Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အဂတိကိစ္စအတွက် စုံစမ်းမှုတွေ ခံနေရသူ ပေါ်တူဂီ ဝန်ကြီးချုပ် ရာထူးက ရုတ်တရက် နုတ်ထွက်

ကော်စတာဟာ လစ်သီယမ် ဓာတ်သတ္တု တူးဖော်ခွင့် ကိစ္စတစ်ခုနဲ့ ဟိုက်ဒရိုဂျက် ဓာတ်ငွေ့စက်ရုံ ပရောဂျက် တစ်ခုကို အကြောင်းပြုပြီး အဂတိ လိုက်စားမှု အရှုပ်အထွေး စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရကြောင်း ပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။

အဂတိကိစ္စအတွက် စုံစမ်းမှုတွေ ခံနေရသူ ပေါ်တူဂီ ဝန်ကြီးချုပ် ရာထူးက ရုတ်တရက် နုတ်ထွက်
အဂတိကိစ္စအတွက် စုံစမ်းမှုတွေ ခံနေရသူ ပေါ်တူဂီ ဝန်ကြီးချုပ် ရာထူးက ရုတ်တရက် နုတ်ထွက်

အဂတိ လိုက်စားမှု စွပ်စွဲချက်တွေအတွက် စုံစမ်းစစ်ဆေး ခံနေရတဲ့ ပေါ်တူဂီ ဝန်ကြီးချုပ်ဟာ ရာထူးကနေ ရုတ်တရက် နုတ်ထွက်သွားခဲ့ပါတယ်။

အစိုးရ ရှေ့နေတွေက သူ့ရဲ့ ညာလက်ရုံးဖြစ်သူ အစိုးရ ဝန်ထမ်းရေးရာ အကြီးအကဲကို အဂတိမှုနဲ့ ဖမ်းဆီးခဲ့ပြီး နာရီပိုင်းအကြာ နိုဝင်ဘာ ၇ ရက်မှာ အန်တိုနီယို ကော်စတာက ရာထူးကနေ နုတ်ထွက်သွားတာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ အများမျှော်လင့်မထားတဲ့ အခြေအနေ ဖြစ်တာကြောင့် ပေါ်တူဂီ တစ်နိုင်ငံလုံး တအံ့တဩ ဖြစ်နေကြပါတယ်။

အခု ဖမ်းဆီးမှုမှာ ကော်စတာဟာလည်း အဆက်အစပ်ရှိတဲ့ စုံစမ်းစစ်ဆေးမှု ပစ်မှတ် တစ်ခုလို့ အစိုးရ ရှေ့နေတွေက ပြောကြားထားပါတယ်။ ကော်စတာဟာ သမ္မတ မာဆယ်လို ရိုဘယ်လို ဒီဆော်ဆာနဲ့ တွေ့ဆုံပြီးနောက် ရာထူးက နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ကော်စတာက သူ့ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ချမှတ်ခဲ့သလို ဝန်ကြီးချုပ် နေရာအတွက် စတုတ္ထ သက်တမ်း ဆက်လက် ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း အတည်ပြုခဲ့ပါတယ်။ နိုင်ငံရဲ့ ဝန်ကြီးချုပ်ဟာ ဖြူစင်မှု၊ ဂုဏ်သိက္ခာပိုင်းမှာ အစွန်းအထင်း မရှိဖို့လိုကြောင်း၊ ရာဇဝတ်ကြောင်းတွေနဲ့ ဆက်နွှယ်ပြီး သင်္ကာမကင်း စုံစမ်းစစ်ဆေးမှုတွေ ခံနေရဖို့တောင် မဖြစ်သင့်ကြောင်း ကော်စတာက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကော်စတာဟာ လစ်သီယမ် ဓာတ်သတ္တု တူးဖော်ခွင့် ကိစ္စတစ်ခုနဲ့ ဟိုက်ဒရိုဂျက် ဓာတ်ငွေ့စက်ရုံ ပရောဂျက် တစ်ခုကို အကြောင်းပြုပြီး အဂတိ လိုက်စားမှု အရှုပ်အထွေး စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရကြောင်း ပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။

အသက် ၆၂ နှစ်အရွယ် ကော်စတာဟာ ပေါ်တူဂီ ဝန်ကြီးချုပ် ရာထူးကို ၂၀၁၅ ခုနှစ်ကတည်းက တာဝန်ယူထားခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံလီဗာပူးဘောလုံးအသင်း နဲ့ ​ပေါ်တူဂီအသင်းတို့ရဲ့ တိုက်စစ်မှူး ဒီယိုဂို ဂျိုတာဟာ စပိန်နိုင်ငံမှာ ယာဉ်မတော်တဆမှုကြောင့် ရုတ်တရက် ကွယ်လွန်သွားပါတယ်။

နိုင်ငံတကာ

စပိန်နဲ့ ပေါ်တူဂီ နိုင်ငံတွေမှာ နာရီတွေ အတော်များများ ဆက်တိုက် မီးပြတ်နေတာကြောင့် အခက်အခဲတွေမျိုးစုံ ကြုံနေပြီး အာဏာပိုင်တွေက ပြင်ဆင် ဖြေရှင်းမှုတွေကို အပူတပြင်း လုပ်ဆောင်နေပါတယ်။

သတင်း

မိုးကုတ်မြို့မှ လူဝင်မှုကြီးကြပ်ရေးဌာန(လဝက)ရုံးကို စစ်ကောင်စီက မန္တလေးမြို့၌ ယာယီဖွင့်လှစ်ထားပြီး ပွဲစားများကြားခံထားကာ မှတ်ပုံတင်တစ်ခုလျှင် ကျပ်လေးသိန်းထက်မနည်းယူ၍ ပြုလုပ်ပေးနေကြောင်း သတင်းရရှိသည်။

သတင်း

NUG ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေးကို ဇန်နဝါရီ ၂ရက်ကကျင်းပစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။