Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သမ္မတ အိမ်တော်ကို သီရိလင်္ကာ ဆန္ဒပြသူတွေ စီးနင်း၊ သမ္မတ ထွက်ပြေးနေရ

သမ္မတ အိမ်တော် စီးနင်းမှု ဖြစ်စဉ်အတွင်း လူ ၃၄ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရခဲ့ပြီး ၂ ယောက်ရဲ့ အခြေအနေက စိုးရိမ်ရကြောင်း ကိုလံဘို အမျိုးသား ဆေးရုံရဲ့ အမည်မဖော်ပြတဲ့ ကျန်းမာရေး ဝန်ထမ်း တစ်ယောက်က AFPကို အသိပေး ပြောဆိုသွားခဲ့ပါတယ်။

သမ္မတ အိမ်တော်ကို သီရိလင်္ကာ ဆန္ဒပြသူတွေ စီးနင်း၊ သမ္မတ ထွက်ပြေးနေရ
သမ္မတ အိမ်တော်ကို သီရိလင်္ကာ ဆန္ဒပြသူတွေ စီးနင်း၊ သမ္မတ ထွက်ပြေးနေရ

သီရိလင်္ကာ နိုင်ငံမှာ ဘက်ပေါင်းစုံ ကျပ်တည်းမှုတွေ ဒဏ်ကို သည်းမခံနိုင်တော့တဲ့ ပြည်သူတွေက သမ္မတ အိမ်တော်ကို ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ပြီး သမ္မတပါ ထွက်ပြေးနေရပါတယ်။

သီရိလင်္ကာ အစိုးရဟာ ကြွေးမြီ အလုံးအရင်း ဖိစီးမှုတွေကြောင့် ဒေဝါလီ ခံရမယ့် အခြေအနေ ကြုံနေပြီး နိုင်ငံခြားငွေ လက်ဝယ် မရှိတော့တာကြောင့် လောင်စာဆီ အပါအဝင် သွင်းကုန်တွေလည်း မဝယ်ယူနိုင်တော့ပါဘူး။ ပြည်တွင်းမှာ စက်သုံးဆီ အရမ်းနည်းနေသလို စားသောက်ကုန် စျေးနှုန်းတွေ မြင့်တက်မှု၊ ဆေးဝါး ရှားပါးမှု၊ ငွေကြေး ဖောင်းပွမှုတွေကိုလည်း ပြည်သူတွေ အလူးအလဲ ခံစားနေရပါတယ်။

ပြည်သူ ၂၂ သန်းလောက်ရှိတဲ့ ကျွန်းနိုင်ငံငယ်ဟာ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေး ရခဲ့တဲ့နောက်ပိုင်း သမိုင်းတလျှောက် အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီပြဿနာတွေ အားလုံးရဲ့ အရင်းအမြစ်ဟာ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ခ်ဆာ ဦးဆောင်တဲ့ အစိုးရရဲ့ ညံ့ဖျင်းမှုတွေအဖြစ် ပြည်သူတွေက ရှုမြင်ကြသလို ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မြို့ကြီးတွေမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

သမ္မတ ရာဂျာပက်ခ်ဆာဟာ အစိုးရ အဖွဲ့ကို ပြောင်းလဲ ဖွဲ့စည်းပေးပေမယ့် ရာထူးက နုတ်ထွက်ပေးဖို့ကိုတော့ အကြိမ်ကြိမ် ငြင်းဆိုနေခဲ့ပါတယ်။ ဇူလိုင် ၉ ရက်မှာတော့ ထောင်နဲ့ချီ များပြားတဲ့ ဆန္ဒပြသူတွေဟာ စီးပွားရေးမြို့တော် ကိုလံဘိုမှာ ရှိနေတဲ့ သမ္မတ အိမ်တော်ထဲ ကျူးကျော် ဝင်ရောက်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဒေါသထွက်နေတဲ့ လူစုလူဝေးကြီးဟာ ရဲတွေ ချထားတဲ့ အတားအဆီးတွေကို ဖယ်ရှားပြီး အိမ်တော်ဝင်းထဲထိ ရောက်လာတဲ့နောက် သမ္မတ ရာဂျာပက်ခ်ဆာဟာ အသည်းအသန် တိမ်းရှောင် ထွက်ပြေးသွားရကြောင်း သိရပါတယ်။ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပဋိပက္ခ ဖြစ်ကြရာက နှစ်ဖက်စလုံးမှာ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

အခြေအနေတွေ တင်းမာလာတဲ့နောက် သမ္မတကို ဘေးလွတ်ရာဆီ ခြံရံ ပို့ဆောင်ပေးခဲ့ကြောင်း၊ သူ့ကို သီရိလင်္ကာ စစ်တပ်က အကာအကွယ် ပေးထားကြောင်း အမည်ဖော်မပြတဲ့ လုံခြုံရေး အရာရှိ တစ်ယောက်က AFP သတင်းဌာနကို ပြောပါတယ်။

ဒီအတောအတွင်း သီရိလင်္ကာ ဝန်ကြီးချုပ် ရာနေးလ် ဝစ်ခ်ရမ်ဆင်ဟီက လက်ရှိ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အစိုးရအဖွဲ့ အရေးပေါ် အစည်းအဝေး ခေါ်ယူသင့်ကြောင်း လွှတ်တော်မှာ တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။ လောလောဆယ် သူကိုယ်တိုင်ကလည်း လုံခြုံရေး အရာရှိတွေရဲ့ အကြံပေးချက်အရ နေရာပြောင်းရွှေ့ နေထိုင်နေရပါတယ်။

သမ္မတ အိမ်တော် စီးနင်းမှု ဖြစ်စဉ်အတွင်း လူ ၃၄ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရခဲ့ပြီး ၂ ယောက်ရဲ့ အခြေအနေက စိုးရိမ်ရကြောင်း ကိုလံဘို အမျိုးသား ဆေးရုံရဲ့ အမည်မဖော်ပြတဲ့ ကျန်းမာရေး ဝန်ထမ်း တစ်ယောက်က AFPကို အသိပေး ပြောဆိုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မေလရဲ့ ပထမဆုံး သီတင်းပတ်မှာတင် အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်)နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နိုင်ငံခြားသား ၂၆၀ ကျော်ကို သီရိလင်္ကာက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်ချေးငွေနဲ့ တည်ဆောက်ခဲ့ပြီး ဆိုးဆိုးရွားရွား အရှုံးပေါ်နေတဲ့ လေဆိပ်တစ်ခုကို ရောင်းချနိုင်ဖို့ သီရိလင်္ကာ အစိုးရက ဝယ်လိုက်တွေ လိုက်ရှာနေပါတယ်။

နိုင်ငံတကာ

သူတက်ရောက်မယ့် ညစာစားပွဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူရွေးချယ်ထားတဲ့ ဘဝမှာ စွန့်စားရတာ၊ အန္တရာယ် ကြုံတာတွေ ရှိနိုင်တာကို သိထားကြောင်း ပြောကြားခဲ့ပါတယ်။

သတင်း

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပေါ်၌သာ ဆက်လက် သစ္စာစောင့်သိနေဆဲဖြစ်ကြောင်း CDMနိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ပူးတွဲထုတ်ပြန်ခဲ့ပြီး သမ္မတ ဦးဝင်းမြင့်အနေနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး နိုင်ငံတော်အကျိုး ဆက်လက်သယ်ပိုးနိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။