Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင်ကို လှောင်ပြောင်ပြီး ရုရှားနယ်မြေတစ်ခုကို ချက်နိုင်ငံ ပိုင်နက်ထဲ သိမ်းသွင်းဖို့ လူထုဆန္ဒ ခံယူပွဲပြုလုပ်

ရုရှားရဲ့ လုပ်ရပ်ကို နိုင်ငံတကာက အသိအမှတ် မပြုသလို အနောက်မဟာမိတ် နိုင်ငံတွေနဲ့ ယူကရိန်း အစိုးရက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။ ကုလသမဂ္ဂကလည်း ရုရှားရဲ့ လုပ်ရပ်ဟာ တရားမဝင်သလို တင်းမာမှုတွေကို ပိုမို ဆိုးရွားစေလိမ့်မယ်လို့ ဝေဖန်ခဲ့ပါတယ်။

ပူတင်ကို လှောင်ပြောင်ပြီး ရုရှားနယ်မြေတစ်ခုကို ချက်နိုင်ငံ ပိုင်နက်ထဲ သိမ်းသွင်းဖို့ လူထုဆန္ဒ ခံယူပွဲပြုလုပ်
ပူတင်ကို လှောင်ပြောင်ပြီး ရုရှားနယ်မြေတစ်ခုကို ချက်နိုင်ငံ ပိုင်နက်ထဲ သိမ်းသွင်းဖို့ လူထုဆန္ဒ ခံယူပွဲပြုလုပ်

ယူကရိန်း နယ်မြေ ၄ ခုကို ပိုင်နက်အဖြစ် သွတ်သွင်းတဲ့ ရုရှားရဲ့ လုပ်ရပ်ကို လှောင်ပြောင်ပြီး ချက်နိုင်ငံမှာလည်း ရုရှားပိုင်နက်ကို သိမ်းသွမ်းဖို့ လူထုဆန္ဒ ခံယူပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ရုရှားစစ်တပ်နဲ့ ရုရှားမဟာမိတ် ခွဲထွက်ရေး သူပုန်တွေ ထိန်းချုပ်ထားရာ ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်း နယ်မြေ ၄ ခုမှာ လူထုဆန္ဒ ခံယူပွဲတွေ ကျင်းပပြီး ပြည်သူ့ဆန္ဒနဲ့အညီ အဲဒီ နယ်မြေတွေကို ရုရှားရဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်ကြောင်း သမ္မတ ဗလာဒီမာ ပူတင်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကြေညာခဲ့ပါတယ်။

ရုရှားရဲ့ လုပ်ရပ်ကို နိုင်ငံတကာက အသိအမှတ် မပြုသလို အနောက်မဟာမိတ် နိုင်ငံတွေနဲ့ ယူကရိန်း အစိုးရက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။ ကုလသမဂ္ဂကလည်း ရုရှားရဲ့ လုပ်ရပ်ဟာ တရားမဝင်သလို တင်းမာမှုတွေကို ပိုမို ဆိုးရွားစေလိမ့်မယ်လို့ ဝေဖန်ခဲ့ပါတယ်။

ရုရှားရဲ့ လုပ်ရပ်ကို လှောင်ပြောင်တဲ့ အနေနဲ့ ရုရှားမြောက်ပိုင်းက ကာလင်နင်ဂရက်ဒ် ဒေသဟာ ချက်နိုင်ငံရဲ့ အစိတ်အပိုင်း ဖြစ်သင့် မဖြစ်သင့် Twitterပေါ်မှာ လူထုဆန္ဒ ခံယူပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် ဆန္ဒမဲ ကောက်ယူတဲ့ Twitter အကောင့်က ကာလင်နင်ဂရက်ဒ် ပြည်သူအားလုံးရဲ့ ၉၇.၉ ရာခိုင်နှုန်းက ချက်နိုင်ငံနဲ့ ပူးပေါင်းဖို့ မဲပေးတာကြောင့် အခုဆိုရင် ချက်နိုင်ငံရဲ့ ပိုင်နက် ဖြစ်သွားပြီလို့ ကြေညာခဲ့ပါတယ်။ နောက်ပြီး ချက်နိုင်ငံပိုင် ဖြစ်လာတဲ့အတွက် ကာလင်နင်ဂရက်ဒ်ရဲ့ နာမည်ကို ကရာလိုဗက်လို့ ပြောင်းလဲကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ Twitter အကောင့်က ချက်အစိုးရဟာ ကာလင်နင်ဂရက်ဒ် သိမ်းသွင်းမှု အက်ဥပဒေကို အောက်တိုဘာ ၄ ရက်မှာ လက်မှတ် ရေးထိုးခဲ့တယ်လို့လည်း ခပ်တည်တည် ကြေညာထားပါသေးတယ်။ တစ်နည်းအားဖြင့် ပူတင်ရဲ့ လုပ်ပုံလုပ်နည်း အားလုံးကို အတုယူပြီး လှောင်ပြောင်ထားတဲ့ သဘောပါပဲ။

ပိုလန်အခြေစိုက် ဝက်ဘ်ဆိုက် တစ်ခုကလည်း ဒီနယ်မြေဟာ ပိုလန်နဲ့လည်း သက်ဆိုင်တာကြောင့် တစ်ဝက်စီ ခွဲယူသင့်တယ်လို့ ခပ်တည်တည်နဲ့ အရွှန်းဖောက်ထားပါတယ်။ Twitter သုံးစွဲသူတွေက ချက်ရော၊ ပိုလန်ပါ NATO မဟာမိတ် အဖွဲ့ဝင်တွေ ဖြစ်တာကြောင့် အခုကိစ္စအတွက် ရန်မဖြစ်ဘဲ ညှိညှိနှိုင်းနှိုင်း ဆွေးနွေးကြဖို့ ဖြန်ဖြေထားကြတာလည်း တွေ့ရပါတယ်။

တစ်နည်းအားဖြင့် ရုရှားရဲ့ တရားဥပဒေနဲ့ မညီတဲ့၊ နိုင်ငံတကာက အသိအမှတ် မပြုတဲ့ နယ်မြေသိမ်းသွင်းမှုကို Twitterသုံးစွဲတဲ့ အသိုက်အဝန်း တစ်ခုက တက်ညီလက်ညီ ဝိုင်းဝန်း လှောင်ပြောင်ထားတဲ့ သဘောပါပဲ။

ချက်အစိုးရဟာ ယူကရိန်း ကျူးကျော်စစ် စတင်လာချိန် ကတည်းက ရုရှားရဲ့ ခြိမ်းခြောက်မှုကို ပိုပြီး ထဲထဲဝင်ဝင် ကာကွယ်နိုင်ဖို့ ကြိုးစားနေပါတယ်။ အစောပိုင်းမှာ ချက်ကာကွယ်ရေး ဝန်ကြီးဌာနက အမေရိကန်ရဲ့ F-35 အဆင့်မြင့် တိုက်လေယာဉ်တွေ ဝယ်ယူရေးကိစ္စကို အရှိန်မြှင့် ဆွေးနွေးနေတယ်လို့ ကြေညာခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဆိုက်ဘေးရီးယား ဒေသမှာ လေ့ကျင့်ပျံသန်းနေရင်း ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

၂၀၃၆ ခုနှစ်ထိ သမ္မတ ရာထူးကို ဆက်လက် တာဝန်ယူမလားဆိုတဲ့ မေးခွန်းကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရှောင်လွှဲ ဖြေဆိုသွားခဲ့ပါတယ်။