Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်လုပ် F-35တွေအစား ဥရောပ တိုက်လေယာဉ်တွေကိုပဲ ဝယ်ယူဖို့ စပိန် ပြောင်းလဲ ဆုံးဖြတ်

အမေရိကန်လုပ် အဆင့်မြင့် F-35 တိုက်လေယာဉ်တွေကို ဝယ်ယူမှာ မဟုတ်ဘဲ ဥရောပလုပ် တိုက်လေယာဉ် အမျိုးအစားတွေကိုသာ စဉ်းစားမယ်လို့ စပိန် အစိုးရက ဆုံးဖြတ်လိုက်ပါတယ်။

Reuters

အမေရိကန်လုပ် အဆင့်မြင့် F-35 တိုက်လေယာဉ်တွေကို ဝယ်ယူမှာ မဟုတ်ဘဲ ဥရောပလုပ် တိုက်လေယာဉ် အမျိုးအစားတွေကိုသာ စဉ်းစားမယ်လို့ စပိန် အစိုးရက ဆုံးဖြတ်လိုက်ပါတယ်။

F-35တွေကို အမေရိကန်ရဲ့ Lockheed Martin ကုမ္ပဏီက ထုတ်လုပ်ပြီး လက်ရှိ အဆင့်အမြင့်ဆုံး ပဉ္စမမမျိုးဆက် တိုက်လေယာဉ်တွေအဖြစ် သတ်မှတ် ခံထားရပါတယ်။ စပိန် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကတော့ စပိန်ဟာ နိုင်ငံရဲ့ အနာဂတ် တိုက်လေယာဉ် လိုအပ်ချက်ကို ဖြည့်တင်းဖို့ F-35တွေကို ဆက်ပြီး စဉ်းစားတော့မှာ မဟုတ်ဘဲ ဥရောပ ထုတ်ကုန်တွေကိုသာ ဦးစားပေး ရွေးချယ်မယ်လို့ အတည်ပြုခဲ့ပါတယ်။

သူက ဘာကြောင့် F-35တွေကို မဝယ်ဖို့ စပိန် အစိုးရက ဆုံးဖြတ်ခဲ့သလဲ ဆိုတာကိုတော့ သီးခြား မှတ်ချက် မပေးပါဘူး။ ဒါပေမဲ့ အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာတဲ့နောက် အနောက်မဟာမိတ် နိုင်ငံတချို့ဟာ ကာကွယ်ရေး ကဏ္ဍနဲ့ ပတ်သက်ရင် အမေရိကန်အပေါ် ကြီးကြီးမားမား မှီခိုရမယ့် အခြေအနေအပေါ် စိတ်မချ ဖြစ်လာနေကြောင်း ခန့်မှန်းမှုတွေ ရှိနေပါတယ်။

အစောပိုင်းတုန်းကတော့ စပိန် အစိုးရဟာ F-35 တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘတ်ဂျတ် ယူရို ၆.၂၅ ဘီလီယံ လျာထားခဲ့ပါတယ်။ စပိန်ရဲ့ ဆုံးဖြတ်ချက် ပြောင်းလဲသွားတာနဲ့ ပတ်သက်လို့ Lockheed Martinဖက်ကတော့ တိုက်လေယာဉ်တွေ ရောင်းချတယ် ဆိုတာဟာ အစိုးရချင်း စကားပြောရတဲ့ ကိစ္စဖြစ်ကြောင်း၊ စပိန်နဲ့ အမေရိကန် အစိုးရတွေက လိုအပ်ချက်နဲ့ ကိုက်ညီမယ့် အသင့်တော်ဆုံး အခြေအနေကို ရွေးချယ်ကြမှာဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စပိန်က F-35တွေအစား ဝယ်ယူဖို့ လောလောဆယ် စဉ်းစားထားတဲ့ တိုက်လေယာဉ် နှစ်မျိုးရှိပါတယ်။ ပထမ တစ်ခုက Eurofighter Typhoonတွေ ဖြစ်ကြပြီး ဥရောပ နိုင်ငံတချို့ ပူးပေါင်း ထုတ်လုပ်ထားတာပါ။ အဲဒီ လေယာဉ်တွေဟာ F-35တွေရဲ့ အားသာချက်ဖြစ်တဲ့ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် (stealth) စွမ်းရည် ပိုင်ဆိုင်မထားသလို နည်းပညာ အရလည်း စတုတ္ထမျိုးဆက် အဆင့်သာ သတ်မှတ် ခံထားရပါတယ်။

