Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မတော်တဆမှုကြောင့် Avengers မင်းသား အပြင်းအထန် ဒဏ်ရာရ

အသက် ၅၁ နှစ်အရွယ် ရန်နာဟာ နီဗားဒါး ပြည်နယ်က ဝါရှူးဒေသမှာ အိမ်တစ်လုံး ပိုင်ဆိုင်ပြီး မိသားစုနဲ့ အခြေချ နေထိုင်နေတာ အတော်ကြာပါပြီ။ ဒါပေမဲ့ အခု မတော်တဆမှု ဖြစ်တာက ဘယ်နေရာမှာလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မတော်တဆမှုကြောင့် Avengers မင်းသား အပြင်းအထန် ဒဏ်ရာရ
မတော်တဆမှုကြောင့် Avengers မင်းသား အပြင်းအထန် ဒဏ်ရာရ

ဟောလိဝုဒ် အက်ရှင်မင်းသား ဂျရမီ ရန်နာဟာ နှစ်သစ်ကူး ကာလမှာ မတော်တဆ ဖြစ်ရာက အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

အသက် ၅၁ နှစ်အရွယ် ရန်နာဟာ Marvelရဲ့ Avengers ရုပ်ရှင်တွေမှာ စူပါဟီးရိုးဇာတ်ရုပ် Hawkeyeအဖြစ် လူသိများတဲ့သူပါ။ ဇန်နဝါရီ ၁ ရက်က ရန်နာဟာ နှင်းတွေရှင်းရင်း မတော်တဆမှုဖြစ်ပြီး ဒဏ်ရာ အပြင်းအထန် ရသွားတယ်လို့ သူ့ရဲ့ ကိုယ်စားလှယ်တွေက ပြောပါတယ်။ ရန်နာဟာ ဆေးရုံတက်နေရပြီး ဒဏ်ရာက ပြင်းထန်ပေမယ့် အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့ ဆိုပါတယ်။

အသက် ၅၁ နှစ်အရွယ် ရန်နာဟာ နီဗားဒါး ပြည်နယ်က ဝါရှူးဒေသမှာ အိမ်တစ်လုံး ပိုင်ဆိုင်ပြီး မိသားစုနဲ့ အခြေချ နေထိုင်နေတာ အတော်ကြာပါပြီ။ ဒါပေမဲ့ အခု မတော်တဆမှု ဖြစ်တာက ဘယ်နေရာမှာလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နီဗားဒါးပြည်နယ် မြောက်ပိုင်းမှာ နှင်းမုန်တိုင်းတွေ အပြင်းအထန် တိုက်ခတ်ပြီး ဆီးနှင်းတွေ ထူထူထပ်ထပ် ကျဆင်းခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ရန်နာဟာ Avenger ဇာတ်ကားတွေမှာ လူသိများတယ် ဆိုပေမယ့် တခြားရုပ်ရှင်တွေမှာ သရုပ်ဆောင်ရင်း အော်စကာဆုအတွက် နှစ်ကြိမ်တိုင် ဆန်ခါတင်စာရင်း ပါဝင်ခွင့် ရခဲ့ဖူးတဲ့ ထူးချွန် အနုပညာရှင် တစ်ဦးပါ။ သူဟာ The Hut Locker ဇာတ်ကားအတွက် အကောင်းဆုံး ဇာတ်ဆောင်ဆု၊ The Town ဇာတ်ကားအတွက် အကောင်းဆုံး ဇာတ်ပို့ဆု အော်စကာ ဆန်ခါတင် အဆင့်မှာ ပါဝင်ခဲ့ဖူးပါတယ်။

၂၀၁၂ ခုနှစ်မှာတော့ ပထမဆုံး Avengers ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ရာကနေ Marvelရဲ့ နောက်ဆက်တွဲ ပရောဂျက်တွေမှာ Hawkeye ဇာတ်ရုပ်အတွက် အခိုင်အမာ နေရာရလာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူ့ရဲ့ ဇာတ်ရုပ်အတွက် သီးခြား ရိုက်ကူးထားတဲ့ Hawkeye စီးရီးကိုလည်း Disney Plusက ရိုက်ကူး ထုတ်လုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ရှိမှာတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမေရိကန် အပါအဝင် အနောက်မဟာမိတ် နိုင်ငံတွေက အပြင်းအထန် ရှုတ်ချပြီး ဖြေရှင်းချက်ပေးဖို့ ဖိအားပေး တောင်းဆိုနေတယ်လို့လည်း သိရပါတယ်။

သတင်း

ယမန်နေ့ (မတ်လ ၂ရက်) ညပိုင်း ၈နာရီခွဲက ကင်းပတ်နေသည့် ရဲကားအား အင်းတော်မြို့ လမ်းဆုံမီးပွိုင့်တွင် ဖောက်ခွဲတိုက်ခိုက်ရန် ကြိုးစားနေသည့် အသက်(၂၀)ကျော်အရွယ် ရဲဘော်နှစ်ဦး မတော်တဆဖြစ်၍ ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ကျောက်လုံးကြီးKLG တပ်မဟာသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၏ အောက်တွင် ယင်းမာပင်ခရိုင်၊ အမှတ် ၂၁၊၂၂၊ ၂၃ တပ်ရင်းများအဖြစ် ဖွဲ့စည်းထားပြီးဖြစ်သည်။

သတင်း

"နည်းပညာပစ္စည်း မပြည့်စုံမှုများစွာနဲ့ စကစ ကိုတော်လှန်နေသော ရဲဘော်များအား လေးစား ဂုဏ်ယူနေပါတယ်။သွေးမအေးဘဲ သွေးကြွေးဆပ်ပါမယ်လို့ ရဲဘော်တို့ကို ကတိပေးပါတယ်။"ဟု ကောင်းကင်တော်လှန်ရေး အင်အားစုက အသိပေးသည်။