Connect with us

Hi, what are you looking for?

နိုင်ငံတကာ

⁨ဂါဇာမှာ စစ်ရှိန်လျော့လာရင် ဟက်ဇ်ဘိုလာတွေနဲ့ ပဋိပက္ခကို အာရုံစိုက်မယ်လို့ အစ္စရေး ဝန်ကြီးချုပ် ခြိမ်းခြောက်

ဟက်ဇ်ဘိုလာတွေက လက်ရှိအတိုင်း ဆက်ပြီး ရန်လိုနေမယ်၊ ရန်စနေမယ်ဆိုရင် အစ္စရေးရဲ့ နောက်ထပ် စစ်ပွဲဟာ လက်ဘနွန်ပိုင်နက်ထဲမှာ ဖြစ်သွားနိုင်တယ်လို့လည်း သူက အရိပ်အမြွက် ဆိုပါတယ်။

⁨ဂါဇာမှာ စစ်ရှိန်လျော့လာရင် ဟက်ဇ်ဘိုလာတွေနဲ့ ပဋိပက္ခကို အာရုံစိုက်မယ်လို့ အစ္စရေး ဝန်ကြီးချုပ် ခြိမ်းခြောက်
⁨ဂါဇာမှာ စစ်ရှိန်လျော့လာရင် ဟက်ဇ်ဘိုလာတွေနဲ့ ပဋိပက္ခကို အာရုံစိုက်မယ်လို့ အစ္စရေး ဝန်ကြီးချုပ် ခြိမ်းခြောက်

ဂါဇာ ကမ်းမြှောင်ဒေသမှာ စစ်ဆင်ရေး အရှိန်အဟုန်တွေ လျှော့ချပြီးရင် အစ္စရေးရဲ့ အာရုံဟာ လက်ဘနွန် အခြေစိုက် ဟက်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့ဆီ ဦးတည်လာနိုင်ကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ခြိမ်းခြောက် သတိပေးလိုက်ပါတယ်။

အစ္စရေးဟာ နိုင်ငံတောင်ပိုင်းနဲ့ ထိစပ်နေတဲ့ ဂါဇာမှာ ကြီးမားတဲ့ စစ်ရေးလှုပ်ရှားမှုတွေ ဖြန့်ကျက်နေတဲ့အချိန် တလျှောက်လုံး နိုင်ငံမြောက်ပိုင်း လက်ဘနွန်နဲ့ နယ်စပ်မှာလည်း တပ်တွေ ဖြန့်ထားရပါတယ်။ လက်ဘနွန်မှာ အခြေစိုက်တဲ့ ဟက်ဇ်ဘိုလာတွေက အစ္စရေးနဲ့ အကြီးအကျယ် စစ်ရေး တင်းမာနေခဲ့ပြီး အပြန်အလှန် နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေကြောင့် နှစ်ဖက်စလုံးမှာ ထိခိုက်သေကြေမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အခုအခါမှာတော့ နေတန်ညာဟုက အစ္စရေး စစ်တပ်ဟာ ဂါဇာမှာ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ရတဲ့ စစ်ရေး လှုပ်ရှားမှုတွေ လက်စသတ်ခါနီးပြီ ဖြစ်တာကြောင့် တိုက်ခိုက်ရေး တပ်တွေကို မြောက်ပိုင်းနယ်စပ်ဆီ ပြောင်းရွှေ့ ဖြန့်ကျက်ဖို့ ပြင်ဆင်နေပြီလို့ ပြောကြားသွားပါတယ်။

