Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီဂျစ်မှာအပျော်စီးရေငုပ်သင်္ဘောနစ်မြုပ်ပြီး၆ဦးသေဆုံး

ရုရှား ကမ္ဘာလှည့် ခရီးသည် အများစု လိုက်ပါသွားတဲ့ အပျော်စီး ရေငုပ်သင်္ဘောတစ်စီး အီဂျစ်မှာ နစ်မြုပ်ရာက အနည်းဆုံး ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ရုရှား ကမ္ဘာလှည့် ခရီးသည် အများစု လိုက်ပါသွားတဲ့ အပျော်စီး ရေငုပ်သင်္ဘောတစ်စီး အီဂျစ်မှာ နစ်မြုပ်ရာက အနည်းဆုံး ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

မတ်လ ၂၇ ရက်နေ့တုန်းက အီဂျစ်နိုင်ငံ အရှေ့ပိုင်း၊ ဟူဂါဒါ အပန်းဖြေ ကမ်းခြေမြို့နားက ပင်လယ်နီ ရေပြင်မှာ ရေငုပ်သင်္ဘော နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ အီဂျစ် အစိုးရ မီဒီယာတွေက အပူတပြင်း ကယ်ဆယ်မှုတွေ လုပ်ဆောင်ခဲ့တဲ့နောက် လူ ၆ ဦး သေဆုံးတာကို အတည်ပြုထားပြီး ၂၁ ဦးကို ဆေးရုံ တင်ပို့ထားရကြောင်း ပြောပါတယ်။ အဲဒီထဲမှာ အသက် ၂ နှစ်ကနေ ၁၅ နှစ်ကြား ကလေး ၇ ဦးလည်း ပါဝင်ခဲ့ပါတယ်။

ရုရှား သံရုံးကလည်း ရေငုပ်သင်္ဘောပေါ် လိုက်ပါသွားသူ အများစုဟာ ရုရှားနိုင်ငံသား အပျော်ခရီး ထွက်လာသူတွေလို့ ထုတ်ပြန်ထားပါတယ်။ ရေငုပ်သင်္ဘောပေါ် လိုက်ပါသွားသူတွေထဲက ၃၉ ဦးကို ကယ်ဆယ်ထားကြောင်းနဲ့ သေဆုံးသူ အားလုံးဟာ နိုင်ငံခြားသားတွေဖြစ်ကြောင်းလည်း အီဂျစ် အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

ရေငုပ်သင်္ဘောဟာ ကမ်းခြေနဲ့ ၁ ကီလိုမီတာလောက် အကွာမှာ စက်ချွတ်ယွင်း နစ်မြုပ်ခဲ့တာ ဖြစ်တယ်လို့ ရုရှား သံရုံးက ကြေညာပါတယ်။ အဲဒီ ရေငုပ်သင်္ဘောဟာ အနီးတဝိုက်က သန္တာကျောက်တန်းတွေရဲ့ ရှုခင်းအလှအပတွေကို ကြည့်ရှုဖို့ ပုံမှန် လှည့်လည် သွားလာနေကျလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဟူဂါဒါဟာ ပင်လယ်နီ ကမ်းခြေနဲ့ ထိစပ်နေရာ အကျော်ကြားဆုံး အပန်းဖြေ မြို့တစ်ခု ဖြစ်ပါတယ်။ 

ရေငုပ်သင်္ဘော နစ်မြုပ်ခဲ့ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ရေငုပ်သင်္ဘောကို ကိုင်တွယ် မောင်းနှင်သူတွေဟာ အထူးကျွမ်းကျင်ပြီး နှစ်ပေါင်းများစွာ အတွေ့အကြုံ ရှိထားသူတွေလို့ သက်ဆိုင်ရာ Sindbad ကုမ္ပဏီက ဆိုပါတယ်။

အဲဒီ ကုမ္ပဏီဟာ ခရီးသည် ၄၄ ဦး၊ မောင်းနှင်သူ ၂ ဦး လိုက်ပါနိုင်တဲ့ အပျော်စီး ရေငုပ်သင်္ဘော ၂ စီးကို ပိုင်ဆိုင်ထားပါတယ်။ အဲဒီ ရေငုပ်သင်္ဘောတွေဟာ ရေအနက် ၂၅ မီတာလောက်ထိ ဆင်းသက်ပြီး မိနစ် ၄၀ လောက်ကြာအောင် ခုတ်မောင်း သွားလာနိုင်တယ်လို့ သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နည်းဗျူဟာနဲ့ ဗျူဟာတွေက အရေးကြီးပေမယ့် စိတ်ဓာတ်၊ ယုံကြည်ချက် နဲ့ တိုက်ပွဲဝင်စိတ်ဓါတ်သာ မရှိခဲ့ရင်ထွက်ခဲ့ရပြီဟုအာဂျင်တီးနားနည်းပြ​ပြော

နိုင်ငံတကာ

ပင်နယ်တီမဝင်ခဲ့​​ပေမယ့်တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးပြီးစံချိန်သစ်​တွေထက်တင်တဲ့မက်ဆီ

နိုင်ငံတကာ

စုစုပေါင်း ၉၂ နှစ်လောက် စောင့်ဆိုင်းပြီးချိန်မှာတော့ အီဂျစ် လက်ရွေးစင် ဘောလုံးအသင်းဟာ ပထမဆုံး ကမ္ဘာ့ဖလား နိုင်ပွဲတစ်ပွဲကို ပိုင်ဆိုင်ခဲ့ဖူးပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အီဂျစ်နိုင်ငံကမ်းလွန် ပင်လယ်နီ ရေပြင်မှာ ကမ္ဘာလှည့် ခရီးသွားတွေ လိုက်ပါသွားတဲ့ အပျော်စီး သင်္ဘော နစ်မြုပ်ပြီး လူ ၁၆ ဦး ပျောက်ဆုံးနေပါတယ်။