Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဖိအားတွေ ကြုံနေရတဲ့ သီရိလင်္ကာ သမ္မတက အစိုးရသစ် ဖွဲ့စည်းကြောင်း ကြေညာ

ပြည်တွင်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေချိန် ရာဂျာပက်ခ်ဆာက အတိုက်အခံတွေကိုပါ ဖိတ်ခေါ်ပြီး ညီညွတ်ရေး ညွန့်ပေါင်း အစိုးရတစ်ရပ် ဖွဲ့စည်းဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပြိုင်ဘက် ပါတီတွေက ငြင်းဆန်ခဲ့ကြပါတယ်။

ကြွေးမြီ ဖိစီးမှုတွေအပြင် ဘက်ပေါင်းစုံ ဖိအားတွေနဲ့ ကြုံနေရတဲ့ သီရိလင်္ကာ သမ္မတဟာ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းကြောင်း ကြေညာလိုက်ပါတယ်။

ဂိုတာဘာယာ ရာဂျာပက်ခ်ဆာက သမ္မတ ရာထူးက နုတ်ထွက်ပေးဖို့ ပြည်သူလူထုရဲ့ တောင်းဆိုမှုတွေကို မျက်ကွယ်ပြုပြီး အစိုးရသစ် တစ်ရပ်ကိုပဲ ပြောင်းလဲ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။ အရင်က အစုလိုက် နုတ်ထွက်သွားတဲ့ အစိုးရ အဖွဲ့ဟောင်းမှာ သူ့ရဲ့ ဆွေမျိုးသားချင်းတချို့ ပါခဲ့ပေမယ့် အစိုးရသစ် ဝန်ကြီး ၁၇ ဦး စာရင်းမှာတော့ အဲဒီလို အခြေအနေမျိုး မတွေ့ရတော့ပါဘူး။

ပြည်တွင်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေချိန် ရာဂျာပက်ခ်ဆာက အတိုက်အခံတွေကိုပါ ဖိတ်ခေါ်ပြီး ညီညွတ်ရေး ညွန့်ပေါင်း အစိုးရတစ်ရပ် ဖွဲ့စည်းဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပြိုင်ဘက် ပါတီတွေက ငြင်းဆန်ခဲ့ကြပါတယ်။

အာရှတောင်ပိုင်းက ကျွန်းနိုင်ငံငယ်ဟာ လွတ်လပ်ရေး ရခဲ့တဲ့ ၁၉၄၈ ခုနှစ်ကစလို့ အဆိုးရွားဆုံး ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ကြုံနေရပါတယ်။ သီရိလင်္ကာ အစိုးရဟာ နိုင်ငံခြားငွေ သိုလှောင်စုဆောင်းမှု ပြတ်လပ်သွားတာကြောင့် သွင်းကုန်ကဏ္ဍကို လျှော့ချခဲ့ရပြီး ပြည်တွင်းမှာလည်း နေ့တိုင်း လျှပ်စစ်မီး အချိန်အကြာကြီး ပြတ်တောက်တာမျိုးတွေ ကြုံနေရပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ သီရိလင်္ကာ အစိုးရဟာ ဒေဝါလီခံလိုက်ပြီး ပြည်ပ ကြွေးမြီတွေ ပြန်ဆပ်မယ့် အစီအစဉ်ကို ယာယီ ဆိုင်းငံ့ထားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီအခြေအနေက ပြည်တွင်းရေး မတည်ငြိမ်မှုတွေကို ပိုမို ဆိုးရွားသွားစေပါတယ်။

မကြာသေးခင်က သီရိလင်္ကာ အစိုးရအဖွဲ့ဝင် ဝန်ကြီးအားလုံး နုတ်ထွက်သွားပေမယ့် ရာဂျာပက်ခ်ဆာက သမ္မတ ရာထူးကို ဆက်ပြီး ရယူထားတာကြောင့် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။ အခုအခါ သူဦးဆောင်တဲ့ အစိုးရသစ်ကို ထပ်ဖွဲ့လိုက်ပြန်တာကြောင့် ဆန္ဒပြ ပြည်သူတွေ တောင်းဆိုနေတဲ့ ရာထူးစွန့်လွှတ်ရေး ကိစ္စကို ရာဂျာပက်ခ်ဆာ အနေနဲ့ လိုက်လျောဖို့ အစီအစဉ် မရှိကြောင်း မြင်သာလာစေပါတယ်။

သီရိလင်္ကာမှာ ဆန္ဒပြမှုတွေ စတင်ပေါ်ပေါက်လာချိန်က ရာဂျာပက်ခ်ဆာဟာ ညမထွက်ရ အမိန့်ထုတ်၊ အရေးပေါ် အခြေအနေ ကြေညာခဲ့တဲ့အပြင် လူမှုကွန်ရက် သုံးစွဲခွင့်တွေကိုပါ ပိတ်ပင်လိုက်ပါတယ်။ ဒါပေမဲ့လည်း ဒီအစီအစဉ်တွေက အလုပ်မဖြစ်တဲ့အပြင် လူထုအုံကြွမှုကို ပိုမို ဆိုးရွားလာစေတဲ့နောက် အမိန့်တွေ အားလုံးကို ပြန်ရုပ်သိမ်းခဲ့ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

ဇီလန်စကီးဟာ ဇာလုဇ်ညီကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ယူကရိန်း စစ်တပ်ရဲ့ ရာထူးအကြီးဆုံး ဗိုလ်ချုပ်ကြီးက ငြင်းဆိုခဲ့တာကြောင့် ထုတ်ပယ်ခံရတဲ့ ခါးသီးတဲ့ လမ်းခွဲမှုမျိုးဆီ ဦးတည်လာနေတာလို့ ဆိုပါတယ်။