Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Facebookရဲ့ ကုမ္ပဏီ နာမည်ကို Metaလို့ တရားဝင် ပြောင်းလဲ

Facebook ကုမ္ပဏီရဲ့ နာမည်ကို Metaလို့ တရားဝင် ပြောင်းလဲ သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ ကုမ္ပဏီရဲ့ အနာဂတ် ရင်းနှီးမြှုပ်နှံမှုတွေ၊ လုပ်ငန်းချဲ့ထွင်မှုတွေအတွက် ကြိုတင် ရည်ရွယ်ထားတဲ့ ခြေလှမ်းသစ် တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

အရင်က လူမှုကွန်ရက် မီဒီယာတွေဖြစ်တဲ့ Facebook၊ Instagram၊ Whatsappတို့ကို Facebook ကုမ္ပဏီက ပိုင်ဆိုင် ထိန်းချုပ်ထားပါတယ်။ အခုတော့ ကုမ္ပဏီက Metaဆိုတဲ့ နာမည်ကို ပြောင်းသွားပြီး Facebookနဲ့ Instagramတို့လို ဝန်ဆောင်မှုတွေက လက်အောက်ခံ လုပ်ငန်းခွဲတွေ အနေနဲ့ ရပ်တည်သွားတော့မှာ ဖြစ်ပါတယ်။

Metaအဖြစ် နာမည်ပြောင်း ဖွဲ့စည်းလိုက်တဲ့နောက် ကုမ္ပဏီဟာ ပုံရိပ်ယောင် နည်းပညာ (VR) ကဏ္ဍမှာ ပိုပြီး ထဲထဲဝင်ဝင် ရင်းနှီး မြှုပ်နှံလာဖို့ ရှိနေပါတယ်။ Facebookနဲ့ ပတ်သက်လို့ အနုတ်လက္ခဏာဆန်တဲ့ သတင်းစကားတွေ ပျံ့နှံ့လာချိန်မှာပဲ ကုမ္ပဏီ နာမည်ပြောင်းတဲ့ကိစ္စ အထမြောက်လာခဲ့တာပါ။ ဝန်ထမ်းဟောင်း တစ်ဦးဆီက ပေါက်ကြားလာတဲ့ အချက်အလက်တွေအရ Facebookဟာ သုံးစွဲသူတွေရဲ့ ကောင်းကျိုးထက် ငွေကြေး အလုံးအရင်း ရရှိရေးကိုသာ ရှေ့တန်းတင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

နည်းပညာ လုပ်ငန်းစုကြီးတွေက မူရင်း ဝန်ဆောင်မှု နာမည်ကနေ ပြောင်းလဲပြီး ကုမ္ပဏီ နာမည်သစ် မှည့်ခေါ်စေတာမျိုး အရင်ကလည်း ရှိခဲ့ပါတယ်။ ၂၀၁၅ မှာ Google ကုမ္ပဏီက Alphabetလို့ နာမည်ပြောင်းသွားပြီး Googleကတော့ လက်အောက်ခံ ဌာနခွဲတစ်ခု ဖြစ်လာပါတယ်။ ဒါပေမဲ့ အများစုကတော့ Alphabetကိုလည်း Googleလို့ပဲ ဆက်ပြီး သုံးစွဲ ခေါ်ဝေါ်နေဆဲပါ။

Facebook ကုမ္ပဏီက ပြောင်းလဲလိုက်တဲ့ Meta ဆိုတာဟာ ဂရိ ဘာသာစကားက ဆင်းသက်လာပြီး ‘နယ်နိမိတ် တစ်ခုရဲ့ အလွန်’ ဆိုတာမျိုး အဓိပ္ပါယ် ရပါတယ်။ Facebook ထူထောင်သူ မတ်ခ်ဇူကာဘ့ဂ်က သူဟာ အလုံးစုံ နှံ့စပ်ပါဝင်တဲ့ Metaverse အွန်လိုင်းကမ္ဘာ တစ်ခုကို ထူထောင်ချင်တဲ့အတွက် ရှိရင်းစွဲ နာမည်က အဲဒီ စိတ်ကူးအတွက် မလုံလောက်တော့ဘူးလို့ ပြောပါတယ်။ အဲဒီ Metaverseမှာ ဂိမ်းတွေ၊ အလုပ်တွေ၊ ဆက်သွယ်ရေးတွေနဲ့ ပုံရိပ်ယောင် ဝန်းကျင်တွေ အားလုံး ချိတ်ဆက် ပါဝင်နေမယ်လို့ ဇူကာဘာ့ဂ်က ဆိုပါတယ်။ တစ်နည်းအားဖြင့် နိစ္စဓူဝ လူမှုဘဝ တစ်ခုလုံးကို ဒစ်ဂျစ်တယ် ပလက်ဖောင်း တစ်ခုပေါ် ဆွဲသွင်းချင်နေတဲ့ Facebookရဲ့ မဟာဗျူဟာ စိတ်ကူးအိပ်မက်လို့လည်း ပြောနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

Facebookဟာ အနာဂတ် ကာလ ကွန်ပျူတာ နည်းပညာကို ဖြန့်ကျက်မယ့် နယ်ပယ်ဟာ VR ဖြစ်လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်နေပြီး Metaverseက ဒစ်ဂျစ်တယ် ပတ်ဝန်းကျင် အားလုံးကို ချိတ်ဆက်ပေးဖို့ အားထုတ်လာဖွယ် ရှိနေပါတယ်။ လောလောဆယ်မှာ ကုမ္ပဏီ နာမည်ကို ပြောင်းလိုက်ပေမယ့် လူတွေက အလွယ်တကူ နှုတ်စွဲနေတဲ့ နာမည်ဟောင်းကနေ လိုက်ပြောင်းလဲ ခေါ်ဆိုမလား ဆိုတာကိုတော့ အများစုက သံသယ ရှိနေကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာပေါ်မှာ လူသုံးအများဆုံး လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်း တစ်ခုဖြစ်တဲ့ Facebookဟာ ချွတ်ယွင်းချက် တစ်ခုခုကြောင့် မိနစ်ပိုင်းလောက် ပြတ်တောက်သွားတာမျိုး ကမ္ဘာအနှံ့မှာ ကြုံခဲ့ရပါတယ်။

နိုင်ငံတကာ

အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေရဲ့ ကြော်ငြာတွေကို စိစစ်တားမြစ်ပေးဖို့ ပျက်ကွက်တဲ့အတွက် လူမှုကွန်ရက် မီဒီယာ Facebookရဲ့ မိခင်ကုမ္ပဏီ Metaကို တရားစွဲဆိုဖို့ ထိုင်းအာဏာပိုင်တွေက ပြင်ဆင်နေပါတယ်။

သတင်း

စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့ အကောင့်တွေကို ဖယ်ရှားနေတဲ့ Facebookက စီးပွားရေးနဲ့ ဝါဒဖြန့်ချိတဲ့ အကောင့် ၂၇၀ကို ထပ်မံဖယ်ရှားလိုက်တယ်လို့ Justice For Myanmar(JFM)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

Facebookကို အခပေး အသုံးပြုနိုင်မယ့် ဝန်ဆောင်မှုကို ဗြိတိန်မှာ ထောက်ပံ့ပေးသွားဖို့ မိခင်ကုမ္ပဏီဖြစ်တဲ့ Metaက စဉ်းစားနေကြောင်း သိရပါတယ်။