Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထောက်လှမ်းရေး ဂြိုဟ်တု လွှတ်တင်မှု မအောင်မြင်ပေမယ့် ဒုတိယအကြိမ် ကြိုးစားသွားမယ်လို့ မြောက်ကိုရီးယားဆို

မြောက်ကိုရီးယားရဲ့ ဒုံးပျံ လွှတ်တင်မှုဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အရေးယူ ပိတ်ပင်မှုတွေကို အတိအလင်း ချိုးဖောက်လိုက်တာ ဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန် အစိုးရတွေကလည်း ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ထောက်လှမ်းရေး ဂြိုဟ်တု လွှတ်တင်မှု မအောင်မြင်ပေမယ့် ဒုတိယအကြိမ် ကြိုးစားသွားမယ်လို့ မြောက်ကိုရီးယားဆို
ထောက်လှမ်းရေး ဂြိုဟ်တု လွှတ်တင်မှု မအောင်မြင်ပေမယ့် ဒုတိယအကြိမ် ကြိုးစားသွားမယ်လို့ မြောက်ကိုရီးယားဆို

နိုင်ငံရဲ့ ပထမဆုံး ထောက်လှမ်းရေး ဂြိုဟ်တု လွှတ်တင်မှု မအောင်မြင်ခဲ့ပေမယ့် ဒုတိယအကြိမ် ကြိုးစားမှုကို အမြန်ဆုံး အကောင်အထည် ဖော်သွားမယ်လို့ မြောက်ကိုရီးယားက ကြေညာပါတယ်။

အစိုးရပိုင် KCNA သတင်းဌာနက မေလ ၃၁ ရက် မနက်အစောပိုင်းမှာ ပြည်တွင်းဖြစ် ထောက်လှမ်းရေး ဂြိုဟ်တုကို ဒုံးကျည်နဲ့ တွဲပြီး လွှတ်တင်ခဲ့ပေမယ့် ချွတ်ယွင်းမှု တခုနဲ့ ကြုံခဲ့တယ်လို့ အတည်ပြုသွားပါတယ်။ ဂြိုဟ်တုကို တင်ဆောင်သွားတဲ့ Chollima-1 ဒုံးပျံဟာ တွန်းကန်အားစနစ်မှာ ပြဿနာ တခု ပေါ်ပေါက်ပြီး အနောက်ဖက် ပင်လယ်ထဲ ပျက်ကျသွားခဲ့ကြောင်း၊ ဒုံးပျံရဲ့ ပျံသန်းမှု ပထမအဆင့်က ပုံမှန်ဖြစ်ခဲ့ပေမယ့် ဒုတိယအဆင့် အစိတ်အပိုင်းတွေကို ဖြုတ်ချတုန်းမှာ အမှားအယွင်း ဖြစ်ခဲ့ကြောင်း KCNAက ဆိုပါတယ်။

တောင်ကိုရီးယား ကမ်းခြေစောင့်တပ်က မြောက်ကိုရီးယား ဒုံးပျံ အစိတ်အပိုင်းတွေကို ပင်လယ်ပြင်မှာ လိုက်လံ ဆယ်ယူထားခဲ့ကြောင်း အတည်ပြုသွားပါတယ်။ အဲဒီ အစိတ်အပိုင်းတွေနဲ့ ပတ်သက်လို့ နောက်ထပ် ဆန်းစစ်မှုတွေ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

KCNAက ပထမဆုံးအကြိမ် အားထုတ်မှုမှာ မအောင်မြင်ခဲ့တဲ့တိုင် ဒုတိယအကြိမ် ဂြိုဟ်တု ထပ်လွှတ်တင်ဖို့ကို အမြန်ဆုံး ကြိုးစားသွားမယ်လို့ ဖော်ပြသွားပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက အမေရိကန်ရဲ့ ပိုမိုရန်လိုလာတဲ့ စစ်ရေး လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့အတွက် ထောက်လှမ်းရေး ဂြိုဟ်တုတွေ လွှတ်တင်ဖို့ အရေးတကြီး လိုအပ်လာပြီလို့ ပြောကြားထားပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားရဲ့ ဒုံးပျံ လွှတ်တင်မှုဟာ တောင်ကိုရီးယားမှာတော့ အုတ်အော်သောင်းနင်း အခြေအနေတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဆိုးလ်မြို့တော်မှာ နေထိုင်သူတွေဟာ မနက်အစောပိုင်းမှာ လေကြောင်း အန္တရာယ် သတိပေး ဥဩသံတွေကြောင့် အလန့်တကြား နိုးထလာကြပါတယ်။ ဒါ့အပြင် နီးစပ်ရာ ပုန်းခိုတဲ့ နေရာတွေဆီ အမြန်ဆုံး သွားရောက်ကြဖို့ ဖုန်း messageတွေလည်း ဆက်တိုက် ဝင်လာနေတာကြောင့် ပြည်သူတွေက တောင်ကိုရီးယား နိုင်ငံဟာ ကျူးကျော် စစ်ပြုခံရပြီလို့ ထင်မှတ်ပြီး အထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။ နောက်ထပ် မိနစ် ၂၀ လောက် အကြာမှသာ အဲဒီ သတိပေးချက်တွေကို ရုပ်သိမ်းသွားပြီး မြောက်ကိုရီးယားရဲ့ ဒုံးပျံ လွှတ်တင်မှုကို မှားယွင်း တွက်ဆမိတာဆိုတဲ့ အကြောင်းကြားမှုတွေ ထပ်ရောက်လာခဲ့ပါတယ်။

မူလက တောင်ကိုရီးယားနဲ့ ဂျပန် စစ်တပ်တွေက မြောက်ကိုရီးယားဟာ အာကာသထဲကို ချိန်ရွယ်ပြီး ဒုံးကျည်တစင်း ပစ်လွှတ်ခဲ့တာလို့ ယူဆပြီး အရေးပေါ် တပ်လှန့် စောင့်ကြည့်ခဲ့ကြပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးပျံ လွှတ်တင်မှုဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အရေးယူ ပိတ်ပင်မှုတွေကို အတိအလင်း ချိုးဖောက်လိုက်တာ ဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန် အစိုးရတွေကလည်း ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ ဆက်ဆံရေးကို ထူးထူးကဲကဲ မြှင့်တင်နိုင်မယ့် ရေရှည် စီမံကိန်း တစ်ခုကို တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အလည်အပတ် ခရီးစဉ်အတွင်း သဘောတူညီမှု ရရှိခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။