Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ယူကရိန်း စစ်ဦးစီးချုပ် ရာထူးကနေ ထုတ်ပယ်ခံရ

ယူကရိန်း စစ်ဦးစီးချုပ် ဗယ်လာရီ ဇာလုဇ်ညီဟာ ရာထူးကနေ ဖယ်ရှားခြင်း ခံခဲ့ရပြီး သူ့ရဲ့ စွမ်းစွမ်းတမံ အမှုထမ်းခဲ့မှုတွေအတွက် ကျေးဇူးတင်ကြောင်း ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ယူကရိန်း စစ်ဦးစီးချုပ် ရာထူးကနေ ထုတ်ပယ်ခံရ
ယူကရိန်း စစ်ဦးစီးချုပ် ရာထူးကနေ ထုတ်ပယ်ခံရ

သတင်းတွေ ကြိုတင် ထွက်ပေါ်နေတဲ့အတိုင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ နိုင်ငံ စစ်တပ်ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီးကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

ယူကရိန်း စစ်ဦးစီးချုပ် ဗယ်လာရီ ဇာလုဇ်ညီဟာ ရာထူးကနေ ဖယ်ရှားခြင်း ခံခဲ့ရပြီး သူ့ရဲ့ စွမ်းစွမ်းတမံ အမှုထမ်းခဲ့မှုတွေအတွက် ကျေးဇူးတင်ကြောင်း ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

သမ္မတရဲ့ အမိန့်အရ ကြည်းတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး အိုလက်ခ်ဆန်ဒါ ဆိုင်စကီဟာ ဇာလုဇ်ညီရဲ့ နေရာကို ဆက်ခံသွားမယ်လို့ သိရပါတယ်။

ဇာလုဇ်ညီဟာ ယူကရိန်း စစ်တပ်ထဲမှာ လေးစားခြင်း ခံရတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဇီလန်စကီးရဲ့ အခုဆုံးဖြတ်ချက်ဟာ လူကြိုက်များမယ့် အခြေအနေတော့ ဖြစ်ဖွယ် မရှိပါဘူး။

Public Service Announcement

Public Service Announcement

ဇာလုဇ်ညီဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံတွန်းလှန်ခဲ့တဲ့ စစ်ပွဲကာလတလျှောက် စစ်ဦးစီးချုပ် တာဝန်ကို ယူခဲ့ပါတယ်။ ဒါပေမဲ့ မျှော်လင့်ချက်ကြီးကြီးနဲ့ ဆင်နွှဲခဲ့တဲ့ ယူကရိန်း တန်ပြန်ထိုးစစ် အစီအစဉ်တွေ မအောင်မြင်ခဲ့တာကစလို့ သူနဲ့ ဇီလန်စကီးကြား ဆက်ဆံရေး စတင် အေးခဲလာတယ်လို့ အတွင်းသတင်းတွေက ဆိုပါတယ်။

အစောပိုင်းမှာ ဇီလန်စကီးက ဇာလုဇ်ညီကို နုတ်ထွက်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဗိုလ်ချုပ်ကြီးက ငြင်းဆန်ခဲ့တာကြောင့် ပိုပြီး ခါးသီးတဲ့ လမ်းခွဲမှုမျိုးဆီ ဦးတည်သွားခဲ့တာ ဖြစ်ပါတယ်။ ဇာလုဇ်ညီ ထုတ်ပယ်ခံရခြင်းဟာ စစ်ပွဲကာလတလျှောက် ယူကရိန်း စစ်တပ်မှာ အကြီးမားဆုံး ရာထူးနေရာ အပြောင်းအလဲ အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဇီလန်စကီးကတော့ အမြင့်ဆုံးအဆင့် အမိန့်ပေးမှု စနစ်တွေမှာ အပြောင်းအလဲတွေ လိုအပ်လာပြီလို့ ယူဆတာကြောင့် အခုလို လုပ်ဆောင်ခဲ့ကြောင်း အကြောင်းပြပါတယ်။ သူက ဇာလုဇ်ညီဟာ စစ်ဦးစီးချုပ် မဟုတ်တော့ရင်တောင် စစ်ဆင်ရေးတွေရဲ့ အတွင်းစည်းမှာ ဆက်ရှိနေနိုင်လောက်တယ်လို့ အရိပ်အမြွက် ဆိုပါတယ်။

ဇီလန်စကီးက စစ်ဦးစီးချုပ်သစ် ဖြစ်လာမယ့် ဗိုလ်ချုပ်ကြီး ဆိုင်စကီက ထိုးစစ်ရော၊ ခံစစ်မှာပါ အတွေ့အကြုံနဲ့ မဟာဗျူဟာ အခင်းအကျင်းတွေ ကြွယ်ဝသူ တစ်ဦးလို့ ညွှန်းဆိုခဲ့ပါတယ်။ သူက ယူကရိန်း စစ်တပ်မှာ အပြောင်းအလဲတွေ လုပ်ဆောင်ချင်တာကို ဇာလုဇ်ညီနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေးခဲ့တယ်လို့လည်း ပြောကြားသွားပါတယ်။

ဇာလုဇ်ညီကို ယူကရိန်း လက်နက်ကိုင် တပ်ဖွဲ့အားလုံးရဲ့ စစ်ဦးစီးချုပ်အဖြစ် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှာ ဇီလန်စကီးကိုယ်တိုင် ခန့်အပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစောပိုင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားတပ်တွေဟာ အက်ဗ်ဒစ်ဗ်ကာ မြောက်ဖက် ၁၀ ကီလိုမီတာ အကွာမှာရှိတဲ့ နိုဗိုဘက်ခ်မူတစ်ဗ်ကာ ကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။