ဒုတိယ ရွေးချယ်မှုကတော့ FCASလို့ အတိုကောက် ခေါ်ဝေါ်ပြီး ပြင်သစ်၊ စပိန်နဲ့ ဂျာမနီ သုံးနိုင်ငံ ပူးပေါင်း သုတေသနပြု တီထွင်နေတဲ့ အနာဂတ် တိုက်လေယာဉ်တွေ ဖြစ်ပါတယ်။ FCAS ပရောဂျက်ဟာ ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ်မျိုး ဖန်တီးဖို့ ရည်ရွယ်ထားပေမယ့် ၂၀၄၀ ပြည့်နှစ်လောက်မှသာ ရုပ်လုံးပေါ်လာမယ့် သဘောပါ။

ဆိုရှယ်လစ်ပါတီ ကိုယ်စားပြု စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်ဟာ လက်ရှိ NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သတ်မှတ်ချက်ဖြစ်တဲ့ အဖွဲ့ဝင် နိုင်ငံတိုင်း ပြည်တွင်းထုတ်ကုန် တန်ဖိုး (GDP)ရဲ့ ၂ ရာခိုင်နှုန်းထိ ကာကွယ်ရေးစရိတ် အသုံးပြုဖို့ကို လက်ခံထားပေမယ့် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တစ်ဆင့်တက် တောင်းဆိုတဲ့ GDPရဲ့ ၅ ရာခိုင်နှုန်းထိ ကာကွယ်ရေး ဘတ်ဂျတ် သတ်မှတ်ဖို့ ဆိုတာကိုတော့ ငြင်းဆိုထားပါတယ်။

ဆန်းချက်ဇ်ရဲ့ သဘောထားကို ထရမ့်က အပြင်းအထန် ဝေဖန်ထားပြီး သူ့တောင်းဆိုမှုကို မလိုက်လျောရင် စပိန်ရဲ့ ပို့ကုန်တွေအပေါ် အခွန်တိုးမြှင့် စည်းကြပ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ F-35တွေ ဝယ်ယူမယ့် ကိစ္စကို စပိန်က လက်လျှော့လိုက်တာဟာ အဲဒီခြိမ်းခြောက်မှုနဲ့ ဆက်နွှယ်သလား ဆိုတာကိုတော့ မသိရပါဘူး။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလားမှာချန်ပီယံဆုအတွက်ရေပန်းအစားဆုံဟဲဗီးဝိတ်အသင်းတစ်သင်းဖြစ်တဲ့စပိန်ကိုသရေကစားခဲ့တဲ့လူသစ်တန်းနိုင်ငံငယ်လေးကိပ်ဗာဒီကသရေကစားခဲ့တဲ့နောက်အဲဒီပွဲမှာသူရဲကောင်းဖြစ်ခဲ့သူဂိုးသမားဗိုဇင်ဟာရဲ့ Instagram အကောင့်မှာfollowerအရေအတွက်ကသန်းနဲ့ချီရုတ်တ ရက်တိုးပွားလာခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် ရေတပ် ပိတ်ဆို့ထားမှုကို ဖောက်ထွက်ဖို့ ကြိုးစားတဲ့ အီရန် ရေနံတင် သင်္ဘောတစ်စီးကို အမေရိကန် တိုက်လေယာဉ် တစ်စီးက ပစ်ခတ် တားဆီးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဥရောပ တိုက်လေယာဉ် စီမံကိန်းကို စွန့်ခွာပြီး အမေရိကန်ဆီက F-35 တိုက်လေယာဉ် အသစ်တွေ တိုးမြှင့် မှာယူမယ်ဆိုတဲ့ သတင်းတွေကို ဂျာမနီက ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

အထောက်အထားမဲ့ ရွှေ့ပြောင်း အခြေချသူတွေကို တရားဝင် နေထိုင်ရေး အသိအမှတ်ပြုမယ့် အစီအစဉ် တစ်ခုကို စပိန်အစိုးရက ကြေညာခဲ့ပါတယ်။