တကယ်လို့ ဟက်ဇ်ဘိုလာတွေက လက်ရှိအတိုင်း ဆက်ပြီး ရန်လိုနေမယ်၊ ရန်စနေမယ်ဆိုရင် အစ္စရေးရဲ့ နောက်ထပ် စစ်ပွဲဟာ လက်ဘနွန်ပိုင်နက်ထဲမှာ ဖြစ်သွားနိုင်တယ်လို့လည်း သူက အရိပ်အမြွက် ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နေတန်ညာဟုက ဂါဇာမှာ ဟားမားစ် ပြောက်ကျားတွေရဲ့ နောက်ဆုံးလက်ကျန် အမာခံ အခြေစိုက် စခန်းဖြစ်တဲ့ ရာဖာဟ်မြို့ကို အစ္စရေး စစ်တပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေဟာ အပြီးသတ်လုနီးပါး အဆင့်ကို ရောက်နေပြီး အဲဒီနောက်ပိုင်း ဂါဇာမှာ အင်အားအလုံးအရင်းနဲ့ စစ်ဆင်ရေး ဆင်နွှဲမှုတွေ ရှိတော့မှာ မဟုတ်ဘူးလို့ ပြောကြားသွားပါတယ်။

ဒါပေမဲ့ ဂါဇာစစ်ပွဲ တစ်ခုလုံး ပြီးဆုံးဖို့ ဆိုတာက ဟားမားစ်တွေကို လုံးဝ ခေါင်းမထောင်နိုင်အောင် ရှင်းလင်းနိုင်ပြီးမှသာ ဖြစ်လိမ့်မယ်လို့ သူက ဆိုပါတယ်။ ဒါ့အပြင် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး ကိစ္စကိုလည်း အစ္စရေးက လက်သင့်ခံမှာ မဟုတ်ကြောင်း ထပ်လောင်း အတည်ပြုသွားပါတယ်။

ဟက်ဇ်ဘိုလာတွေနဲ့ စစ်ရေး ပိုမိုတင်းမာလာတာနဲ့ ပတ်သက်လို့တော့ နေတန်ညာဟုက သံတမန်ရေး နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ လိုလားကြောင်း၊ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကွဲပြားတဲ့ နည်းလမ်းတွေကို အမြဲတမ်း စဉ်းစားထားကြောင်း သတိပေးသွားပါတယ်။ အစ္စရေးဟာ တပြိုင်တည်းမှာတင် စစ်မျက်နှာ အများအပြား ဖြန့်ကျက် တိုက်ခိုက်နိုင်စွမ်း ရှိသလို လိုအပ်လာရင် အဲဒီလို တိုက်ခိုက်ဖို့လည်း ပြင်ဆင်ထားကြောင်း နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

တစ်ဖက်မှာတော့ အစ္စရေးနဲ့သာ စစ်ဖြစ်လာရင် ဟက်ဇ်ဘိုလာဖက်က ကူညီတိုက်ခိုက်ဖို့အတွက် အီရန် ကျောထောက်နောက်ခံ ပေးထားတဲ့ ဒေသတွင်း လက်နက်ကိုင် အင်အားစု တော်တော်များများရဲ့ တပ်ဖွဲ့ဝင် ထောင်ဂဏန်းလောက်က ဆက်သွယ် စာရင်းပေးထားတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အစ္စရေးနဲ့ ဖြစ်ပွားခဲ့တဲ့ နယ်စပ် ပဋိပက္ခတွေမှာ ဟက်ဇ်ဘိုလာတွေဟာ ထောက်လှမ်းရခက်တဲ့ ဒရုန်းတွေ အပါအဝင် ခေတ်မီ လက်နက် အသစ်အဆန်းတွေကို ပိုမိုအသုံးပြုလာနေကြောင်းလည်း သိရပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်မှာ အစ္စရေးက တိုက်ခိုက်မှုတွေ မရပ်တဲ့အတွက် ဟောမုဇ် ရေလက်ကြားကို ပြန်ပိတ်လိုက်ကြောင်း အီရန်စစ်တပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးစစ်တပ်နဲ့ လက်ဘနွန်နိုင်ငံ အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတပ်တွေကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိသွားပြီလို့ အမေရိကန်က ကြေညာခဲ့ပေမယ့် တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

တိုက်ခိုက်မှုတွေကို ဆက်မလုပ်ဘဲ ရပ်နားထားမယ်လို့ အစ္စရေးနဲ့ အီရန်က အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။