Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆွီဒင်လုပ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ထိုင်းလေတပ် သဘောတူ လက်မှတ်ရေးထိုး

ထိုင်းလေတပ်အတွက် တိုက်လေယာဉ်တွေ ရောင်းချပေးမယ့် စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ဆွီဒင်နိုင်ငံက အတည်ပြု ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ထိုင်းလေတပ်အတွက် တိုက်လေယာဉ်တွေ ရောင်းချပေးမယ့် စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ဆွီဒင်နိုင်ငံက အတည်ပြု ကြေညာခဲ့ပါတယ်။

ဩဂုတ် ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ ထိုင်းလေတပ်အတွက် Gripen တိုက်လေယာဉ် ၄ စီး ရောင်းချပေးဖို့ ဆွီဒင် ကာကွယ်ရေး ထုတ်ကုန် ကွပ်ကဲရေးဌာန (FMV)နဲ့ သဘောတူ စာချုပ်ခဲ့တာလို့ သိရပါတယ်။

တိုက်လေယာဉ်တွေ ၄ စီးအတွက် အရောင်းအဝယ် တန်ဖိုးဟာ ဒေါ်လာ ၅၅၆ သန်းလောက် ကျသင့်နိုင်ပြီး ၂၀၂၅ ကနေ ၂၀၃၀ ပြည့်နှစ်အတွင်း တင်ပို့ပေးဖို့ ဆွီဒင်ဖက်က သဘောတူထားခဲ့ပါတယ်။

Saab လေကြောင်းနည်းပညာ လုပ်ငန်းစုကြီးက တည်ဆောက်တဲ့ Gripen တိုက်လေယာဉ်တွေထဲက Gripen E မျိုးကွဲ ၃ စီးနဲ့ Gripen F ၁ စီးကို ထိုင်းက ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ Gripen Eတွေက တစ်ယောက်စီး အမျိုးအစားဖြစ်ပြီး Gripen Fကတော့ လေယာဉ်မှူးနဲ့ လက်နက် ထိန်းချုပ်ရေး အရာရှိတို့ ပူးတွဲ တာဝန်ယူ ပျံသန်းရတာပါ။

Public Service Announcement

Public Service Announcement

Saabဟာ ထိုင်းလေတပ်ရဲ့ လေကြောင်းကာကွယ်ရေး အစီအမံတွေမှာ နည်းပညာပိုင်း ထောက်ပံ့ရောင်းချဖို့ သီးခြား သဘောတူညီမှုတွေလည်း ရယူထားနိုင်ခဲ့တယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ ထိုင်းတော်ဝင်လေတပ်မှာ မျိုးဆက်ဟောင်း Gripen Cနဲ့ Gripen D တိုက်လေယာဉ် တချို့ကို အသုံးပြုနေသလို အမေရိကန်လုပ် F-16 အပေါ့စား တိုက်လေယာဉ်တွေလည်း ပိုင်ဆိုင်ထားပါတယ်။ ထိုင်းလေတပ်ရဲ့ နည်းပညာ မွမ်းမံ အဆင့်မြှင့်တင်ရေး စီမံကိန်းမှာ မျိုးဆက်သစ် F-16တွေနဲ့ Gripenတွေကြား ဘယ်တိုက်လေယာဉ်တွေကို ရွေးချယ်သင့်သလဲဆိုတာ သေချာ စဉ်းစားပြီးတဲ့နောက် ဆွီဒင်ဖက်ကို အလေးသာခဲ့တာ ဖြစ်ပါတယ်။

ထိုင်းတော်ဝင် လေတပ်ကတော့ Gripen အသစ်တွေ ရောက်လာရင်လည်း ရှိရင်းစွဲ အဟောင်းတွေကို အတူတွဲဖက်ပြီး စစ်ဆင်ရေးအတွက် ဆက်လက် အသုံးပြုသွားမယ်လို့ ပြောပါတယ်။ အခု သဘောတူညီမှု အသစ်ဟာ ကာကွယ်ရေး ထုတ်ကုန်တွေ ပြည်ပတင်ပို့ရောင်းချမှုကို အရှိန်အဟုန်မြှင့်တင်ဖို့ ကြိုးစားနေတဲ့ ဆွီဒင်အတွက် အောင်မြင်မှု တစ်ခုလည်း ဖြစ်ပါတယ်။

ထိုင်းလေတပ်ဟာ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ ကမ္ဘောဒီးယားနဲ့ နယ်စပ် စစ်ရေးပဋိပက္ခမှာ Gripenတွေရော၊ F-16တွေကိုပါ အသုံးပြုပြီး ကမ္ဘောဒီးယား စစ်ရေးပစ်မှတ်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်နဲ့ ပြင်သစ်တို့ဟာ စစ်သင်္ဘော ဝယ်ယူရေး စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဘုရင့် မိဖုရားဟာ လေတပ်ရဲ့ အဆင့်မြင့် တိုက်လေယာဉ်တွေကို မောင်းနှင်တတ်ဖို့ မွမ်းမံ သင်တန်း တက်နေကြောင်း သိရပါတယ်။