Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရှေ့တန်း စစ်မြေပြင်နားထိ သွားရောက်ပြီး စစ်သည်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ယူကရိန်း သမ္မတ

စစ်မဖြစ်ခင် လူဦးရေ ၈၀၀၀၀ လောက် နေထိုင်ရာမြို့ကို ဆက်ထိန်းထားဖို့ဟာ နိုင်ငံ အရှေ့ပိုင်း ဧရိယာတွေကို ကာကွယ်ရာမှာ အရေးကြီးတဲ့ မဟာဗျူဟာ အစီအမံ တစ်ခုဖြစ်တယ်လို့လည်း ယူကရိန်းက ပြောကြားထားပါတယ်။

ရှေ့တန်း စစ်မြေပြင်နားထိ သွားရောက်ပြီး စစ်သည်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ယူကရိန်း သမ္မတ
ရှေ့တန်း စစ်မြေပြင်နားထိ သွားရောက်ပြီး စစ်သည်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ယူကရိန်း သမ္မတ

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ တိုက်ပွဲတွေ အပြင်းထန်ဆုံး ဖြစ်ပွားနေရာ ရှေ့တန်း စစ်မြေပြင်နားထိ သွားရောက်ပြီး စစ်သည်တွေကို အားပေး တွေ့ဆုံခဲ့ပါတယ်။

မတ်လ ၂၂ ရက်က ဇီလန်စကီးဟာ ယူကရိန်း အရှေ့ပိုင်း၊ ဒွန်းညက်စ်ခ် ဒေသက ရုရှားတပ်တွေ ဝန်းရံထားပြီး သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ ဘက်ခ်မတ် မြို့နားက စစ်စခန်းတွေဆီ ကြိုတင် မကြေညာဘဲ ရောက်ရှိသွားခဲ့ပါတယ်။ ဇီလန်စကီးဟာ ရှေ့တန်းထွက်ပြီး တိုက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ ယူကရိန်း စစ်သည်တွေနဲ့ ရင်းရင်းနှီးနှီး စကားပြောခဲ့သလို စစ်ဆေးရုံ တစ်ခုမှာ တက်ရောက်ကုသမှု ခံယူနေတဲ့ ဒဏ်ရာရ စစ်သည်တွေကိုလည်း အားပေး နှုတ်ဆက်ခဲ့ပါတယ်။

နောက်ပြီးတော့ ရှေ့တန်း စစ်မြေပြင်မှာ သူရသတ္တိ ပြသနိုင်ခဲ့တဲ့ စစ်သည်တချို့ကိုလည်း ဇီလန်စကီးက ဆုတံဆိပ်တွေ ချီးမြှင့် အပ်နှင်းခဲ့ပါသေးတယ်။

ဘက်ခ်မတ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရုရှားတပ်တွေရဲ့ ပိုပြီး ကျဉ်းမြောင်းကျပ်တည်းအောင် ဝန်းရံမှုကို ကြုံနေရတဲ့တိုင် အလံမလဲစတမ်း ကြံ့ကြံ့ခံ ခုခံနေတဲ့မြို့ ဖြစ်ပါတယ်။ ဆောင်းရာသီ ကတည်းက ရုရှားရဲ့ ထိုးစစ်ကို ဘက်ခ်မတ်က လတွေနဲ့ချီ ကြာညောင်းအောင် အံတုခဲ့တာကြောင့် အဲဒီမြို့ဟာ ယူကရိန်း ခုခံစစ်ပွဲရဲ့ သင်္ကေတ တစ်ခုလိုတောင် ဖြစ်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဇီလန်စကီးက ရှေ့တန်း စစ်မျက်နှာနား ရောက်နေတဲ့ အချိန်လောက်မှာပဲ ရုရှားက ယူကရိန်းက မြို့ကြီး တချို့ကို ဒုံးကျည်တွေ၊ ဖောက်ခွဲရေး ဒရုန်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ကိယက်ဗ် မြို့တော်မှာတော့ ရုရှားရဲ့ လက်ချက်ကြောင့် စာသင်ကျောင်း တစ်ကျောင်းနဲ့ လူနေတိုက်ခန်းတစ်ခု ထိခိုက်ပျက်စီးပြီး အနည်းဆုံး ၁ ဦးသေဆုံးခဲ့သလို ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ဘက်ခ်မတ်မြို့ တိုက်ပွဲမှာ ရုရှားရော၊ ယူကရိန်းပါ အစွမ်းကုန် ပုံအော ရင်းနှီးပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသလို နှစ်ဖက်စလုံး ထိခိုက်သေဆုံးမှုတွေ အရမ်းများပြားနေတယ်လို့ အနောက်နိုင်ငံတွေရဲ့ စစ်ထောက်လှမ်းရေးတွေက ဆိုပါတယ်။

စစ်မဖြစ်ခင် လူဦးရေ ၈၀၀၀၀ လောက် နေထိုင်ရာမြို့ကို ဆက်ထိန်းထားဖို့ဟာ နိုင်ငံ အရှေ့ပိုင်း ဧရိယာတွေကို ကာကွယ်ရာမှာ အရေးကြီးတဲ့ မဟာဗျူဟာ အစီအမံ တစ်ခုဖြစ်တယ်လို့လည်း ယူကရိန်းက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့အတွက် Patriot ဒုံးခွင်းဒုံးတွေ ရောင်းချပေးဖို့ အမေရိကန် အစိုးရကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက မေတ္တာရပ်ခံခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားဟာ မြောက်ကိုရီးယားက ထုတ်လုပ်တဲ့ ဒုံးကျည်တွေကို စစ်ပွဲမှာ အသုံးပြု တိုက်ခိုက်နေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။

ဘာသာပြန်ဆောင်းပါး

ယာဘလိုကာ (Yabloko) ပါတီဟာ ရုရှားမှာ ကျန်ရှိနေတဲ့ အဓိက စစ်ဆန့်ကျင်ရေးပါတီဖြစ်ပေမယ့်စက်တင်ဘာရွေးကောက်ပွဲမှာဝင်ပြိုင်ခွင့်ပိတ်ပင်ခံလိုက်ရပါတယ်။ ဒါကြောင့်ရုရှားမှာ စစ်ဆန့်ကျင်ရေးနိုင်ငံရေး ပိုကျဉ်းလာပါတယ်။

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။