Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စာသင်ကျောင်းတွေ၊ ဆေးရုံတွေကိုပါ ရုရှားစစ်တပ် တိုက်ခိုက်နေတယ်လို့ ယူကရိန်း စွပ်စွဲ

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)ကလည်း ယူကရိန်းမှာ ရှိနေတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဌာနတချို့ တိုက်ခိုက် ခံခဲ့ရကြောင်း အတည်ပြုသွားပါတယ်။ ဒီလို တိုက်ခိုက်မှုတွေကြောင့် သေဆုံး ဒဏ်ရာရမှုတွေ ရှိတယ်လို့လည်း WHOက ပြောပါတယ်။

ရုရှားစစ်တပ်ဟာ စာသင်ကျောင်းတွေ၊ မူကြိုတွေ၊ ဆေးရုံတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း ယူကရိန်း အစိုးရက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ယူကရိန်းကို စတင်ကျူးကျော်ပြီး ၁၀ ရက်ကျော် ကြာမြင့်လာတဲ့ထိ သိသာတဲ့ စစ်ရေး အသာစီးရမှုမျိုး မရှိတဲ့နောက် ရုရှားစစ်တပ်ဟာ ပိုပြီး စည်းလွတ်ဝါးလွတ် ကြမ်းတမ်းလာနေတယ်လို့ ယူကရိန်း ဒုတိယ ဝန်ကြီးချုပ် အိုလ်ဟာ စတီဖာနီရှိုင်ညာက ဆိုပါတယ်။

ယူကရိန်း စစ်တပ်ရဲ့ ကြံ့ကြံ့ခံ တွန်းလှန် တိုက်ပွဲဝင်မှုတွေကြောင့် ထင်တိုင်းမပေါက်တဲ့ ရုရှားစစ်တပ်ဟာ အခုဆိုရင် ယူကရိန်း အရပ်သား ပြည်သူတွေအပေါ် ပိုပြီး မဲလာတယ်လို့ စတီဖာနီရှိုင်ညာက ပြောပါတယ်။ ရုရှားရဲ့ လေကြောင်းနဲ့ ကုန်းကြောင်း တိုက်ခိုက်မှုတွေဟာ အကြမ်းဖက် လုပ်ရပ်တောင် ဆန်လာတယ်လို့ အမျိုးသမီး ဒုတိယ ဝန်ကြီးချုပ်က ဝေဖန်ခဲ့ပါတယ်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)ကလည်း ယူကရိန်းမှာ ရှိနေတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဌာနတချို့ တိုက်ခိုက် ခံခဲ့ရကြောင်း အတည်ပြုသွားပါတယ်။ ဒီလို တိုက်ခိုက်မှုတွေကြောင့် သေဆုံး ဒဏ်ရာရမှုတွေ ရှိတယ်လို့လည်း WHOက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗြိတိန် အစိုးရကလည်း ရုရှားဟာ ယူကရိန်းက မြို့တချို့မှာ ဆေးရုံတွေ၊ ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ရုရှားဟာ ၁၉၉၉ ခုနှစ်တုန်းက ချေချင်းညာနဲ့ ၂၀၁၆ တုန်းက ဆီးရီးယားတို့မှာလည်း ဒီလိုမျိုး အရပ်ဖက် ပစ်မှတ်တွေကို ဖိနှိပ် တိုက်ခိုက်တဲ့ နည်းဗျူဟာမျိုး သုံးစွဲခဲ့တယ်လို့ ဗြိတိန် ထောက်လှမ်းရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အခုဆိုရင် ရုရှားရဲ့ ထိုးစစ်ကြောင့် ယူကရိန်းမှာ စစ်ဘေး တိမ်းရှောင်တဲ့ ပြည်သူ ၁.၅ သန်းကျော် ရှိလာပါပြီ။ ဒါဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဥရောပတိုက်မှာ အဆိုးဆုံး ကြုံရတဲ့ အစုအပြုံလိုက် ဒုက္ခသည်တွေ ရွှေ့ပြောင်းမှု အဖြစ်လည်း မှတ်တမ်း ဝင်လာခဲ့ပါတယ်။

ရုရှားကတော့ သူတို့ဟာ အရပ်သား ပစ်မှတ်တွေကို တိုက်ခိုက်နေကြောင်း စွပ်စွဲချက်တွေကို ငြင်းဆန်ပြီး ယူကရိန်း အစွန်းရောက် အမျိုးသားရေးဝါဒီ အစိုးရ လက်အောက်ခံ တပ်တွေကိုသာ စစ်ဆင်ရေး ဆင်နွှဲနေတာလို့ ကာကွယ် ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