Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟားမားစ် စစ်ဦးစီးကို ပစ်မှတ်ထားတဲ့ အစ္စရေး တိုက်ခိုက်မှုမှာ ပါလက်စတိုင်း ရာဂဏန်းနီးပါး သေဆုံးခဲ့တယ်လို့ဆို

ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အဆိုအရ စစ်ပွဲအစပြုခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ပါလက်စတိုင်း အသေအပျောက်ဟာ ၃၉၀၀၀ နီးပါးလောက်ထိ များပြားလာခဲ့ကြောင်း သိရပါတယ်။

ဟားမားစ် စစ်ဦးစီးကို ပစ်မှတ်ထားတဲ့ အစ္စရေး တိုက်ခိုက်မှုမှာ ပါလက်စတိုင်း ရာဂဏန်းနီးပါး သေဆုံးခဲ့တယ်လို့ဆို
ဟားမားစ် စစ်ဦးစီးကို ပစ်မှတ်ထားတဲ့ အစ္စရေး တိုက်ခိုက်မှုမှာ ပါလက်စတိုင်း ရာဂဏန်းနီးပါး သေဆုံးခဲ့တယ်လို့ဆို

People’s Spring

ဟားမားစ် ထိပ်တန်း စစ်ဦးစီး တစ်ဦးကို ပစ်မှတ်ထားခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ပါလက်စတိုင်း ရာဂဏန်းနီးပါး သေဆုံးခဲ့တယ်လို့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဟားမားစ် လက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနက အခုသီတင်းပတ်ကုန် တိုက်ခိုက်မှုမှာ လူပေါင်း ၉၀ ကျော် သေဆုံးပြီး ၃၀၀ ဝန်းကျင် ဒဏ်ရာရခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ အစ္စရေးဟာ လူသားချင်းစာနာမှု ဇုန်တစ်ခုအဖြစ် သတ်မှတ်ထားတဲ့ ဧရိယာကို တိုက်ခိုက်ခဲ့တာလို့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

အစ္စရေး စစ်တပ် (IDF)က သူတို့ရဲ့ စစ်ဆင်ရေး ပစ်မှတ်ဟာ ဟားမားစ် ထိပ်သီး စစ်ဦးစီး တစ်ဦးဖြစ်တဲ့ မိုဟာမက် ဒီးဖ်နဲ့ သူ့ရဲ့လက်ထောက် ရာဖာ ဆာလာမာတို့ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကတော့ အဲဒီပစ်မှတ်နှစ်ဦး သေဆုံးခဲ့တယ် ဆိုတာကို အတည်မပြုနိုင်သေးကြောင်း ဇူလိုင် ၁၃ ရက်ညပိုင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

အစ္စရေး လေကြောင်းတိုက်ခိုက်မှုဟာ ခန်ယူနစ်မြို့မှာရှိတဲ့ အယ်လ်မာဝါဆီ ဧရိယာကို ထိမှန်ခဲ့တာပါ။ အဲဒီနေရာကို IDF ကိုယ်တိုင်က လူသားချင်းစာနာမှု ဇုန်အဖြစ် သတ်မှတ်ထားပါတယ်။

မျက်မြင်တစ်ဦးကတော့ ဒုံးကျည် (သို့မဟုတ်) ဗုံးထိမှန် ပေါက်ကွဲချိန်မှာ ငလျင်လှုပ်သလို သိမ့်သိမ့်တုန်သွားခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ တိုက်ခိုက်မှုအပြီး အခင်းဖြစ်ရာ နေရာမှာ အပျက်အစီးတွေကနေ မီးခိုးငွေ့တွေ ထွက်နေတာ၊ ထိခိုက်သေဆုံးသူတွေကို ထမ်းစင်တွေ၊ လက်တွန်းလှည်းတွေပေါ် တင်ပြီး ရွှေ့ပြောင်းနေတာတွေကို တွေ့ခဲ့ရပါတယ်။

နေတန်ညာဟုကတော့ သူဟာ ဟားမားစ်ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်အားလုံးကို တစ်ယောက်မကျန် ရှင်းလင်းပြီးတဲ့ထိ စစ်ဆင်ရေးတွေ ဆက်လက် လုပ်ဆောင်စေဖို့ ရည်ရွယ်ထားကြောင်း ပြောပါတယ်။

ဟားမားစ် ခေါင်းဆောင် အစ္စမေးလ် ဟာနီယာကတော့ နေတန်ညာဟုရဲ့ လုပ်ရပ်ဟာ လက်ရှိ နှစ်ဖက် ညှိနှိုင်းနေတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ပျက်ပြယ်အောင် ရည်ရွယ်ချက်ရှိရှိ ကြံစည်ထားတဲ့ ဆိုးယုတ်လှတဲ့ အစုအပြုံလိုက် သတ်ဖြတ်မှုမျိုးလို့ စွပ်စွဲသွားခဲ့ပါတယ်။ IDF အရာရှိ တစ်ဦးကတော့ ဟားမားစ် စွပ်စွဲချက်တွေကို ငြင်းပယ်ပြီး တိုက်ခိုက်မှုကို အရပ်သားတွေ မရှိဘဲ ရှင်းလင်းတဲ့ နေရာတစ်ခုမှာ လုပ်ဆောင်ခဲ့တာလို့ တုံ့ပြန်ထားပါတယ်။

ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အဆိုအရ စစ်ပွဲအစပြုခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ပါလက်စတိုင်း အသေအပျောက်ဟာ ၃၉၀၀၀ နီးပါးလောက်ထိ များပြားလာခဲ့ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ခိုက်မှုတွေကို ဆက်မလုပ်ဘဲ ရပ်နားထားမယ်လို့ အစ္စရေးနဲ့ အီရန်က အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အပစ်ရပ်ထားတဲ့ ကာလအတွင်း အစ္စရေးနဲ့ အီရန်ကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ပထမဆုံးအကြိမ် ပြန်လည် ဖြစ်ပွားလာခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။