နိုင်ငံတွေမှာ ကာကွယ်ဆေး လုံးဝ မထိုးဖူးတဲ့ ကလေးငယ် ဦးရေဟာ တစ်ကမ္ဘာလုံးစာ စုစုပေါင်းစာရင်းရဲ့ ၅၂ ရာခိုင်နှုန်း ပါဝင်နေပါတယ်။ အဲဒီနိုင်ငံတွေထဲက အများစုဟာ စစ်ရေးပဋိပက္ခတွေနဲ့ နိုင်ငံရေး မငြိမ်သက်မှုတွေကို ရင်ဆိုင် ဖြတ်သန်းနေရပါတယ်။

အကျိုးဆက်အဖြစ် အဲဒီလို နိုင်ငံတွေမှာ ပိုလီယိုလို ရောဂါတွေ ခေါင်းထောင်လာမှာကို နိုင်ငံတကာ ကျန်းမာရေး ပညာရှင်တွေက အထူးတလည် စိုးရိမ်နေပါတယ်။ စစ်တမ်းအရ ကလေးတွေကို ကာကွယ်ဆေး ထိုးပေးတဲ့ လုပ်ဆောင်မှုတွေဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အောင်မြင်မှုတွေ ရနေပေမယ့် တချို့ နေရာတွေမှာတော့ ကောလာဟလတွေ၊ သတင်းမှားတွေကြောင့် လုပ်ငန်းစဉ် ထိခိုက် နှောင့်နှေးတာတွေ ကြုံရတတ်ကြောင်းလည်း သိရပါတယ်။

ချမ်းသာကြွယ်ဝတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတချို့မှာတော့ ကာကွယ်ဆေးတွေရဲ့ အာနိသင်ကို မယုံကြည်တာ၊ သံသယလွန်ကဲတာမျိုး ပြဿနာတွေကြောင့် ကြိုတင် ကာကွယ်နိုင်တဲ့ ဝက်သက်လို ရောဂါတွေ တကျော့ပြန် ခေါင်းထောင်လာနိုင်ခြေတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဥပမာ အမေရိကန်မှာဆိုရင် ဝက်သက်ရောဂါကို အပြီးတိုင် သုတ်သင် ဖယ်ရှားနိုင်ခဲ့ပြီးပြီလို့ ကြေညာခဲ့တဲ့ ကာလနောက်ပိုင်း စံချိန်တင် အရေအတွက် အများဆုံး ရောဂါပြန်ဖြစ်တဲ့ အခြေအနေတွေ ကြုံလာနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

ကိုးကား: CNN
https://edition.cnn.com/2025/07/14/health/children-unvaccinated-global-report-who-unicef

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့ မေလ ၇ရက် မနက်ပိုင်းမှာဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ထောင်ထားတဲ့မိုင်းပေါက်ကွဲလို့ (၂)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ချောင်းသာကမ်းခြေဒေသမှာ ‌ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရပြီးစွန့်ပစ်ထားတဲ့ရုပ်အလောင်းကိုဒေသခံတွေက တွေ့ရှိခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချင်းတွင်းမြစ်ဆိပ်မှာ ရေနစ်ပျောက်ဆုံးနေတဲ့ က​လေး ၃ ဦးထဲက တစ်ဦးကို သေဆုံးလျက် ပြန်လည်ရှာဖွေတွေရှိခဲ့ပြီး ၂ ဦး ရှာမတွေ့သေးကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို သောက်ဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတဲ့ ကလေးငယ် တစ်ဦးဟာ မသေဆုံးခင်မှာ သူ့ကို အဓမ္မ ခိုင်းစေခဲ့သူကို ဖော်ထုတ်သွားခဲ့ပါတယ်။