Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်က သတ်မှတ်မယ့် သွင်းကုန် အခွန်နှုန်းထားအတိုင်း လိုက်မြှင့်မယ်လို့ ဘရာဇီး သမ္မတပြော

အမေရိကန်က တိုးမြှင့်စည်းကြပ်မယ့် ပို့ကုန်အခွန် နှုန်းထားတွေအတိုင်း ဘရာဇီးက တူတူညီညီ တုံ့ပြန် စည်းကြပ်သွားမယ်လို့ သမ္မတ လူးဝစ်ဇ် အင်နာရှို ဒါဆေးလ်ဗားက ပြောကြားလိုက်ပါတယ်။

Reuters

အမေရိကန်က တိုးမြှင့်စည်းကြပ်မယ့် ပို့ကုန်အခွန် နှုန်းထားတွေအတိုင်း ဘရာဇီးက တူတူညီညီ တုံ့ပြန် စည်းကြပ်သွားမယ်လို့ သမ္မတ လူးဝစ်ဇ် အင်နာရှို ဒါဆေးလ်ဗားက ပြောကြားလိုက်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကုန်သွယ်ဖက် နိုင်ငံအသီးသီးကို မတူညီတဲ့ နှုန်းထားတွေနဲ့ သွင်းကုန်အခွန်တွေ စည်းကြပ်ဖို့ စီစဉ်ထားသလို ဩဂုတ်လ ၁ ရက်နေ့ကစလို့ ဘရာဇီးရဲ့ ပို့ကုန်တွေအပေါ် ကုန်စည်တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းထိ အခွန်စည်းကြပ်ဖို့ စဉ်းစားနေတယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဒါ့အပြင် သူ့ရဲ့ နိုင်ငံရေး မဟာမိတ်ဖြစ်သူ ဘရာဇီး သမ္မတဟောင်း ဂျဲရ် ဘော်လ်ဆိုနာရိုအပေါ် လက်ရှိ ဘရာဇီး အစိုးရက မမျှမတ ဆက်ဆံနေတယ်လို့လည်း ထရမ့်က စွပ်စွဲခဲ့ပါတယ်။ သူက ဘော်လ်ဆိုနာရိုအပေါ် ဘရာဇီးက လက်ရှိ ဆက်ဆံနေပုံတွေကို မပြင်ရင် ကုန်သွယ်အခွန် မြှင့်တင်မှုတွေ ကြုံလာနိုင်တယ်လို့လည်း ခြိမ်းခြောက်ထားခဲ့ပါတယ်။

ဇူလိုင် ၉ ရက်နေ့မှာတော့ သမ္မတ လူလာက သူဟာ ထရမ့်ရဲ့ ခြိမ်းခြောက်မှုတွေအတွက် တုန်လှုပ်နေမှာ မဟုတ်ဘဲ အမေရိကန်က စည်းကြပ်တဲ့ အခွန်ပမာဏအတိုင်း အမေရိကန် သွင်းကုန်တွေကိုလည်း ဘရာဇီးက အခွန်နှုန်းထား သတ်မှတ် စည်းကြပ်ဖို့ ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ရဲ့ ကုန်သွယ်ဖက်နိုင်ငံ တော်တော်များများက ထရမ့်နဲ့ ညှိနှိုင်းရေးအတွက် အားထည့်နေချိန်မှာ လူလာကတော့ တင်းမာတဲ့ သဘောထားမျိုးကို ခိုင်ခိုင်မာမာ ရပ်တည်ပြခဲ့တာ ဖြစ်ပါတယ်။

လွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင်ဆိုင်မှု ပြည့်ဝတဲ့ ဘရာဇီးလို နိုင်ငံတစ်ခုဟာ ပြည်တွင်းက ကိစ္စတစ်ခုကို အကြောင်းပြုပြီး ခြိမ်းလားခြောက်လား စွက်ဖက်တဲ့ ဘယ်လို လုပ်ရပ်ကိုမှ လက်ခံနိုင်စရာ မရှိဘူးလို့ လူလာက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

အမေရိကန်ဟာ တရုတ်ပြီးရင် ဘရာဇီးအတွက် ဒုတိယ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံပါ။ လက်ရှိမှာ အမေရိကန်ဟာ ဘရာဇီးရဲ့ သွင်းကုန်တွေအပေါ် တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ထားပြီး ထရမ့် ကြုံးဝါးထားတဲ့အတိုင်း ၅၀ ရာခိုင်နှုန်းထိ မြှင့်တင်ခဲ့မယ် ဆိုရင်တော့ ဘရာဇီးရဲ့ ကုန်ထုတ်လုပ်ငန်းတွေအပေါ် အကြီးအကျယ် ထိခိုက် သက်ရောက်လာနိုင်ခြေတွေ ရှိနေပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလားရဲ့ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ ဘရာဇီးဟာ အာရှ အသင်းကောင်း ဂျပန်ကို ကျော်ဖြတ်ပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ ဘောလုံး အဆင့်အတန်း သိသိသာသာ တိုးတက်လာပြီး အခုနှစ် ပြိုင်ပွဲမှာ ဖျက်မြင်း အသင်းတစ်သင်းအဖြစ် သတ်မှတ် ခံထားရတဲ့ ဂျပန်ဟာ...

နိုင်ငံတကာ

ဘရာဇီးနဲ့ ပွဲစဉ်မှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူရမယ့် အခြေအနေထိကြိုတင်တွေးတော ပြင်ဆင်ထားကြောင်းဂျပန်လက်ရွေးစင် ဘောလုံးအသင်းရဲ့ နည်းပြက ပြောပါတယ်။

နိုင်ငံတကာ

ဘရာဇီး ဘောလုံး ပရိသတ်တွေရဲ့ အချစ်တော် ဝါရင့် တိုက်စစ်မှူးကြီး နေမာ ဂျူနီယာဟာ ကမ္ဘာ့ဖလား ပွဲစဉ်တစ်ခုမှာ ပါဝင်ကစားပြီး နိုင်ငံလက်ရွေးစင် အသင်းနဲ့ ရက်ပေါင်း ၁၀၀၀ နီးပါး ကင်းကွာနေမှုကို အဆုံးသတ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘရာဇီးနိုင်ငံမှာ ရဟတ်ယာဉ်နှစ်စီး လေထဲ တိုက်မိရာက ထင်ရှားတဲ့ အမေရိကန် ဂီတ ပညာရှင် တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါတယ်။