Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပွဲကို ယူကရိန်း အနိုင်တိုက်နိုင်မယ်လို့ ယုံကြည်ကြောင်း ပင်တဂွန် အရာရှိပြော

ရုရှားဟာ စစ်ပွဲ စတင်ပြီး တစ်လခွဲလောက် ကြာမြင့်လာတဲ့ထိ ယူကရိန်းရဲ့ အဓိက မြို့ကြီးတွေကို မသိမ်းပိုက်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် စစ်ပွဲမှာ အနီးကပ် ညွှန်ကြားနေတဲ့ ဗိုလ်ချုပ်တွေ အပါအဝင် စစ်သည် သောင်းနဲ့ချီ ရုရှားဖက်က ဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။

ရုရှားနဲ့ တိုက်ခိုက်နေတဲ့ စစ်ပွဲမှာ ယူကရိန်းက အနိုင်ရနိုင်တယ်လို့ ယုံကြည်ကြောင်း အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က သဘောထား မှတ်ချက် ပေးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်က ရုရှားရဲ့ ကျူးကျော်စစ်ပွဲ အစပြုလာချိန်မှာ ရုရှားဖက်က တစ်ဖက်သတ် အသာစီး ရလိမ့်မယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ရှိခဲ့ပေမယ့် ယူကရိန်းရဲ့ ကြံ့ကြံ့ခံမှုတွေကြောင့် ရုရှားဟာ မူလ ရည်မှန်းချက်ဖြစ်တဲ့ ကိယက်ဗ်မြို့တော်ကို သိမ်းယူမယ့် ကိစ္စကိုပါ လက်လွှတ်လိုက်ရပါတယ်။

အမေရိကန်ဟာ အနောက်အုပ်စု မဟာမိတ် နိုင်ငံတွေနဲ့အတူ ဒီစစ်ပွဲမှာ ယူကရိန်းကို လက်နက်နဲ့ ငွေကြေးအင်အား အလုံးအရင်း ပံ့ပိုး ကူညီပေးခဲ့ပါတယ်။ ပင်တဂွန်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီက ယူကရိန်းဟာ ရုရှားကို စစ်ပွဲမှာ အနိုင်ရတဲ့ထိ မျှော်လင့်နိုင်ခြေ ရှိနေပြီလို့ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ပြောကြားသွားပါတယ်။

နေ့စဉ်နေ့တိုင်းလိုလို ရလဒ်ပိုင်း အပြောင်းအလဲ အသစ်တွေကို တွေ့နေ မြင်နေရာမှာဖြစ်ကြောင်း၊ ယူကရိန်းဟာ စစ်ပွဲကို သေချာပေါက် အနိုင်ရသွားမယ်လို့ မျှော်လင့်လို့ရကြောင်း ကာဘီက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း စစ်တပ်နဲ့ ပြည်သူ့စစ်တွေဟာ အနောက်အုပ်စုက ပံ့ပိုးတဲ့ ခေတ်မီ စစ်လက်နက်တွေကို အသုံးပြုပြီး ရုရှားတပ်တွေကို အကြိမ်ကြိမ် တွန်းလှန်နိုင်ခဲ့ပါတယ်။ ရုရှားတင့်ကားတွေ၊ ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေ ပစ်ချခံရတဲ့ မှတ်တမ်း ဗီဒီယိုတွေကိုလည်း ယူကရိန်း စစ်ဘက်က ဝါဒဖြန့် ထုတ်လွှင့် ပြသနေပါတယ်။

ရုရှားဟာ စစ်ပွဲ စတင်ပြီး တစ်လခွဲလောက် ကြာမြင့်လာတဲ့ထိ ယူကရိန်းရဲ့ အဓိက မြို့ကြီးတွေကို မသိမ်းပိုက်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် စစ်ပွဲမှာ အနီးကပ် ညွှန်ကြားနေတဲ့ ဗိုလ်ချုပ်တွေ အပါအဝင် စစ်သည် သောင်းနဲ့ချီ ရုရှားဖက်က ဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။