Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါကစ္စတန်မှာ အထပ်မြင့်လူနေတိုက် ပြိုကျလို့ သေဆုံးသူ ၂၇ ဦးထိ ရှိလာ

ပါကစ္စတန် နိုင်ငံမှာ အထပ်မြင့် လူနေတိုက် ပြိုကျမှုကြောင့် သေဆုံးသူ အရေအတွက် ၂၇ ဦးထိ ရှိလာကြောင်း ကယ်ဆယ်ရေးတွေက ပြောကြားခဲ့ပါတယ်။

AP

ပါကစ္စတန် နိုင်ငံမှာ အထပ်မြင့် လူနေတိုက် ပြိုကျမှုကြောင့် သေဆုံးသူ အရေအတွက် ၂၇ ဦးထိ ရှိလာကြောင်း ကယ်ဆယ်ရေးတွေက ပြောကြားခဲ့ပါတယ်။

ဇူလိုင် ၆ ရက်နေ့မှာတော့ ၃ ရက်တိုင်တိုင် ကြာမြင့်ခဲ့တဲ့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။ ဆင်းဒ်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ကရာချိ မြို့ထဲမှာ အဲဒီ အဆောက်အအုံဟာ ဇူလိုင် ၄ ရက်နေ့က ရုတ်တရက် ပြိုကျသွားခဲ့တာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေဟာ ဇူလိုင် ၆ ရက်နေ့မှာ အပျက်အစီးပုံအောက်က နောက်ထပ် ရုပ်အလောင်း ၁၁ ခုကို ဆွဲထုတ်နိုင်ခဲ့တယ်လို့ ကရာချိ ရဲတပ်ဖွဲ့ရဲ့ မှုခင်းဆရာဝန် ဒေါက်တာ ဆွမ်မေယာ တာရစ်က ပြောပါတယ်။

အဆောက်အအုံ အပျက်အစီးတွေအောက်ကနေ လူ ၁၀ ယောက်ကို အသက်ရှင်လျက် ကယ်ထုတ်ပြီး ဆေးရုံကို တင်ပို့နိုင်ခဲ့ပေမယ့် ၁ ဦးကတော့ ဒဏ်ရာတွေပြင်းလို့ ကွယ်လွန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တိုက်တစ်လုံးလုံး ရုတ်တရက် ပြိုကျသွားတဲ့ အကြောင်းရင်းကို ဆက်လက် စုံစမ်းနေဆဲလို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမဲ့ ပါကစ္စတန်မှာတော့ အခုလို ဖြစ်ရပ်မျိုးတွေက သိပ်ပြီး အဆန်းတကျယ် မဟုတ်တော့ပါဘူး။ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ အရည်အသွေး စိစစ်မှုအပိုင်း အားနည်းချက်တွေက ဒီလိုကိစ္စတွေရဲ့ အခြေခံ အကြောင်းတရား ဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။

အဆောက်အအုံ အများအပြားဟာ စံချိန်စံညွှန်း အရည်အသွေးမမီတဲ့ ပစ္စည်းတွေကို အသုံးပြုထားသလို စရိတ်သက်သာဖို့ ဦးစားပေးပြီး လုံခြုံရေး စံနှုန်းတွေကို ကန်ထရိုက် အများစုက လျစ်လျူရှုထားလေ့ ရှိပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ဇွန်လတုန်းကလည်း ကရာချိမြို့မှာပဲ အလားတူ တိုက်ပြိုကျမှုတစ်ခု ဖြစ်ပွားခဲ့ရာက လူ ၂၂ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ဆန္ဒပြနေတဲ့ လူစုလူဝေးကို ပစ်မှတ်ထားတဲ့ အသေခံ ဗုံးခွဲမှုကြောင့် ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး မိုင်းလုပ်သား ၃၄ ဦးထက်မနည်း သေဆုံးသွားပါတယ်။

နိုင်ငံတကာ

ပါကစ္စတန်က အလွတ်စာသင်ကျောင်း (ကျူရှင်)တစ်ခုမှာ အမိုးပြိုကျမှု ဖြစ်ပွားပြီး ကလေး ၁၄ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

နယ်စပ်တလျှောက် အာဖဂန် နစ္စတန် ပိုင်နက်ထဲက နေရာတချို့ကို ပါကစ္စတန်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး အရပ်သား သေဆုံးမှုတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။