Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘရာဇီးမှာ ကားလမ်းပေါ် လေယာဉ်ငယ် ပျက်ကျပြီး ဘတ်စ်ကားနဲ့ ဝင်တိုက်၊ ၂ ဦးသေ

ဘရာဇီးမှာ ပျက်ကျလာတဲ့ လေယာဉ်ငယ်က ဘတ်စ်ကားကို ဝင်တိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဘရာဇီးမှာ ပျက်ကျလာတဲ့ လေယာဉ်ငယ်က ဘတ်စ်ကားကို ဝင်တိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၇ ရက်နေ့တုန်းက ဘရာဇီးတောင်ပိုင်း၊ ဆာအိုပေါ်လိုမြို့ထဲက ဘာရာဖွန်ဒါ ရပ်ကွက်ထဲမှာ ယာဉ်အသွားအလာ ရှုပ်ထွေးနေတဲ့ ကားလမ်းပေါ်ကို လေယာဉ်ငယ် ပျက်ကျခဲ့တာပါ။

လေယာဉ်ဟာ လမ်းပေါ်မှာ မောင်းနှင်နေတဲ့ ဘတ်စ်ကားတစ်စီးကိုပါ ဝင်တိုက်ပြီး မီးစွဲလောင်ခဲ့ကြောင်း မျက်မြင်တွေက ပြောပါတယ်။ ပြီးတော့ လေယာဉ်ပေါ် ပါလာသူ ၂ ဦး မီးလောင် သေဆုံးသွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဒဏ်ရာရသူ စုစုပေါင်း ၆ ဦး ရှိခဲ့ပြီး ဘတ်စ်ကားပေါ်မှာ ပါလာတဲ့ အမျိုးသမီး ၁ ယောက်နဲ့ မော်တော်ဆိုင်ကယ်စီးပြီး ဖြတ်သန်း မောင်းနှင်သွားသူ ၁ ယောက်လည်း ပါဝင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ လွင့်စင်လာတဲ့ အစအနတွေ ထိမှန်တာ ခံခဲ့ရတာပါ။

Public Service Announcement

Public Service Announcement

သေဆုံးခဲ့သူ ၂ ဦးဟာ လေယာဉ် အမှုထမ်းတွေလား၊ ခရီးသည်တွေလား ဆိုတာကို သဲသဲကွဲကွဲ မသိရသေးကြောင်း ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ဦးဆောင်ခဲ့တဲ့ ဆာအိုပေါ်လို မီးသတ်ဌာန ဗိုလ်ကြီး အန်ဒရီ အီလီရက်စ် ဆန်းတို့စ်က ပြောပါတယ်။

လုံခြု့ရေး ကင်မရာ မှတ်တမ်းအရ လေယာဉ်ဟာ လမ်းဆုံတစ်နေရာကို အရှိန်နဲ့ ထိုးဆင်းလာခဲ့ပြီး မီးလောင်ရာက မီးခိုးလုံးတွေ ချက်ချင်း အူထွက်လာတာကို တွေ့ရပါတယ်။ လေယာဉ်ဟာ မီးပွိုင့်မှာ တန်းစီပြီး ရပ်ထားတဲ့ ယာဉ်တန်းကြီးနဲ့ ပွတ်ကာသီကာ လွဲချော်သွားခဲ့တာ ဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာ ရသူတွေကိုတော့ နီးစပ်ရာ ဆေးရုံတွေဆီ တင်ပို့ထားပြီး လေယာဉ်ပေါ်မှာ လူဘယ်နှယောက် ပါလာသလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

လေယာဉ်ပျက်ကျတဲ့ နေရာဟာ ဆာအိုပေါ်လိုမှာ အစည်ကားဆုံး ရပ်ကွက်တစ်ခုဖြစ်ပြီး ဆိုင်တွေ၊ ရုံးတွေ အများအပြား တည်ရှိနေပါတယ်။

အင်ဂျင်နှစ်လုံးတပ် King Air လေယာဉ်ငယ်ဟာ ပေါ်တို အလီဂရီကနေ ရီယို ဂရန်ဒိုဆူလ်ကို ဦးတည်ပျံသန်းနေခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ဟာ ကမ်ပိုဒီမာတီ လေဆိပ်ကနေ ပျံတက်ပြီး မိနစ်ပိုင်း အကြာမှာတင် လေကြောင်း ထိန်းသိမ်းရေး မျှော်စင်နဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာပါ။ လေယာဉ်ဟာ ပျံတက်တဲ့ နေရာကနေ ၅ ကီလိုမီတာလောက် အကွာမှာ ပျက်ကျနေခဲ့ပါတယ်။

ဆာအိုပေါ်လို မြို့တော်ဝန် ရီကာဒို နူနက်ဇ်ကတော့ လေယာဉ်ပျက်ကျမှုအတွက် အထူးဝမ်းနည်း ကြေကွဲကြောင်းနဲ့ ထိခိုက်နစ်နာသူတွေအတွက် အကူအညီတွေ အစွမ်းကုန် ပေးအပ်သွားမှာဖြစ်ကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

လေယာဉ်ပျက်ကျမှု အကြောင်းရင်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလားရဲ့ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ ဘရာဇီးဟာ အာရှ အသင်းကောင်း ဂျပန်ကို ကျော်ဖြတ်ပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ ဘောလုံး အဆင့်အတန်း သိသိသာသာ တိုးတက်လာပြီး အခုနှစ် ပြိုင်ပွဲမှာ ဖျက်မြင်း အသင်းတစ်သင်းအဖြစ် သတ်မှတ် ခံထားရတဲ့ ဂျပန်ဟာ...

နိုင်ငံတကာ

ဘရာဇီးနဲ့ ပွဲစဉ်မှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူရမယ့် အခြေအနေထိကြိုတင်တွေးတော ပြင်ဆင်ထားကြောင်းဂျပန်လက်ရွေးစင် ဘောလုံးအသင်းရဲ့ နည်းပြက ပြောပါတယ်။

နိုင်ငံတကာ

ဘရာဇီး ဘောလုံး ပရိသတ်တွေရဲ့ အချစ်တော် ဝါရင့် တိုက်စစ်မှူးကြီး နေမာ ဂျူနီယာဟာ ကမ္ဘာ့ဖလား ပွဲစဉ်တစ်ခုမှာ ပါဝင်ကစားပြီး နိုင်ငံလက်ရွေးစင် အသင်းနဲ့ ရက်ပေါင်း ၁၀၀၀ နီးပါး ကင်းကွာနေမှုကို အဆုံးသတ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘရာဇီးနိုင်ငံမှာ ရဟတ်ယာဉ်နှစ်စီး လေထဲ တိုက်မိရာက ထင်ရှားတဲ့ အမေရိကန် ဂီတ ပညာရှင် တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါတယ်။