Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရေတပ်ရဲ့ အထင်ကရ စစ်သင်္ဘောတစ်စီး နစ်မြုပ်သွားကြောင်း ရုရှားအတည်ပြု

Moskva စစ်သင်္ဘောကြီးပေါ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့ရာက အကြီးအကျယ် ထိခိုက် ပျက်စီးခဲ့ကြောင်း ရုရှားရေတပ်က ကြေညာထားပါတယ်။ ဧပြီ ၁၄ ရက်မှာတော့ လှိုင်းလေထန်လွန်းတဲ့ ပင်လယ်ပြင်မှာ အဲဒီ စစ်သင်္ဘော လုံးဝ နစ်မြုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားရေတပ်ရဲ့ အားအထားရဆုံး စစ်သင်္ဘောကြီးတစ်စီး မီးလောင်ပြီး နစ်မြုပ်သွားတယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

Moskva စစ်သင်္ဘောကြီးပေါ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့ရာက အကြီးအကျယ် ထိခိုက် ပျက်စီးခဲ့ကြောင်း ရုရှားရေတပ်က ကြေညာထားပါတယ်။ ဧပြီ ၁၄ ရက်မှာတော့ လှိုင်းလေထန်လွန်းတဲ့ ပင်လယ်ပြင်မှာ အဲဒီ စစ်သင်္ဘော လုံးဝ နစ်မြုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။

Moskvaဟာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားရဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ပါတယ်။ ယူကရိန်း စစ်တပ်က အဲဒီ ပဲ့ထိန်း ခရုဇ် ဒုံးကျည်တင် စစ်သင်္ဘောကြီးဟာ သူတို့လက်ချက်ကြောင့် ပျက်စီးသွားခဲ့တာလို့ ကြေညာပေမယ့် ရုရှားကတော့ ဒီအချက်ကို ငြင်းပယ်ထားပါတယ်။

ရုရှားရေတပ်ဟာ Moskvaဟာ သင်္ဘောပေါ်မှာ မီးလောင်ရာက ခဲယမ်းမီးကျောက်တွေ ထားတဲ့ အခန်းထိ မီးကူးသွားတာကြောင့် ပေါက်ကွဲ ပျက်စီးခဲ့တာသာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ သင်္ဘောပျက်ကြီးကို ဆိပ်ကမ်းဆီ ပြန်ဆွဲယူဖို့ ကြိုးစားခဲ့ပေမယ့် အခုလိုမျိုး ပင်လယ်ထဲ နစ်မြုပ်သွားခဲ့တာပါ။

Public Service Announcement

Public Service Announcement

ရေတပ်သား ၅၀၀ ကျော် ပါဝင် အမှုထမ်းနေတဲ့ Moskvaဟာ ရုရှားရဲ့ ပင်လယ်နက် ရေတပ်ဖွဲ့ခွဲမှာ အကြီးဆုံး၊ ဂုဏ်အယူရဆုံး စစ်သင်္ဘောကြီး ဖြစ်ပါတယ်။ ပြီးတော့ ရုရှားရေတပ်ရဲ့ အင်အားကို ထင်ဟပ်စေတဲ့ ပြယုဂ်တစ်ခုလို့လည်း ညွှန်းဆို ခံရပါတယ်။

ယူကရိန်းကတော့ Moskvaဟာ သူတို့ပစ်ခတ်ခဲ့တဲ့ ဒုံးကျည် ထိမှန်ခံရတာလို့ တွင်တွင် ပြောဆိုနေပါတယ်။ သင်္ဘော ဘာကြောင့် ပျက်စီးသွားသလဲ ဆိုတာနဲ့ ပတ်သက်လို့ ခိုင်လုံတဲ့ အထောက်အထားတွေတော့ နှစ်ဖက်စလုံးက မပြသနိုင်ခဲ့သေးပါဘူး။

ယူကရိန်းရဲ့ အဆိုအရ စစ်သင်္ဘောကြီးဟာ ယူကရိန်းလုပ် Neptuneဒုံးကျည် ထိမှန်ခံခဲ့ရတာလို့ သိရပါတယ်။ ဒီဒုံးကျည်တွေကို ၂၀၁၄ ခုနှစ်တုန်းက ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားက သိမ်းပိုက်ခဲ့တဲ့ နောက်ပိုင်းကျမှ သုတေသနပြု တီထွင်ထားတာပါ။

Moskvaကို ဆိုဗီယက် ပြည်ထောင်စုခေတ်၊ ၁၉၈၀ ပြည့်လွန် အစောပိုင်းနှစ်တွေမှာ တည်ဆောက်ခဲ့တာပါ။ ဒီသင်္ဘောကြီးကို အဆင့်မြှင့် မွမ်းမံမှုတွေ ပြုလုပ်ပြီး ရုရှားရေတပ်မှာ ဆက်လက် သုံးစွဲနေခဲ့တာ ဖြစ်ပါတယ်။ Moskvaဟာ စစ်ပွဲစတင်တဲ့နောက် ယူကရိန်းတောင်ပိုင်းက မိုင်ကိုလေ့ဗ်မြို့ကို ရောက်ရှိခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

တကယ်လို့ တန်ချိန် ၁၂၄၉၀ လေးလံတဲ့ သင်္ဘောကြီးသာ ယူကရိန်းဒုံးကျည်ကြောင့် နစ်မြုပ်ခဲ့တာမှန်ရင် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ရန်သူတိုက်ခိုက်မှုကြောင့် ဆုံးရှုံးတဲ့ အကြီးမားဆုံး စစ်သင်္ဘော အနေနဲ့ မှတ်တမ်း ဝင်လာမှာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစောပိုင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားတပ်တွေဟာ အက်ဗ်ဒစ်ဗ်ကာ မြောက်ဖက် ၁၀ ကီလိုမီတာ အကွာမှာရှိတဲ့ နိုဗိုဘက်ခ်မူတစ်ဗ်ကာ ကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။