Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရဲ့ ထိပ်တန်း ဒုံးကျည် သိပ္ပံပညာရှင်ကို လုပ်ကြံခဲ့တယ်လို့ ယူကရိန်း ထောက်လှမ်းရေးပြော

ရုရှားရဲ့ ထိပ်တန်း ဒုံးကျည်လက်နက်ဆိုင်ရာ သိပ္ပံပညာရှင် တစ်ယောက်ကို လုပ်ကြံနိုင်ခဲ့ကြောင်း ယူကရိန်း ထောက်လှမ်းရေးက ပြောပါတယ်။

ရုရှားရဲ့ ထိပ်တန်း ဒုံးကျည်လက်နက်ဆိုင်ရာ သိပ္ပံပညာရှင် တစ်ယောက်ကို လုပ်ကြံနိုင်ခဲ့ကြောင်း ယူကရိန်း ထောက်လှမ်းရေးက ပြောပါတယ်။

မစ်ခေးလ် ရှတ်စကီရဲ့ ရုပ်အလောင်းကို အခုသီတင်းပတ် အစောပိုင်းက မော်စကိုမြို့တော်မှာရှိတဲ့ နှင်းဖုံးနေတဲ့ ပန်းခြံတစ်ခုထဲမှာ ရှာတွေ့ခဲ့ကြောင်း ရုရှား အာဏာပိုင်တွေက ပြောပါတယ်။ သူဟာ သေနတ်နဲ့ ပစ်သတ်ခြင်း ခံခဲ့ရတာပါ။

ရှတ်စကီဟာ ရုရှားရဲ့ ခရုစ်ဒုံးကျည် နည်းပညာဆိုင်ရာ ထိပ်တန်း သိပ္ပံပညာရှင် တစ်သီးဖြစ်ပြီး မော်စကို အခြေစိုက် ဒုံးကျည် နည်းပညာ ယူနစ်တစ်ခုရဲ့ ဒုတိယ ဒါရိုက်တာ ရာထူးကို ရယူထားသူ ဖြစ်ပါတယ်။

ရုရှားရဲ့ စစ်ဘက်ပစ္စည်းတွေ ထုတ်လုပ်မှု ကွန်ရက်မှာ ပါဝင်နေပြီး ယူကရိန်းအပေါ် ကျူးကျော်စစ်ပြုတဲ့ ရုရှားကို အထောက်အပံ့ ပေးနေသူ မှန်သမျှကို တရားဝင် ပစ်မှတ်တွေအဖြစ် သတ်မှတ်မယ်လို့ ယူကရိန်း ထောက်လှမ်းရေး အရာရှိ တစ်ယောက်က Kyiv Independent သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရှတ်စကီဟာ ယူကရိန်း လုပ်ကြံမှုကြောင့် သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ရုရှား အာဏာပိုင်တွေ၊ အစိုးရ လော်ဘီတွေနဲ့ သတင်းမီဒီယာတွေကတော့ ဘာမှ တိတိကျကျ ဖော်ပြတာမျိုး မရှိသေးပါဘူး။

ယူကရိန်းကို လိုလားတဲ့ Telegram channelတွေကတော့ အနက်ရောင် ကုတ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီ ဝတ်ထားသူတစ်ဦး သွေးအိုင်ထဲ လဲနေတဲ့ ဓာတ်ပုံကို ဖော်ပြခဲ့ပါတယ်။ နှင်းတွေကြား သေဆုံးနေသူဟာ ရှတ်စကီဆိုတာ တိတိကျကျ အတည်မပြုနိုင်ပေမယ့် ရှတ်စကီရဲ့ ဝိသေသလို့ ဆိုနိုင်တဲ့ မည်းနက်တဲ့ နှုတ်ခမ်းမွေးကိုတော့ မြင်နေခဲ့ရပါတယ်။

နောက်ထပ် ယူကရိန်း ထောက်လှမ်းရေး သတင်းရင်းမြစ် တစ်ဦးကလည်း ထောက်လှမ်းရေး ဌာနရဲ့ အစီအမံနဲ့ ရှတ်စကီကို ကူဇ်မင်ကီ သစ်တော ဥယျာဉ်ထဲမှာ ရှင်းလင်း သုတ်သင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ရှတ်စကီဟာ ဒုံးကျည် သိပ္ပံပညာရှင် တစ်ဦးဖြစ်သလို ရုရှားရဲ့ ဒရုန်းတွေနဲ့ လေယာဉ်တွေမှာ ဉာဏ်ရည်တု (AI) နည်းပညာ ထည့်သွင်းပေါင်းစပ်ဖို့ အားထုတ်မှုတွေမှာလည်း ထဲထဲဝင်ဝင် ပါဝင်နေသူ တစ်ယောက်လို့ လူသိများခဲ့ပါတယ်။ နောက်ပြီး သူဟာ ရုရှားရဲ့ Kh-59နဲ့ Kh-69 ခရုစ်ဒုံးကျည်တွေကို အဆင့်မြှင့်ခဲ့တဲ့ အစီအစဉ်တွေမှာလည်း အဓိက ပါဝင်ခဲ့ပါတယ်။ ယူကရိန်း ပိုင်နက်ကို တိုက်ခိုက်ခဲ့ချိန်မှာ ရုရှားဟာ အဲဒီ ဒုံးကျည်တွေ အများအပြားကို အသုံးပြုခဲ့ပါတယ်။

ကိုးကား: Telegraph

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပိုင်နက် အငြင်းပွားမှုတွေ ရှိနေတဲ့ ကျွန်းတန်းတွေဆီကို ရုရှား သမ္မတ ဗလာဒီမာ ပူတင် အလည်အပတ် သွားရောက်ခဲ့တဲ့အပေါ် ဂျပန် အစိုးရက ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားဟာ မြောက်ကိုရီးယားက ထုတ်လုပ်တဲ့ ဒုံးကျည်တွေကို စစ်ပွဲမှာ အသုံးပြု တိုက်ခိုက်နေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။

ဘာသာပြန်ဆောင်းပါး

ယာဘလိုကာ (Yabloko) ပါတီဟာ ရုရှားမှာ ကျန်ရှိနေတဲ့ အဓိက စစ်ဆန့်ကျင်ရေးပါတီဖြစ်ပေမယ့်စက်တင်ဘာရွေးကောက်ပွဲမှာဝင်ပြိုင်ခွင့်ပိတ်ပင်ခံလိုက်ရပါတယ်။ ဒါကြောင့်ရုရှားမှာ စစ်ဆန့်ကျင်ရေးနိုင်ငံရေး ပိုကျဉ်းလာပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။