Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပြီးရင် ယူကရိန်းမှာ တပ်တွေနဲ့ လေယာဉ်တွေ ဖြန့်ကျက်ဖို့ အသင့်ရှိကြောင်း ဗြိတိန် ဝန်ကြီးချုပ်ပြော

ယူကရိန်း စစ်ပွဲ ပြီးဆုံးသွားရင် ရေရှည် ငြိမ်းချမ်းရေးကို ကူညီ ထိန်းသိမ်းဖို့အတွက် ဗြိတိန်စစ်တပ်နဲ့ စစ်လေယာဉ်တွေ ယူကရိန်းမှာ ဖြန့်ကျက်ထားဖို့ အသင့်ရှိကြောင်း ဗြိတိန် ဝန်ကြီးချုပ် ဆာ ကီရာ စတာမာက ပြောကြားခဲ့ပါတယ်။

ယူကရိန်း စစ်ပွဲ ပြီးဆုံးသွားရင် ရေရှည် ငြိမ်းချမ်းရေးကို ကူညီ ထိန်းသိမ်းဖို့အတွက် ဗြိတိန်စစ်တပ်နဲ့ စစ်လေယာဉ်တွေ ယူကရိန်းမှာ ဖြန့်ကျက်ထားဖို့ အသင့်ရှိကြောင်း ဗြိတိန် ဝန်ကြီးချုပ် ဆာ ကီရာ စတာမာက ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီ မြို့တော်မှာ အိမ်ရှင်နိုင်ငံ သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် အိမ်ဖြူတော်မှာ စတာမာက သတင်းထောက်တွေကို အဲဒီ စိတ်ကူးအကြောင်း အတည်ပြု ပြောကြားခဲ့တာပါ။

ဗြိတိန်အနေနဲ့ ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေးနဲ့ ပတ်သက်လို့ ထွက်ပေါ်လာမယ့် သဘောတူညီချက် တစ်ခုခုမှာ အချက်အခြာ နေရာကနေ ပြတ်သားပြီး မျှတတဲ့ သဘောထားနဲ့ ပါဝင်လိုကြောင်း၊ ပြီးတော့ ရန်လို ကျူးကျော်သူတွေ စိတ်တိုင်းကျ လိုက်လျောပေးတာတွေကိုတော့ လက်မခံကြောင်း စတာမာက ဆိုပါတယ်။

သူ့အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောနိုင်တာက ဗြိတိန်ဟာ ငြိမ်းချမ်းရေး သဘောတူညီမှုကို ကာကွယ်ဖို့ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရင်း ယူကရိန်းမြေမှာ ခြေလျင်တပ်တွေ ထားရှိပြီး ယူကရိန်းရဲ့ ကောင်းကင်ယံမှာ လေယာဉ်တွေ စေလွှတ်ထားဖို့ အသင့်ရှိနေပြီ ဖြစ်ကြောင်း၊ အဲဒီ နည်းလမ်းကသာ ငြိမ်းချမ်းရေးကို အဓွန့်ရှည်အောင် အာမခံ ထိန်းသိမ်းနိုင်မှာဖြစ်ကြောင်း စတာမာက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ယူကရိန်းရဲ့ လုံခြုံရေးကို ဗြိတိန်က အထူးအလေးပေး သဘောထားတယ် ဆိုတာကိုလည်း သူက ထပ်လောင်း ပြောဆိုသွားပါတယ်။

Public Service Announcement

Public Service Announcement

သူက ယူကရိန်းစစ်ပွဲ ရပ်စဲသွားခဲ့ပြီးရင်တောင်မှ ရုရှားဆီက နောက်ထပ် ကျူးကျော် ရန်လိုမှုတွေ ရှိမလာတာ သေချာစေဖို့ လိုအပ်ကြောင်း၊ ကျူးကျော်လိုသူတွေ၊ ပြီးတော့ အီရန်လို အစိုးရတွေကို အားပေးအားမြှောက်ရာ ရောက်မသွားဖို့ အရမ်းအရေးကြီးကြောင်းလည်း ဆက်ပြောပါတယ်။

စတာမာက ဗြိတိန်ဟာ ကိုယ်ပိုင် ကာကွယ်ရေး စွမ်းရည်တွေကို မြှင့်တင်သွားဖို့လည်း သံန္နိဋ္ဌာန် ချထားကြောင်း ပြောကြားခဲ့သလို ကာကွယ်ရေး အသုံးစရိတ် မြှင့်တင်တာ၊ ယူကရိန်းအတွက် စစ်ရေး အထောက်အပံ့တွေ ပိုမို ပေးပို့တာတွေကိုလည်း ထောက်ပြခဲ့ပါတယ်။

စတာမာဟာ ထရမ့်နဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးတို့ မတွေ့ကြခင် တစ်ရက်အလိုမှာ ထရမ့်ကို သွားရောက် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: UK Defence Journal

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။