Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စာသင်ခန်းထဲ ဖုန်းယူဆောင်မှုကို တားမြစ်ဖို့ တောင်ကိုရီးယား လွှတ်တော် မဲပေးဆုံးဖြတ်

တောင်ကိုရီးယားဟာ စာသင်ခန်းတွေထဲ ဖုန်းတွေ ယူလာတာကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပိတ်ပင်မှု စတင်တော့မယ်လို့ သိရပါတယ်။

Getty Images

တောင်ကိုရီးယားဟာ စာသင်ခန်းတွေထဲ ဖုန်းတွေ ယူလာတာကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပိတ်ပင်မှု စတင်တော့မယ်လို့ သိရပါတယ်။

ဖုန်းတွေသာ မကဘဲ စမတ်နည်းပညာသုံး တခြားပစ္စည်းတွေကိုလည်း စာသင်ခန်းတွေထဲကို ယူဆောင်ခွင့် မပြုဖို့ ဥပဒေ မူကြမ်းကို တောင်ကိုရီးယား လွှတ်တော်မှာ အတည်ပြု ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။

အဲဒီ ဥပဒေဟာ လာမယ့်နှစ် မတ်လမှာ စတင် အသက်ဝင်လာမယ်လို့ ဆိုပါတယ်။ ဥပဒေ မူကြမ်းကို ကွဲပြားတဲ့ ပါတီ အသီးသီးရဲ့ လွှတ်တော် အမတ်တွေက ထောက်ခံခဲ့ကြပြီး မဲပေးသူ ၁၆၃ ယောက်အနက် ၁၁၅ ယောက်က ထောက်ခံခဲ့ကြပါတယ်။

တောင်ကိုရီးယားမှာတော့ လူငယ်လူရွယ်တွေ စမတ်ဖုန်း အလွန်အကျွံ စွဲလမ်းမှုနဲ့ နောက်ဆက်တွဲ စိတ်ကျန်းမာရေး ပြဿနာတွေနဲ့ ပတ်သက်လို့ စိုးရိမ်တကြီး သုံးသပ် ဆွေးနွေးတာတွေလည်း ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ဆိုးလ်မှာ နေထိုင်ပြီး အသက် ၁၄ နှစ်အရွယ် သမီးတစ်ဦးရဲ့ မိခင်ဖြစ်တဲ့ ချွိုင်အွန်ယောင်က အခုခေတ် ကလေးတွေဟာ ဖုန်းတွေကိုပဲ အရမ်း အာရုံစူးစိုက်နေပြီး အချင်းချင်း ထိတွေ့ ပြောဆိုနေချိန်တွေမှာတောင် ခဏလေးနဲ့တင် ဖုန်းတွေဆိ ပြန်လည် စိတ်ရောက်သွားတတ်တာ သတိထားမိကြောင်း၊ အဲဒီ အခြေအနေဟာ သင်ကြားရေး အပိုင်းကိုလည်း ထိခိုက်လိမ့်မယ်လို့ သူယူဆကြောင်း ပြောကြားခဲ့ပါတယ်။

၂၀၂၄ ခုနှစ်မှာ အစိုးရက ကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ခုအရ တောင်ကိုရီးယား လူဦးရေ ၅၁ သန်းရဲ့ လေးပုံတစ်ပုံလောက်က သူတို့ရဲ့ နေ့စဉ် ရှင်သန်နေထိုင်မှု ဘဝမှာ ဖုန်းတွေကို အလွန်အကျွံ မှီခို စွဲလမ်းနေတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဆယ်ကျော်သက်တွေချည်းပဲ စာရင်းပြုစုကြည့်ရင်တော့ ၄၃ ရာခိုင်နှုန်းလောက်ထိ အဲဒီလို အခြေအနေ ကြုံနေရကြောင်း ပြောပြကြပါတယ်။ ဆယ်ကျော်သက်တွေရဲ့ သုံးပုံတစ်ပုံလောက်ကလည်း သူတို့ဟာ လူမှုကွန်ရက်တွေထဲ ဝင်ရောက်မွှေနှောက် ကြည့်ရှုရင်း အချိန်ကုန်နေတာကို စည်းကမ်းသတ်မှတ်ပြီး ကန့်သတ်ဖို့အတွက် ရုန်းကန်နေရတယ်လို့ ဝန်ခံသွားခဲ့ကြပါတယ်။

ကမ္ဘာတလွှားမှာတော့ အီတလီ၊ နယ်သာလန်၊ တရုတ်တို့လို နိုင်ငံတွေဟာ စာသင်ခန်းထဲ ဖုန်းတွေယူဆောင်တာကို ဥပဒေနဲ့ ပိတ်ပင်ထားပြီး ပြင်သစ်နဲ့ ဖင်လန်တို့လို နိုင်ငံတွေမှာတော့ အတန်းငယ်တွေကို ဖုန်းယူဆောင်ခွင့် မပြုဘဲ ကန့်သတ် တားဆီးထားပါတယ်။

ကိုးကား: Tribune

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်က ညှိနှိုင်းရေးရုံး အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက အမိန့် စီရင်ချက် ချမှတ်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖျောင်းမှာ တော်လှန်ရေးရုပ်ရှင် RAY ကို ပြသပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၃) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...