Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Metaရဲ့ လူမှုကွန်ရက် ဝန်ဆောင်မှုတွေ ကမ္ဘာအနှံ့ ပြတ်တောက်မှု ဖြစ်ခဲ့

နည်းပညာပိုင်း ချွတ်ယွင်းမှု ပြဿနာကို အခုတော့ အပြီးတိုင် ရှင်းလင်းပြီး ဖြစ်တယ်လို့ Metaက နောက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

Metaရဲ့ လူမှုကွန်ရက် ဝန်ဆောင်မှုတွေ ကမ္ဘာအနှံ့ ပြတ်တောက်မှု ဖြစ်ခဲ့
Metaရဲ့ လူမှုကွန်ရက် ဝန်ဆောင်မှုတွေ ကမ္ဘာအနှံ့ ပြတ်တောက်မှု ဖြစ်ခဲ့

Meta ကုမ္ပဏီရဲ့ လူမှုကွန်ရက် ပလက်ဖောင်းတွေဖြစ်တဲ့ Facebook၊ Messengerနဲ့ Instagramတို့ကို ချိတ်ဆက်လို့ မရတဲ့ ပြဿနာတခု ကမ္ဘာအနှံ့မှာ ဖြစ်ပွားခဲ့ပါတယ်။

မတ်လ ၅ ရက်နေ့ ညပိုင်းက Facebook၊ Messengerနဲ့ Meta သုံးစွဲသူ အများအပြားဟာ သူတို့ရဲ့ အကောင့်တွေကို Login ဝင်လို့မရဘဲ Password ရိုက်ထည့်ရင်လည်း မှားယွင်းနေတယ်ဆိုတဲ့ တုံ့ပြန် အသိပေးမှုနဲ့သာ ကြုံခဲ့ရပါတယ်။ Metaက အဲဒီကိစ္စကို နည်းပညာပိုင်း ချွတ်ယွင်းမှု တစ်ခုလို့ ဖြေရှင်းခဲ့ပြီး နှစ်နာရီလောက် အကြာမှာ အကောင့်တွေ ပုံမှန် ပြန်သုံးနေနိုင်ပြီလို့ ကြေညာခဲ့ပါတယ်။

Metaက Facebook အပါအဝင် ကုမ္ပဏီပိုင် လူမှုကွန်ရက် ပလက်ဖောင်း တချို့မှာ ပြဿနာတွေ ဖြစ်နေပြီး သုံးစွဲသူတွေ အခက်ကြုံနေတယ် ဆိုတာကို သိရှိထားကြောင်း၊ ပြဿနာကို အမြန်ဆုံး ဖြေရှင်းနေကြောင်း ပြိုင်ဘက် လူမှုကွန်ရက် မီဒီယာဖြစ်တဲ့ Xကနေတဆင့် ထုတ်ပြန် ဖြေရှင်းခဲ့ရပါတယ်။

နည်းပညာပိုင်း ချွတ်ယွင်းမှု ပြဿနာကို အခုတော့ အပြီးတိုင် ရှင်းလင်းပြီး ဖြစ်တယ်လို့ Metaက နောက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ ပြီးတော့ သုံးစွဲသူတွေ အဆင်မပြေ ဖြစ်ခဲ့တာတွေ အတွက်လည်း တောင်းပန်ကြောင်း ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုလိုမျိုး အထင်ကရ လူမှုကွန်ရက် ဝန်ဆောင်မှုတွေ ကမ္ဘာအနှံ့ ပြတ်တောက်သွားတာမျိုးက ရှားပါး အခြေအနေလို့ ဆိုနိုင်ပြီး Software update လုပ်တဲ့ အချိန်လိုမျိုးတွေမှာတော့ ကြုံရတတ်ပါတယ်။ ၂၀၂၁ ခုနှစ်တုန်းကလည်း Meta လက်အောက်ခံ Facebook၊ Instagramနဲ့ WhatsAppတို့ကို ၆ နာရီလောက် သုံးလို့မရတဲ့ ပြဿနာမျိုး ကြုံခဲ့ဖူးပါတယ်။

ကမ္ဘာအနှံ့ ဝန်ဆောင်မှု ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ဒဏ်က Metaရဲ့ စတော့ရှယ်ယာ စျေးကွက် တန်ဖိုးကိုလည်း ထိခိုက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ အခုပြဿနာအပြီး နောက်တနေ့မှာတော့ Metaရဲ့ ရှယ်ယာတွေဟာ ၁.၆ ရာခိုင်နှုန်းလောက် အနုတ်လက္ခဏာ ပြသွားခဲ့တယ်လို့လည်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်းမှာ ရေကာတာတွေ ရေယိုစိမ့်နေတာကို လူမှုကွန်ရက်ပေါ်တင် ဖြန့်ဝေသူကို အရေးယူမယ်လို့ စစ်တပ်လက်အောက်ခံဌာနဆိုင်ရာတွေက ဒေသခံတွေကို ဖိအားပေး ခြိမ်းခြောက်ထားပါတယ်။

နိုင်ငံတကာ

Facebookရဲ့ မိခင်ကုမ္ပဏီ Metaဟာ လူမှုကွန်ရက်တွေကနေတဆင့် ကလေးတွေရဲ့ ပုဂ္ဂိုလ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ထိပါးခြိမ်းခြောက်မှုတွေကို အစဉ်တစိုက် မျက်ကွယ်ပြုခဲ့ကြောင်း ဝန်ထမ်းဟောင်း တစ်ဦးက ထွက်ဆိုခဲ့ပါတယ်။

သတင်း

သံယာတော်တွေအနေနဲ့ လူမှုကွန်ရက်မှာ သာသနာနဲ့ မဆိုင်တဲ့ မသင့်လျော်တာတွေ မတင်ကြဖို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့(မဟန)က တားမြစ်လိုက်ပါတယ်။

ဆောင်းပါး

(Social Media ရဲ့ နောက်တစ်ဆင့်)