Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မွန်တီနီဂရိုးမှာ သေနတ်သမား တစ်ဦးက လူ ၁၀ ယောက်ကို ပစ်သတ်ပြီး အဆုံးစီရင်သွား

မွန်တီနီဂရိုး နိုင်ငံမှာ သေနတ်သမား တစ်ယောက်ဟာ အနည်းဆုံး လူ ၁၀ ဦးလောက်ကို ပစ်သတ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်လည်း အဆုံးစီရင်သွားခဲ့ပါတယ်။

မွန်တီနီဂရိုး နိုင်ငံမှာ သေနတ်သမား တစ်ယောက်ဟာ အနည်းဆုံး လူ ၁၀ ဦးလောက်ကို ပစ်သတ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်လည်း အဆုံးစီရင်သွားခဲ့ပါတယ်။

ဇန်နဝါရီ ၁ ရက်နေ့က မွန်တီနီဂရိုးရဲ့ မြို့ငယ်လေး တစ်ခုဖြစ်တဲ့ စီတင်ဂျီမှာ အသက် ၄၅ နှစ်အရွယ် အလက်ဇန္ဒား မာတီနိုဗစ်ဟာ သူ့အိမ်နား တဝိုက်မှာ တွေ့ရာလူတွေကို ရမ်းကား ပစ်ခတ်ခဲ့တာပါ။

သူဟာ ရဲတွေရဲ့ ပိတ်ဆို့ ဝန်းရံမှုကို ခံရတဲ့နောက် ကိုယ့်ကိုယ်ကိုယ်ပါ ပစ်သတ်ပြီး သေကြောင်း ကြံစည်ခဲ့ပေမယ့် ချက်ချင်း မသေခဲ့ဘဲ ဇန်နဝါရီ ၂ ရက်နေ့ မနက်ပိုင်းမှသာ သေဆုံးသွားခဲ့တာလို့ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ပြေးမလွတ်မှန်း သိတဲ့အချိန်မှာ သေနတ်သမားက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပေမယ့် ပွဲချင်းပြီး မသေဘဲ ဆေးရုံရောက်မှ သေသွားခဲ့တာ ဖြစ်တယ်လို့ ပြည်ထဲရေး ဝန်ကြီး ဒန်နီလို ဆာရာနိုဗစ်က ပြောပါတယ်။ သူက အသေးစိတ် အချက်အလက်တွေကိုတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုသွားပါတယ်။

Public Service Announcement

Public Service Announcement

မာတီနိုဗစ်ဟာ အိမ်နားမှာရှိတဲ့ စားသောက်ဆိုင် တစ်ခုမှာ လူ ၄ ဦးကို ပထမဆုံး ပစ်သတ်ပြီး ထွက်ပြေးခဲ့ပါတယ်။ နောက်တော့ အနီးတဝိုက် နေရာ ၃ ခုစီ လှည့်လည်ပြီး နောက်ထပ် လူ ၆ ယောက်ကို ပစ်သတ်ခဲ့ပြန်တယ်လို့ ရဲတွေက ဆိုပါတယ်။ သူ့လက်ချက်ကြောင့် သေဆုံးခဲ့သူတွေထဲမှာ ကလေး ၂ ဦး ပါဝင်ခဲ့ပြီး ဆေးရုံမှာ အသက်လု ကုသမှု ခံယူနေရသူလည်း နောက်ထပ် ၄ ဦး ရှိပါတယ်။

ရဲတွေက မာတီနိုဗစ်ဟာ တရားမဝင် လက်နက်ကိုင်ဆောင်မှု ပြစ်မှုမှတ်တမ်း ရှိသူ တစ်ယောက်လို့ ဆိုပါတယ်။ သေနတ်သမားဟာ ပစ်ခတ်မှုတွေ မစခင်မှာ အရမ်း အရက်မူးနေခဲ့သလို စားသောက်ဆိုင်ထဲမှာလည်း ရန်ပွဲဖြစ်ခဲ့သေးတယ်လို့ မွန်တီနီဂရိုး ဝန်ကြီးချုပ် မီလော့ဂျ်ကို စပါဂျစ်က ပြောပါတယ်။

ရဲတွေကတော့ အခုဖြစ်ရပ်ဟာ အကြမ်းဖက်မှု၊ ဒါမှမဟုတ် အုပ်စုဖွဲ့ ဂိုဏ်းဂဏ ကိစ္စတွေနဲ့ ဆက်နွှယ်မှု မရှိနိုင်ဘူးလို့ ကနဦး ယူဆထားပါတယ်။

မွန်တီနီဂရိုးဟာ နိုင်ငံလူဦးရေ ၆ သိန်းကျော်နဲ့ ယှဉ်ရင် သေနတ်ကိုင်ဆောင်သူ များပြားပေမယ့် အစုလိုက်အပြုံလိုက် ပစ်ခတ်မှုတွေကတော့ ရှားပါးတယ်လို့ ဆိုနိုင်ပါတယ်။ ၂၀၂၂ တုန်းကတော့ စီတင်ဂျီမှာပဲ ပစ်ခတ်မှုတစ်ခု ဖြစ်ပွားလို့ သေနတ်သမားနဲ့ ကလေး ၂ ယောက် အပါအဝင် ၁၁ ယောက် သေဆုံးခဲ့ဖူးပါတယ်။

အစိုးရ အသီးသီးဟာ လက်နက်ကိုင်ဆောင်ခွင့်နဲ့ ပတ်သက်လို့ ဥပဒေတွေကို တင်းကျပ်ဖို့ ကြိုးစားလာတဲ့တိုင် ဆာဘီးယား၊ မွန်တီနီဂရိုး၊ အယ်လ်ဘေးနီးယား၊ ကိုဆိုဗို၊ မြောက်ပိုင်း မက်စီဒိုးနီးယား နိုင်ငံတွေ ပါဝင်တဲ့ အနောက်ဖက် ဘော်လ်ကန် ဒေသမှာ သေနတ်ကိုင်ဆောင်သူ အများအပြား ရှိနေဆဲပါ။ အများစုဟာ ၁၉၉၀ ပြည့်လွန်နှစ်၊ ဘော်လ်ကန် စစ်ပွဲတွေရဲ့ အကြွင်းအကျန် လက်နက်တွေဖြစ်ပြီး တချို့ သေနတ်တွေကတော့ ပထမ ကမ္ဘာစစ် လက်ကျန်တွေတောင် ပါဝင်တယ်လို့ သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တဲ့ ကိစ္စ မအောင်မြင်ခဲ့တဲ့နောက် အဲဒီ အမိန့်ကို ကြီးမှူး အကောင်အထည် ဖော်ခဲ့သူ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဟောင်းဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ခရီးသည်တွေ အများအပြား လိုက်ပါလာတဲ့ ယာဉ်တန်းတစ်ခုကို သေနတ်သမားတွေက ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတွေ၊ ကလေးတွေ အပါအဝင် လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မတ်လ ၁၀ရက်မှ၁၃ရက်အတွင်း လက်နက်ကြီးဖြင့် ဆယ်ကြိမ်ခန့်ပစ်ခတ်ခဲ့၍ ဒေသခံ ပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု​တော်လှန်​ရေူအင်အားစုများက​ပြောသည်။

သတင်း

မြန်မာပြည်ကို ပြန်ချင်နေပေမယ့် မိသားစုဝင်တွေအားလုံး ထိုင်းမှာရှိနေတဲ့အတွက် သမီးဖြစ်သူက ပြန်ခွင့်မပေးခဲ့တာလို့ ဘန်ကောက်ပို့စ်ကဆိုထားပါတယ်။