Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းဆီ တိုက်လေယာဉ်တွေ ဆလိုဗက်ကီးယား စတင်ပို့ဆောင်

ယူကရိန်းဟာ ဆိုဗီယက်လုပ် ဘက်စုံသုံး တိုက်လေယာဉ်တွေနဲ့ အကျွမ်းတဝင် ရှိပြီးသား ဖြစ်တာကြောင့် ဒီလေယာဉ်တွေ ယူဆောင်သွားဖို့ လေယာဉ်မှူးတွေမှာ ဘာအခက်အခဲမှာ မရှိခဲ့ဘူးလို့လည်း သူက ပြောပါတယ်။

ယူကရိန်းဆီ တိုက်လေယာဉ်တွေ ဆလိုဗက်ကီးယား စတင်ပို့ဆောင်
ယူကရိန်းဆီ တိုက်လေယာဉ်တွေ ဆလိုဗက်ကီးယား စတင်ပို့ဆောင်

NATO အဖွဲ့ဝင် နိုင်ငံတစ်ခုအနေနဲ့ ဆလိုဗက်ကီးယားဟာ ပထမဆုံးအဖြစ် ယူကရိန်းဆီ တိုက်လေယာဉ်တွေ စတင် လွှဲပြောင်း ပို့ဆောင်ခဲ့ပါတယ်။

မတ် ၂၃ ရက်က ဆလိုဗက်ကီးယားရဲ့ MiG-29 တိုက်လေယာဉ် ၄ စီးဟာ ပထမအသုတ်အဖြစ် ယူကရိန်းဆီ ချောချောမောမော ပျံသန်း ရောက်ရှိသွားကြောင်း ကာကွယ်ရေး ဝန်ကြီး ဂျာရိုဆလက်ဗ် နက်ဒ်က ပြောပါတယ်။

ဆလိုဗက်ကီးယားဟာ အပိုပစ္စည်း ရှားပါးမှုကြောင့် ပျံသန်းမှု ဆိုင်းငံ့ထားတဲ့ MiG-29 ၁၃ စီးကို ယူကရိန်းဆီ လွှဲပေးဖို့ ကတိပြုထားပြီး အခုတော့ ၄ စီးက စတင် ရောက်ရှိသွားတာပါ။ ယူကရိန်း လေယာဉ်မှူးတွေဟာ ဆလိုဗက်ကီးယားထိ လာရောက်ပြီး အဲဒီလေယာဉ်တွေကို မောင်းနှင်ယူသွားခဲ့တာလို့ နက်ဒ်က ဆိုပါတယ်။

ယူကရိန်းဟာ ဆိုဗီယက်လုပ် ဘက်စုံသုံး တိုက်လေယာဉ်တွေနဲ့ အကျွမ်းတဝင် ရှိပြီးသား ဖြစ်တာကြောင့် ဒီလေယာဉ်တွေ ယူဆောင်သွားဖို့ လေယာဉ်မှူးတွေမှာ ဘာအခက်အခဲမှာ မရှိခဲ့ဘူးလို့လည်း သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပိုလန်ဟာ NATO အဖွဲ့ဝင် နိုင်ငံတွေထဲမှာ ယူကရိန်းကို တိုက်လေယာဉ်တွေ ထောက်ပံ့ဖို့ ပထမဆုံး ကတိပြုတဲ့ နိုင်ငံဖြစ်ပေမယ့် လက်တွေ့ ပေးပို့မှုကိုတော့ ဆလိုဗက်ကီးယားက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဆလိုဗက်ကီးယားဟာ MiG-29တွေကို ယူကရိန်းဆီ လွှဲပေးပြီးတဲ့နောက် နည်းပညာ ပိုမြင့်တဲ့ အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေကို မှာယူ အစားထိုးသွားမှာပါ။

ယူကရိန်းဟာ ရုရှားရဲ့ လေကြောင်း စိုးမိုးနိုင်စွမ်းကို တွန်းလှန်ဖို့အတွက် တိုက်လေယာဉ်တွေ ဖြည့်တင်းပေးဖို့ NATO မဟာမိတ်တွေဆီ အပူတပြင်း တောင်းဆိုနေပြီး အထူးသဖြင့် F-16တွေ ရရှိဖို့ ကြိုးစားနေပေမယ့် အမေရိကန်နဲ့ NATO နိုင်ငံ အများစုကတော့ ဒီကိစ္စကို လိုက်လျောဖို့ နှောင့်နှေးနေကြဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

NATO လေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ ဒရုန်းတစ်စီးကို NATO တိုက်လေယာဉ်တွေက ပစ်ချခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။