Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဝန်ကြီးချုပ်သစ် ခန့်အပ်ရေးကိစ္စ ဩဂုတ် ၄ ရက်မှာ ပြန်ဆွေးနွေးဖို့ ထိုင်းလွှတ်တော် ရက်သတ်မှတ်

လောလောဆယ်တော့ PTPဟာ ဖီထာကို ဝန်ကြီးချုပ်အဖြစ် အဆိုပြုတုန်းက ကြုံခဲ့ရသလိုမျိုး အထက်လွှတ်တော် အမတ်တွေက ဝိုင်းဝန်း ဆန့်ကျင်ကြတဲ့ အခြေအနေကနေ ရှောင်လွှဲဖို့အတွက် လူမြင်ကွင်း နောက်ကွယ်မှာ ဘက်ပေါင်းစုံ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါတယ်။

ဝန်ကြီးချုပ်သစ် ခန့်အပ်ရေးကိစ္စ ဩဂုတ် ၄ ရက်မှာ ပြန်ဆွေးနွေးဖို့ ထိုင်းလွှတ်တော် ရက်သတ်မှတ်
ဝန်ကြီးချုပ်သစ် ခန့်အပ်ရေးကိစ္စ ဩဂုတ် ၄ ရက်မှာ ပြန်ဆွေးနွေးဖို့ ထိုင်းလွှတ်တော် ရက်သတ်မှတ်

ဝန်ကြီးချုပ်သစ် တင်မြှောက်ရေးကိစ္စ ဆွေးနွေးဖို့အတွက် ထိုင်းလွှတ်တော် အစည်းအဝေးတွေကို ဩဂုတ်လ ၄ ရက်မှာ ပြန်လည် ကျင်းပသွားမယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Move Forwardပါတီ (MFP)ရဲ့ ခေါင်းဆောင် ဖီထာ လင်မ်ဂျရွန်ရတ်ကို ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းမှု ၂ ကြိမ် မအောင်မြင်ခဲ့တဲ့နောက် မူလတုန်းက ဝန်ကြီးချုပ် ခန့်အပ်ရေးကိစ္စ တတိယ အကြိမ်မြောက် လွှတ်တော် မဲခွဲမှုကို အခုသီတင်းပတ်မှာ ပြုလုပ်ဖို့ လျာထားခဲ့ပါတယ်။

ဒါပေမဲ့လည်း MFPက ဝန်ကြီးချုပ် တင်မြှောက်ရေး ကိစ္စကို လက်လျှော့ပြီး အဓိက မဟာမိတ်ဖြစ်တဲ့ ဖျူထိုင်းပါတီ (PTP)ကို ဝန်ကြီးချုပ်သစ် ရွေးချယ် ခန့်အပ်နိုင်ရေး လမ်းဖွင့်ပေးလိုက်တဲ့နောက် PTPရဲ့ တောင်းဆိုမှုအရ လွှတ်တော် မဲခွဲမှုကို ရွှေ့ဆိုင်းခဲ့ပါတယ်။ PTPဟာ မေလလယ် ရွေးကောက်ပွဲမှာ MFPနောက် လွှတ်တော်အမတ်နေရာ ဒုတိယ အများဆုံး အနိုင်ရတဲ့ ပါတီ ဖြစ်ခဲ့ပြီး MFPနဲ့အတူ ၈ ပါတီ နိုင်ငံရေး မဟာမိတ် အဖွဲ့ထဲမှာ ပါဝင်နေပါတယ်။

လောလောဆယ်တော့ PTPဟာ ဖီထာကို ဝန်ကြီးချုပ်အဖြစ် အဆိုပြုတုန်းက ကြုံခဲ့ရသလိုမျိုး အထက်လွှတ်တော် အမတ်တွေက ဝိုင်းဝန်း ဆန့်ကျင်ကြတဲ့ အခြေအနေကနေ ရှောင်လွှဲဖို့အတွက် လူမြင်ကွင်း နောက်ကွယ်မှာ ဘက်ပေါင်းစုံ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ရွေးကောက်ခံ မဟုတ်ဘဲ စစ်တပ်ကို လိုလားတဲ့ အထက်လွှတ်တော် အမတ်တွေ၊ ရွေးကောက်ပွဲမှာ မဲအနည်းစုသာ ရခဲ့တဲ့ စစ်တပ် အားပေး ပါတီတွေ၊ ဘုရင်စနစ်ကို ထောက်ခံတဲ့ ကွန်ဆာဗေးတစ် ပါတီတွေက PTP အနေနဲ့ MFPနဲ့ အပြီးတိုင် လက်တွဲဖြုတ်မှသာ သူတို့ရဲ့ ထောက်ခံမှုကို ရရှိမယ်လို့ အကျပ်ကိုင်နေတာကြောင့် PTPအတွက် အကျပ်ရိုက်စရာတွေ ဖြစ်နေကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

လွှတ်တော်က ထွက်ပေါ်လာတဲ့ မှတ်တမ်းတွေမှာတော့ လွှတ်တော် ညီလာခံသစ်ကို ဩဂုတ် ၄ ရက်မှာ ကျင်းပပြီး သင့်တော်တဲ့ လူပုဂ္ဂိုလ် တစ်ဦးကို ဝန်ကြီးချုပ်အဖြစ် အဆိုပြုနိုင်ရေး ဆွေးနွေးသွားမယ်လို့ ဖော်ပြထားတာ တွေ့နိုင်ပါတယ်။ ဒါပေမဲ့လည်း အဲဒီနေ့မှာ ဆွေးနွေးမှုတွေနဲ့သာ အချိန်ကုန်ပြီး အတည်ပြု မဲခွဲတဲ့ အစီအစဉ်ကို ရက်ထပ်ရွှေ့ရတာမျိုးလည်း ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။

ဒီအတောအတွင်း PTPကလည်း သူတို့ရဲ့ခေါင်းဆောင် ဖီထာကို ဝန်ကြီးချုပ်လောင်းအဖြစ် နောက်ထပ်တစ်ကြိမ် အဆိုပြုခွင့်ကနေ တားမြစ် ခံထားရတာနဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်ပေးဖို့ ထိုင်းအခြေခံ ဥပဒေ ခုံရုံးဆီ အသနားခံထားပါတယ်။ အဲဒီ အသနားခံမှုကို ခုံရုံးက လက်ခံပေးလိုက်မယ်ဆိုရင် ဩဂုတ် ၄ ရက်မှာ ဝန်ကြီးချုပ်သစ် နေရာအတွက် မဲပေးရွေးချယ်ရေးကိစ္စ ရွှေ့ဆိုင်းရဖို့ အလားအလာတွေက ပိုများသွားမယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနိုင်ငံမှာကျင်းပတဲ့အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)မှာ ကမ္ဘောဒီးယား အားကစားသမားအားလုံး ပါဝင်တော့မှာ မဟုတ်ကြောင်း ကမ္ဘောဒီးယားက ကြေညာခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ တန်ပြန်စစ်ဆင်ရေးတွေ စတင်နေပြီလို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းက ပြောကြားခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ ညှိနှိုင်းဆွေးနွေးကြဖွယ် ရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို ထိုင်းဝန်ကြီးချုပ်က ပယ်ချသွားခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

အပစ်ရပ် သဘောတူညီထားမှုကို ဆက်ပြီး လေးစား လိုက်နာပေးကြဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယားကို အမေရိကန် အစိုးရက တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။