Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားနဲ့ ယူကရိန်းကြား သုံ့ပန်း ၂၀၀ ကျော် လဲလှယ်

ရုရှားနဲ့ ယူကရိန်းတို့ကြားမှာ စုစုပေါင်း အကျဉ်းသား ၂၀၀ ကျော်ကို သုံ့ပန်းချင်း လဲလှယ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ သုံ့ပန်းလဲလှယ်မှု အစီအစဉ် ချောမွေ့ အောင်မြင်အောင် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံက ကြားဝင် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါတယ်။ တစ်ဖက်စီကနေ သုံ့ပန်း ၁၀၃ ဦးစီ၊ စုစုပေါင်း သုံ့ပန်း ၂၀၆ ဦးကို လဲလှယ်ခဲ့တာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကာ့စ်ခ်ဒေသထဲ ကျူးကျော်ဝင်ရောက်တဲ့ ယူကရိန်း တပ်တွေထဲကနေ ဖမ်းဆီးရမိခဲ့သူ ၁၀၃ ဦးကို သုံ့ပန်းလဲလှယ်မှုအရ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြောပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့မှာတော့ ပြန်လည်လွတ်မြောက်လာတဲ့ ယူကရိန်း သုံ့ပန်း တချို့ဟာ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ အတူတွဲ ဓာတ်ပုံရိုက်ထားခဲ့တာကို တွေ့ရပြီး ဇီလန်စကီးက ‘ကျွန်တော်တို့လူတွေ အိမ်ပြန်ရောက်ပြီ’လို့ လူမှုကွန်ရက်မှာ ရေးသားထားခဲ့တာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့လက ယူကရိန်းဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး ရုရှားနိုင်ငံ အနောက်ဖက်စွန်းမှာရှိတဲ့ ကာ့စ်ခ်ဒေသကို အလစ်အငိုက် စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ စစ်ဆင်ရေးဟာ ရုရှားကို အံ့အားသင့်စေခဲ့သလို မြို့ရွာတချို့ကို ယူကရိန်း တပ်တွေရဲ့ သိမ်းပိုက်ခြင်း ခံခဲ့ရပါတယ်။ အခုအခါမှာတော့ ရုရှားဟာ ခံစစ်ကို ခိုင်ခိုင်မာမာ တည်ဆောက်ပြီး ယူကရိန်း တပ်တွေကို တန်ပြန်ထိုးစစ် ဆင်နွှဲနေပြီလို့ ဆိုပါတယ်။

ဇီလန်စကီးရဲ့ အဆိုအရ ရုရှားပြန်လွှတ်ပေးလိုက်တဲ့ထဲမှာ တပ်သားနဲ့ အကြပ်စပ်သည် ၈၂ ဦးနဲ့ အရာရှိ ၈၂ ဦး ပါဝင်ပြီး စစ်တပ်ကသာ မကဘဲ အမျိုးသား အစောင့်တပ်၊ နယ်ခြားစောင့်တပ်နဲ့ ရဲတပ်ဖွဲ့ထဲက အမှုထမ်းတွေပါ ရောနှောပါဝင်တယ်လို့ သိရပါတယ်။

ယူကရိန်းက ပြန်လွှတ်ပေးလိုက်တဲ့ သုံ့ပန်းတွေကတော့ လောလောဆယ် ရုရှားမဟာမိတ်ဖြစ်တဲ့ ဘီလားရုစ် နိုင်ငံကို ရောက်ရှိနေပြီး လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ဆေးဝါး အထောက်အပံ့တွေ ခံယူရရှိထားတယ်လို့ ရုရှားက ထုတ်ပြန်ပါတယ်။ အဲဒီ ရုရှား တပ်ဖွဲ့ဝင်တွေကို ပြန်လည် ခေါ်ယူမယ့် အစီအမံ အသေးစိတ်ကိုတော့ မကြေညာသေးပါဘူး။

ယူအေအီးဟာ ရုရှား-ယူကရိန်း စစ်ပွဲမှာ ကြားနေနိုင်ငံအဖြစ် ရပ်တည်မယ်လို့ ကြေညာထားပြီး အရင်ကလည်း နှစ်ဖက် သုံ့ပန်းတွေ လဲလှယ်မှု အထမြောက် အောင်မြင်စေဖို့ ကြားဝင် ညှိနှိုင်းတာတွေ ရှိခဲ့ဖူးပါတယ်။

ဩဂုတ်လတုန်းကလည်း ကာ့စ်ခ်မှာ ယူကရိန်းရဲ့ ထိုးစစ် စတင်ပြီး မကြာခင်မှာပဲ စုစုပေါင်း သုံ့ပန်း ၂၃၀ ကို နှစ်ဖက်ကြားမှာ လဲလှယ်ခဲ့ဖူးပြီး ယူအေအီးကပဲ ကြားဝင် ညှိနှိုင်းပေးခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။