Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေတပ်ရဲ့ အထင်ကရ စစ်သင်္ဘောတစ်စီး နစ်မြုပ်သွားကြောင်း ရုရှားအတည်ပြု

Moskva စစ်သင်္ဘောကြီးပေါ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့ရာက အကြီးအကျယ် ထိခိုက် ပျက်စီးခဲ့ကြောင်း ရုရှားရေတပ်က ကြေညာထားပါတယ်။ ဧပြီ ၁၄ ရက်မှာတော့ လှိုင်းလေထန်လွန်းတဲ့ ပင်လယ်ပြင်မှာ အဲဒီ စစ်သင်္ဘော လုံးဝ နစ်မြုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားရေတပ်ရဲ့ အားအထားရဆုံး စစ်သင်္ဘောကြီးတစ်စီး မီးလောင်ပြီး နစ်မြုပ်သွားတယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

Moskva စစ်သင်္ဘောကြီးပေါ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့ရာက အကြီးအကျယ် ထိခိုက် ပျက်စီးခဲ့ကြောင်း ရုရှားရေတပ်က ကြေညာထားပါတယ်။ ဧပြီ ၁၄ ရက်မှာတော့ လှိုင်းလေထန်လွန်းတဲ့ ပင်လယ်ပြင်မှာ အဲဒီ စစ်သင်္ဘော လုံးဝ နစ်မြုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။

Moskvaဟာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားရဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ပါတယ်။ ယူကရိန်း စစ်တပ်က အဲဒီ ပဲ့ထိန်း ခရုဇ် ဒုံးကျည်တင် စစ်သင်္ဘောကြီးဟာ သူတို့လက်ချက်ကြောင့် ပျက်စီးသွားခဲ့တာလို့ ကြေညာပေမယ့် ရုရှားကတော့ ဒီအချက်ကို ငြင်းပယ်ထားပါတယ်။

ရုရှားရေတပ်ဟာ Moskvaဟာ သင်္ဘောပေါ်မှာ မီးလောင်ရာက ခဲယမ်းမီးကျောက်တွေ ထားတဲ့ အခန်းထိ မီးကူးသွားတာကြောင့် ပေါက်ကွဲ ပျက်စီးခဲ့တာသာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ သင်္ဘောပျက်ကြီးကို ဆိပ်ကမ်းဆီ ပြန်ဆွဲယူဖို့ ကြိုးစားခဲ့ပေမယ့် အခုလိုမျိုး ပင်လယ်ထဲ နစ်မြုပ်သွားခဲ့တာပါ။

Public Service Announcement

Public Service Announcement

ရေတပ်သား ၅၀၀ ကျော် ပါဝင် အမှုထမ်းနေတဲ့ Moskvaဟာ ရုရှားရဲ့ ပင်လယ်နက် ရေတပ်ဖွဲ့ခွဲမှာ အကြီးဆုံး၊ ဂုဏ်အယူရဆုံး စစ်သင်္ဘောကြီး ဖြစ်ပါတယ်။ ပြီးတော့ ရုရှားရေတပ်ရဲ့ အင်အားကို ထင်ဟပ်စေတဲ့ ပြယုဂ်တစ်ခုလို့လည်း ညွှန်းဆို ခံရပါတယ်။

ယူကရိန်းကတော့ Moskvaဟာ သူတို့ပစ်ခတ်ခဲ့တဲ့ ဒုံးကျည် ထိမှန်ခံရတာလို့ တွင်တွင် ပြောဆိုနေပါတယ်။ သင်္ဘော ဘာကြောင့် ပျက်စီးသွားသလဲ ဆိုတာနဲ့ ပတ်သက်လို့ ခိုင်လုံတဲ့ အထောက်အထားတွေတော့ နှစ်ဖက်စလုံးက မပြသနိုင်ခဲ့သေးပါဘူး။

ယူကရိန်းရဲ့ အဆိုအရ စစ်သင်္ဘောကြီးဟာ ယူကရိန်းလုပ် Neptuneဒုံးကျည် ထိမှန်ခံခဲ့ရတာလို့ သိရပါတယ်။ ဒီဒုံးကျည်တွေကို ၂၀၁၄ ခုနှစ်တုန်းက ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားက သိမ်းပိုက်ခဲ့တဲ့ နောက်ပိုင်းကျမှ သုတေသနပြု တီထွင်ထားတာပါ။

Moskvaကို ဆိုဗီယက် ပြည်ထောင်စုခေတ်၊ ၁၉၈၀ ပြည့်လွန် အစောပိုင်းနှစ်တွေမှာ တည်ဆောက်ခဲ့တာပါ။ ဒီသင်္ဘောကြီးကို အဆင့်မြှင့် မွမ်းမံမှုတွေ ပြုလုပ်ပြီး ရုရှားရေတပ်မှာ ဆက်လက် သုံးစွဲနေခဲ့တာ ဖြစ်ပါတယ်။ Moskvaဟာ စစ်ပွဲစတင်တဲ့နောက် ယူကရိန်းတောင်ပိုင်းက မိုင်ကိုလေ့ဗ်မြို့ကို ရောက်ရှိခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

တကယ်လို့ တန်ချိန် ၁၂၄၉၀ လေးလံတဲ့ သင်္ဘောကြီးသာ ယူကရိန်းဒုံးကျည်ကြောင့် နစ်မြုပ်ခဲ့တာမှန်ရင် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ရန်သူတိုက်ခိုက်မှုကြောင့် ဆုံးရှုံးတဲ့ အကြီးမားဆုံး စစ်သင်္ဘော အနေနဲ့ မှတ်တမ်း ဝင်လာမှာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူမြို့ နဲ့ ဗန်းမော်မြို့ကြား စစ်တပ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောတွေပေါ်ကနေ ရေထဲမျောပါနေသူတွေကို လိုက်လံရှာဖွေကယ်တင်ခဲ့တာမှာ စစ်တပ်သင်္ဘော​ပေါ်က​နေ ဧရာဝတီမြစ်ထဲ​မျောပါပြီ မြစ်ကမ်း​ဘေးမှာ နှစ်ပါတ်​ကျော် အစာမစားရတဲ့ စစ်တပ်မိသားစုဝင်က​​လေးငယ်တဦးကိုကယ်တင်ခဲ့ပါတယ် ။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

သတင်း

စစ်သင်္ဘော ၈စီး ထိခိုက်အောင် တိုက်ခိုက်ထားပြီး တချို့နစ်မြုပ်၊ သင်္ဘော ၂စီး ရွှေကူဘက် ပြန်လှည့်သွား