Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ ရထားလမ်းချော်မှုဖြစ်၊ ခရီးသည်တချို့ အနည်းအကျဉ်း ဒဏ်ရာရ

မိုးရွာသွန်းမှုတွေကြောင့် တောထဲကနေ ရေတွေလျှံကျပြီး ရထားလမ်းပေါ် ဖြတ်သန်း စီးဆင်းရာကနေ အခုလို မတော်တဆမှု ဖြစ်ခဲ့တာလို့ ကနဦး စုံစမ်းမှုတွေအရ သိရပါတယ်။

ထိုင်းမှာ ရထားလမ်းချော်မှုဖြစ်၊ ခရီးသည်တချို့ အနည်းအကျဉ်း ဒဏ်ရာရ
ထိုင်းမှာ ရထားလမ်းချော်မှုဖြစ်၊ ခရီးသည်တချို့ အနည်းအကျဉ်း ဒဏ်ရာရ

ထိုင်းနိုင်ငံမှာ ရထားတစီး လမ်းချော်မှု ဖြစ်ပွားပြီး ခရီးသည်တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။

စက်တင်ဘာ ၃၀ မနက်ပိုင်းက အထူးအမြန်ရထား အမှတ် ၁၃ ဟာ ဘန်ကောက်ကနေ ချင်းမိုင်ကို ဦးတည် ခုတ်မောင်းရင်း ဖရေးဒေသက တောအုပ် တနေရာကို ဖြတ်သန်းတုန်း လမ်းချော်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ရထားခေါင်းတွဲ၊ ကုန်တင်တွဲနဲ့ အိမ်ဆောင်တွဲ စုစုပေါင်း ရထားတွဲ ၃ ခု လမ်းချော် တိမ်းမှောက်ခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ အနည်းအကျဉ်း ဒဏ်ရာရသူ တချို့သာ ရှိခဲ့ပါတယ်။ အခင်းဖြစ်တဲ့ နေရာကို ရောက်သွားတဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက အသေအပျောက် မရှိဘူးလို့ အတည်ပြုခဲ့ပါတယ်။

Public Service Announcement
Public Service Announcement

မိုးရွာသွန်းမှုတွေကြောင့် တောထဲကနေ ရေတွေလျှံကျပြီး ရထားလမ်းပေါ် ဖြတ်သန်း စီးဆင်းရာကနေ အခုလို မတော်တဆမှု ဖြစ်ခဲ့တာလို့ ကနဦး စုံစမ်းမှုတွေအရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ခရီးသည်တွေကို တခြားရထားတစ်ခုဆီ ရွှေ့ပြောင်းပေးပြီး ချင်းမိုင်ကို ခရီးဆက်စေခဲ့ပါတယ်။ ရထားလမ်းချော်မှု ဖြစ်ခဲ့တဲ့ လမ်းပိုင်းကို ယာယီ ပိတ်ထားပြီး တိမ်းမှောက်နေတဲ့ ရထားတွဲတွေကို ပြန်လည် ဆွဲယူဖို့ ဆက်လက် ဆောင်ရွက်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။