Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း စစ်ဦးစီးချုပ် ရာထူးကနေ ထုတ်ပယ်ခံရ

ယူကရိန်း စစ်ဦးစီးချုပ် ဗယ်လာရီ ဇာလုဇ်ညီဟာ ရာထူးကနေ ဖယ်ရှားခြင်း ခံခဲ့ရပြီး သူ့ရဲ့ စွမ်းစွမ်းတမံ အမှုထမ်းခဲ့မှုတွေအတွက် ကျေးဇူးတင်ကြောင်း ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ယူကရိန်း စစ်ဦးစီးချုပ် ရာထူးကနေ ထုတ်ပယ်ခံရ
ယူကရိန်း စစ်ဦးစီးချုပ် ရာထူးကနေ ထုတ်ပယ်ခံရ

သတင်းတွေ ကြိုတင် ထွက်ပေါ်နေတဲ့အတိုင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ နိုင်ငံ စစ်တပ်ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီးကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

ယူကရိန်း စစ်ဦးစီးချုပ် ဗယ်လာရီ ဇာလုဇ်ညီဟာ ရာထူးကနေ ဖယ်ရှားခြင်း ခံခဲ့ရပြီး သူ့ရဲ့ စွမ်းစွမ်းတမံ အမှုထမ်းခဲ့မှုတွေအတွက် ကျေးဇူးတင်ကြောင်း ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

သမ္မတရဲ့ အမိန့်အရ ကြည်းတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး အိုလက်ခ်ဆန်ဒါ ဆိုင်စကီဟာ ဇာလုဇ်ညီရဲ့ နေရာကို ဆက်ခံသွားမယ်လို့ သိရပါတယ်။

ဇာလုဇ်ညီဟာ ယူကရိန်း စစ်တပ်ထဲမှာ လေးစားခြင်း ခံရတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဇီလန်စကီးရဲ့ အခုဆုံးဖြတ်ချက်ဟာ လူကြိုက်များမယ့် အခြေအနေတော့ ဖြစ်ဖွယ် မရှိပါဘူး။

Public Service Announcement

Public Service Announcement

ဇာလုဇ်ညီဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံတွန်းလှန်ခဲ့တဲ့ စစ်ပွဲကာလတလျှောက် စစ်ဦးစီးချုပ် တာဝန်ကို ယူခဲ့ပါတယ်။ ဒါပေမဲ့ မျှော်လင့်ချက်ကြီးကြီးနဲ့ ဆင်နွှဲခဲ့တဲ့ ယူကရိန်း တန်ပြန်ထိုးစစ် အစီအစဉ်တွေ မအောင်မြင်ခဲ့တာကစလို့ သူနဲ့ ဇီလန်စကီးကြား ဆက်ဆံရေး စတင် အေးခဲလာတယ်လို့ အတွင်းသတင်းတွေက ဆိုပါတယ်။

အစောပိုင်းမှာ ဇီလန်စကီးက ဇာလုဇ်ညီကို နုတ်ထွက်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဗိုလ်ချုပ်ကြီးက ငြင်းဆန်ခဲ့တာကြောင့် ပိုပြီး ခါးသီးတဲ့ လမ်းခွဲမှုမျိုးဆီ ဦးတည်သွားခဲ့တာ ဖြစ်ပါတယ်။ ဇာလုဇ်ညီ ထုတ်ပယ်ခံရခြင်းဟာ စစ်ပွဲကာလတလျှောက် ယူကရိန်း စစ်တပ်မှာ အကြီးမားဆုံး ရာထူးနေရာ အပြောင်းအလဲ အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဇီလန်စကီးကတော့ အမြင့်ဆုံးအဆင့် အမိန့်ပေးမှု စနစ်တွေမှာ အပြောင်းအလဲတွေ လိုအပ်လာပြီလို့ ယူဆတာကြောင့် အခုလို လုပ်ဆောင်ခဲ့ကြောင်း အကြောင်းပြပါတယ်။ သူက ဇာလုဇ်ညီဟာ စစ်ဦးစီးချုပ် မဟုတ်တော့ရင်တောင် စစ်ဆင်ရေးတွေရဲ့ အတွင်းစည်းမှာ ဆက်ရှိနေနိုင်လောက်တယ်လို့ အရိပ်အမြွက် ဆိုပါတယ်။

ဇီလန်စကီးက စစ်ဦးစီးချုပ်သစ် ဖြစ်လာမယ့် ဗိုလ်ချုပ်ကြီး ဆိုင်စကီက ထိုးစစ်ရော၊ ခံစစ်မှာပါ အတွေ့အကြုံနဲ့ မဟာဗျူဟာ အခင်းအကျင်းတွေ ကြွယ်ဝသူ တစ်ဦးလို့ ညွှန်းဆိုခဲ့ပါတယ်။ သူက ယူကရိန်း စစ်တပ်မှာ အပြောင်းအလဲတွေ လုပ်ဆောင်ချင်တာကို ဇာလုဇ်ညီနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေးခဲ့တယ်လို့လည်း ပြောကြားသွားပါတယ်။

ဇာလုဇ်ညီကို ယူကရိန်း လက်နက်ကိုင် တပ်ဖွဲ့အားလုံးရဲ့ စစ်ဦးစီးချုပ်အဖြစ် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှာ ဇီလန်စကီးကိုယ်တိုင် ခန့်အပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။