Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တစ်နှစ်အတွင်း ဝန်ကြီးချုပ်သစ် အပြောင်းအလဲ ဖြစ်ခဲ့ပြန်တဲ့ အစ္စရေး

လာပစ်ဒ်ဟာ ယာယီ ဝန်ကြီးချုပ် သဘောမျိုး ဇူလိုင် ၁ ရက်မှာ စတင် တာဝန်ယူပြီး နိုဝင်ဘာ ၁ ရက်မှာတော့ အစ္စရေး ရွေးကောက်ပွဲ အသစ်ကို ကျင်းပမှာ ဖြစ်ပါတယ်။ ဘန်းနက်ကတော့ သူဟာ အဲဒီ ရွေးကောက်ပွဲမှာ မယှဉ်ပြိုင်တော့ဖို့ ဆုံးဖြတ်ထားကြောင်း အတည်ပြုခဲ့ပါတယ်။

တစ်နှစ်အတွင်း ဝန်ကြီးချုပ်သစ် အပြောင်းအလဲ ဖြစ်ခဲ့ပြန်တဲ့ အစ္စရေး
တစ်နှစ်အတွင်း ဝန်ကြီးချုပ်သစ် အပြောင်းအလဲ ဖြစ်ခဲ့ပြန်တဲ့ အစ္စရေး

တစ်နှစ်လောက် အချိန်အတွင်းမှာပဲ အစ္စရေးမှာ ဝန်ကြီးချုပ် အပြောင်းအလဲ ဖြစ်ခဲ့ပြီး ယဲလာပစ်ဒ်က နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် ဖြစ်လာခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း နက်ဖ်တာလီ ဘန်းနက် ဦးဆောင်နေတဲ့ ညွန့်ပေါင်း အစိုးရ အဖွဲ့ထဲမှာ နိုင်ငံရေး မဟာမိတ်တွေကြား သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့တဲ့နောက် မကြာသေးခင်က အစိုးရအဖွဲ့ ပြိုကွဲသွားခဲ့ပါတယ်။ အခုအခါမှာတော့ ဆန်းထရစ် ပါတီရဲ့ အကြီးအကဲဖြစ်တဲ့ လာပစ်ဒ်က ဝန်ကြီးချုပ် ရာထူးကို လက်လွှဲ ယူလိုက်ပါပြီ။ ဘန်းနက်ဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်မှ ဝန်ကြီးချုပ်သစ် ဖြစ်ခဲ့သူပါ။

ဘန်းနက်နဲ့ လာပစ်ဒ်တို့ဟာ ညွန့်ပေါင်း အစိုးရဖွဲ့ဖို့ ညှိနှိုင်းခဲ့ချိန်က အလှည့်ကျ ဝန်ကြီးချုပ်တွေအဖြစ် တာဝန်ယူဖို့ သဘောတူထားခဲ့ကြပါတယ်။ မူလက ဘန်းနက်ဟာ ၂၀၂၃ ခုနှစ်ထိ ဝန်ကြီးချုပ် ရာထူး ရယူထားဖို့ ရည်ရွယ်ပေမယ့် ပြောင်းလဲလာတဲ့ အခြေအနေတွေကြောင့် လာပစ်ဒ်ကို ရာထူး လွှဲပေးခဲ့ရတာ ဖြစ်ပါတယ်။

လာပစ်ဒ်ဟာ ယာယီ ဝန်ကြီးချုပ် သဘောမျိုး ဇူလိုင် ၁ ရက်မှာ စတင် တာဝန်ယူပြီး နိုဝင်ဘာ ၁ ရက်မှာတော့ အစ္စရေး ရွေးကောက်ပွဲ အသစ်ကို ကျင်းပမှာ ဖြစ်ပါတယ်။ ဘန်းနက်ကတော့ သူဟာ အဲဒီ ရွေးကောက်ပွဲမှာ မယှဉ်ပြိုင်တော့ဖို့ ဆုံးဖြတ်ထားကြောင်း အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေး နိုင်ငံရေး အခြေအနေတွေက ရှုပ်ထွေးနေပြီး တစ်ချိန်တည်းမှာပဲ ဘန်းနက် မတိုင်ခင် ဝန်ကြီးချုပ်ဟောင်း ဘင်ဂျမင် နေတန်ညာဟုကလည်း သူ့ရဲ့ နေရာဟောင်းဆီ ရောက်အောင် ပြန်လာမယ်လို့ ကြုံးဝါးနေပါတယ်။ အစ္စရေးနိုင်ငံ သမိုင်းမှာ သက်တမ်း အရှည်ဆုံး ဝန်ကြီးချုပ်အဖြစ် စံချိန်တင်ထားတဲ့ နေတန်ညာဟုဟာ လက်ရှိ လွှတ်တော်ထဲမှာ အင်အား အကြီးဆုံး အတိုက်အခံ အနေနဲ့ အစိုးရကို ဆက်တိုက် ဖိအားပေး စိန်ခေါ်နေနိုင်ဆဲပါ။

အစ္စရေးဟာ ၂၀၁၉ ခုနှစ်၊ ဧပြီလကစလို့ ဝန်ကြီးချုပ် ရာထူးအတွက် ရွေးကောက်ပွဲတွေ အကြိမ်ကြိမ် ကျင်းပနေခဲ့ရပြီး ဘယ်နိုင်ငံရေး အင်အားစုကမှ သောင်ပြိုကမ်းပြို ရလဒ်နဲ့ အနိုင်ရတာမျိုး မရှိခဲ့ပါဘူး။ ဒါကြောင့် ညွန့်ပေါင်း အစိုးရတွေ ဖွဲ့စည်းလိုက်၊ ပြဿနာတက်ပြီး ပြိုကွဲလိုက်နဲ့ သံသရာ လည်နေပါတယ်။ အသက် ၅၈ နှစ်အရွယ် ရုပ်မြင်သံကြား အစီအစဉ်မှူးဟောင်း လာပစ်ဒ်ဟာ နေတန်ညာဟုရဲ့ အာဏာစက် ကြီးစိုးမှုကို ဆုံးခန်းတိုင်စေခဲ့တဲ့ ညွန့်ပေါင်း မဟာမိတ် အင်အားစုကို အဓိက ဦးဆောင် ဖွဲ့စည်းပေးခဲ့သူလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ခိုက်မှုတွေကို ဆက်မလုပ်ဘဲ ရပ်နားထားမယ်လို့ အစ္စရေးနဲ့ အီရန်က အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အပစ်ရပ်ထားတဲ့ ကာလအတွင်း အစ္စရေးနဲ့ အီရန်ကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ပထမဆုံးအကြိမ် ပြန်လည် ဖြစ်ပွားလာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးစစ်တပ် (IDF)ရဲ့ တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးချုပ်တစ်ဦး အပါအဝင် လက်ဘနွန် စစ်သားတွေ သေဆုံးခဲ့ကြောင်း သိရပါတယ်။