Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘန်ကောက်မြို့လယ်ကစျေးမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး ၄ ဦးသေ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ကချာတူချက် စျေးမှာပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၄ ဦး သေဆုံးခဲ့သလို သေနတ်သမားလည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း သိရပါတယ်။

သေနတ်သမား။ ဓာတ်ပုံ - Khaosod

ဇူလိုင်-၂၈၊၂၀၂၅။People’s Spring

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ကချာတူချက် စျေးမှာပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၄ ဦး သေဆုံးခဲ့သလို သေနတ်သမားလည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း သိရပါတယ်။

ဇူလိုင် ၂၈ ရက် နေ့လယ်ပိုင်းတုန်းက ချာတူချက်မှာရှိတဲ့ အော်တော်ကော်စျေးထဲမှာပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

ကနဦး သိရှိထားတာကတော့ သေဆုံးသူတွေဟာ လုံခြုံရေး အစောင့်တွေလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သေနတ်သမားဟာ အနက်ရောင် ရှပ်အင်္ကျီ၊ အသားရောင် ဘောင်းဘီကို ဝတ်ထားပြီး စစ်သုံး ကျောပိုးအိတ်လွယ်ထားသူသက်ကြီးပိုင်း အမျိုးသား တစ်ဦးလို့ မျက်မြင်တွေက ပြောပါတယ်။

ဘာကြောင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

နောက်ပိုင်းမှာတော့သေနတ်သမားဟာကိုယ့်ကိုယ်ကိုယ်ပစ်ခတ်ထားတဲ့ဒဏ်ရာတွေနဲ့ သေဆုံးလျက်သားရှာတွေ့ခဲ့တယ်လို့လည်းသိရပါတယ်။

အခင်းဖြစ်ရာ နေရာမှာတော့ လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်ထားတာကိုလည်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

လူမှုကွန်ရက်ပေါ်မှာတော့ လက်နက်ကိုင် အမျိုးသားတစ်ဦးကို ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခုက မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားခဲ့ပါတယ်။ ထိုင်းရဲတပ်ဖွဲ့ကတော့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ် ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

အခုဖြစ်ရပ်ဟာလက်ရှိဖြစ်ပွားနေတဲ့ထိုင်းနဲ့ ကမ္ဘောဒီးယားကြားက နယ်စပ်စစ်ရေး ပဋိပက္ခနဲ့ အဆက်အစပ်ရှိ၊မရှိဆိုတာကိုလည်းအတည်မပြုနိုင်သေးပါဘူး။

ကိုးကား – Khaosod

ဆက်စပ်သတင်းများ

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

Facebook