Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထောက်ပံ့ရေး အေဂျင်စီ ယာဉ်တန်းကို အစ္စရေးတိုက်ခိုက်မှု မတော်တဆ မဟုတ်ဘူးလို့ အေဂျင်စီ အကြီးအကဲ စွပ်စွဲ

လက်ရှိမှာတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမေရိကန် အပါအဝင် အနောက်မဟာမိတ် နိုင်ငံတွေက အပြင်းအထန် ရှုတ်ချပြီး ဖြေရှင်းချက်ပေးဖို့ ဖိအားပေး တောင်းဆိုနေတယ်လို့လည်း သိရပါတယ်။

ထောက်ပံ့ရေး အေဂျင်စီ ယာဉ်တန်းကို အစ္စရေးတိုက်ခိုက်မှု မတော်တဆ မဟုတ်ဘူးလို့ အေဂျင်စီ အကြီးအကဲ စွပ်စွဲ
ထောက်ပံ့ရေး အေဂျင်စီ ယာဉ်တန်းကို အစ္စရေးတိုက်ခိုက်မှု မတော်တဆ မဟုတ်ဘူးလို့ အေဂျင်စီ အကြီးအကဲ စွပ်စွဲ

ဂါဇာကမ်းမြှောင်ဒေသမှာ စားနပ်ရိက္ခာ ထောက်ပံ့ရေး အေဂျင်စီ ယာဉ်တန်းကို အစ္စရေးက စနစ်တကျ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အဲဒီ အေဂျင်စီ အကြီးအကဲက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

အခုသီတင်းပတ် အစောပိုင်းက ဂါဇာ ကမ်းရိုးတန်းအတိုင်း မောင်းနှင်နေတဲ့ ကမ္ဘာ့ မီးဖိုချောင် စင်တာ (WCK)ရဲ့ ယာဉ်တန်းကို အစ္စရေးက ကြားဖြတ် တိုက်ခိုက်မှုကြောင့် အနောက်နိုင်ငံသားတွေ အပါအဝင် အေဂျင်စီ ဝန်ထမ်း ၇ ဦး သေဆုံးခဲ့ပါတယ်။ အစ္စရေးက အဲဒီကိစ္စဟာ ဆိုးရွားလှတဲ့ လွဲချော်မှားယွင်းမှုလို့ ဝန်ခံခဲ့ပြီး ဝန်ချ တောင်းပန်ခဲ့ပါတယ်။

ဒါပေမဲ့ WCKကို ထူထောင်သူ ကမ္ဘာကျော် စားဖိုမှူး ဟိုဆေး အန်းဒရက်စ်ကတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ မတော်တဆ လုံးဝမဟုတ်ဘဲ စနစ်တကျ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုမျိုးလို့ စွပ်စွဲခဲ့ပါတယ်။

WCK ယာဉ်တန်းဟာ ကျည်ကာ သံချပ်ကာတွေ တပ်ဆင်ထားတဲ့ နှစ်စီး အပါအဝင် စုစုပေါင်း သုံးစီး တန်းစီ မောင်းနှင်လာတာပါ။ အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ ကားသုံးစီးလုံး အပျက်အစီးတွေ ရှိခဲ့ပြီး အစ္စရေးက လမ်းမပေါ် မောင်းနေတဲ့ ကားတွေကို တစ်နေရာချင်းစီ ခွဲပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူတွေထဲမှာ ဩစတြေးလျ၊ ကနေဒါ၊ ပိုလန်၊ ဗြိတိန်၊ အမေရိကန်နဲ့ ပိုလန်နိုင်ငံသားတွေ ပါဝင်ခဲ့ပါတယ်။ အစ္စရေးကတော့ အမှားအတွက် ဝန်ချတောင်းပန်ကြောင်းနဲ့ ဖြစ်စဉ်ကို ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းသွားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ အဖွဲ့ဟာ ရေလမ်းကြောင်းကနေ ဂါဇာကို ဝင်ရောက်လာတဲ့ စားနပ်ရိက္ခာ တန်ချိန် ၁၀၀ ကျော်ကို ကူညီရွှေ့ပြောင်းပေးတဲ့ မစ်ရှင်အတွက် ခရီးသွားလာနေချိန် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

စပိန်-အမေရိကန် နှစ်နိုင်ငံသား ခံယူထားတဲ့ အန်းဒရက်စ်ကတော့ အခုကိစ္စ တစ်ခုလုံးဟာ အစ္စရေး ဖြေရှင်းသလို ကံဆိုးမှု သက်သက်နဲ့ နေရာမှားပြီး ဗုံးကြဲချရုံ အဆင့်ထက် အများကြီးပိုကြောင်း ဝေဖန်ခဲ့ပါတယ်။ အေဂျင်စီရဲ့ လိုဂိုကို ထင်းထင်းကြီး ရေးဆွဲထားတဲ့ ယာဉ်တန်းကို အစ္စရေးက စိမ်ပြေနပြေ တစ်စီးချင်းစီ တိုက်ခိုက်ခဲ့တယ်ဆိုတာ အခုကိစ္စမှာ ရှင်းရှင်းလင်းလင်း မြင်ရကြောင်း သူက ဆိုပါတယ်။ WCK ယာဉ်တန်းဟာ အစ္စရေးက ညွှန်ကြားထားတဲ့ စည်းမျဉ်းတွေနဲ့အညီ တသွေမတိမ်း လိုက်နာခဲ့လျက်သားနဲ့ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဖြစ်စဉ်အပြီး WCK ဝန်ထမ်း ၆ ယောက်ရဲ့ အလောင်းတွေကို အီဂျစ်နိုင်ငံဆီ သယ်ထုတ်ခဲ့ပြီး မိသားစုဆီ ပြန်ပို့ဖို့ စီစဉ်နေပါတယ်။ သူတို့ရဲ့ ပါလက်စတိုင်း လုပ်ဖော်ကိုင်ဖက်ကိုတော့ ဇာတိမြို့ဖြစ်တဲ့ ဂါဇာတောင်ပိုင်းက ရာဖားဟ်မှာပဲ သင်္ဂြိုဟ်ခဲ့ပါတယ်။

လက်ရှိမှာတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမေရိကန် အပါအဝင် အနောက်မဟာမိတ် နိုင်ငံတွေက အပြင်းအထန် ရှုတ်ချပြီး ဖြေရှင်းချက်ပေးဖို့ ဖိအားပေး တောင်းဆိုနေတယ်လို့လည်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို နည်းနည်းလေး ရန်စရင်တောင် အီရန်ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို လုပ်ကြံဖို့ အီရန်ရဲ့ အကြံအစည် တစ်ခုကို အစ္စရေး ထောက်လှမ်းရေးက အမေရိကန်ဆီ မျှဝေ အသိပေးထားကြောင်း သိရပါတယ်။