Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းက F-16 တိုက်လေယာဉ်တွေ စသုံးတာနဲ့ တင်းတင်းမာမာ တုံ့ပြန်မယ်လို့ ရုရှား ခြိမ်းခြောက်

အမေရိကန်ကတော့ ယူကရိန်းဆီ တိုက်လေယာဉ်တွေ ကိုယ်တိုင် ထောက်ပံ့မှာ မဟုတ်ပေမယ့် ဥရောပ မဟာမိတ်တွေရဲ့ အစီအမံတွေကို လက်ခံကြောင်း ပြောကြားထားပါတယ်။

ယူကရိန်းက F-16 တိုက်လေယာဉ်တွေ စသုံးတာနဲ့ တင်းတင်းမာမာ တုံ့ပြန်မယ်လို့ ရုရှား ခြိမ်းခြောက်
ယူကရိန်းက F-16 တိုက်လေယာဉ်တွေ စသုံးတာနဲ့ တင်းတင်းမာမာ တုံ့ပြန်မယ်လို့ ရုရှား ခြိမ်းခြောက်

အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေကို ယူကရိန်းက စတင် အသုံးပြုလာပြီ ဆိုတာနဲ့ လိုအပ်သလို ထိထိရောက်ရောက် တုံ့ပြန်သွားမယ်လို့ ရုရှား အစိုးရက သတိပေး ခြိမ်းခြောက်လိုက်ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားရဲ့ ကျူးကျော်စစ်ပွဲ စတင်ချိန် ကတည်းက ရန်သူ့ လေကြောင်း စိုးမိုးနိုင်စွမ်း သာလွန်မှုကို တန်ပြန်ဖို့အတွက် F-16 တိုက်လေယာဉ်တွေကို အစဉ်တစိုက် တောင်းဆိုခဲ့ပါတယ်။ အခုအခါ ဥရောပ နိုင်ငံတချို့က သူတို့ရဲ့ F-16တွေကို ယူကရိန်းဆီ လွှဲပြောင်းပေးဖို့ စီစဉ်နေကြပါပြီ။ အမေရိကန်ကတော့ ယူကရိန်းဆီ တိုက်လေယာဉ်တွေ ကိုယ်တိုင် ထောက်ပံ့မှာ မဟုတ်ပေမယ့် ဥရောပ မဟာမိတ်တွေရဲ့ အစီအမံတွေကို လက်ခံကြောင်း ပြောကြားထားပါတယ်။

လောလောဆယ်မှာ ဥရောပ နိုင်ငံတချို့ဟာ ယူကရိန်း လေယာဉ်မှူးတွေကို F-16တွေနဲ့ အကျွမ်းတဝင် ရှိစေရေး လေ့ကျင့်ပေးဖို့ ဆွေးနွေးနေပါတယ်။ လေယာဉ်မှူးတွေကို လေ့ကျင့်ပေးပြီး လေယာဉ်တွေကို အမှန်တကယ် တိုက်ပွဲဝင်နိုင်တဲ့ အနေအထားမျိုးနဲ့ ယူကရိန်းဆီ လွှဲပေးမယ့် အဆင့်ထိဆိုရင် နောက်ထပ် လအတော်ကြာ အချိန်ယူရမယ့် သဘောမျိုး ရှိနေပါတယ်။

ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က ယူကရိန်းဆီ F-16တွေ လွှဲပြောင်းပေးကြဖို့ ကြံစည်နေကြတဲ့ ကိစ္စကို ရုရှားက အလေးအနက် စောင့်ကြည့်နေကြောင်း သတိပေးပါတယ်။ F-16တွေဟာ နျူကလီးယား လက်နက်တွေပါ တင်ဆောင်ပြီး တိုက်ပွဲဝင်နိုင်တယ်ဆိုတဲ့ အရှိတရားကို ရုရှားက မျက်ကွယ် ပြုထားမှာ မဟုတ်ကြောင်း၊ ဒီတော့ ယူကရိန်းစီမှာ F-16တွေ စသုံးပြီ ဆိုတာနဲ့ ရုရှားကလည်း စစ်ရေးအရရော၊ မဟာဗျူဟာ ရှုထောင့်ကပါ ပြတ်ပြတ်သားသား တုံ့ပြန်မှာဖြစ်ကြောင်း လက်ဗ်ရော့ဗ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ အချိန်ထိ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းဆီ F-16တွေ ပို့ဆောင်မှာ မဟုတ်ဘူးလို့ ခေါင်းမာမာနဲ့ ဆက်လက် ငြင်းဆန်နေပေမယ့် မူဝါဒ အပြောင်းအလဲ တစ်ခုခု ဖြစ်လာတာနဲ့ အသင့်ဖြစ်နေအောင် အမေရိကန် လေကြောင်း နည်းပညာ လုပ်ငန်းစုကြီး Lockheed Martinက ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ အမေရိကန်ဟာ F-16တွေကို ဆက်လက် မှာယူခြင်း မရှိတော့ပေမယ့်လည်း Lockheed Martin အနေနဲ့ တခြား ပြည်ပ နိုင်ငံတွေအတွက် အဲဒီ ဘက်စုံသုံး အပေါ့စား တိုက်လေယာဉ်တွေကို ဆက်လက် တည်ဆောက် ထုတ်လုပ်ပေးနေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။