Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် နျူကလီးယားလက်နက် စမ်းသပ်မှုတွေ ပြန်စဖို့ ထရမ့် ညွှန်ကြား

နျူကလီးယား လက်နက်တွေ စမ်းသပ်မှုဖို့ အစီအစဉ်တွေ ချက်ချင်း ပြန်လည် စတင်ဖို့ ကာကွယ်ရေး ဝန်ကြီးဌာနကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားလိုက်ပါတယ်။

ဓာတ်ပုံ - Reuters/File

နျူကလီးယား လက်နက်တွေ စမ်းသပ်မှုဖို့ အစီအစဉ်တွေ ချက်ချင်း ပြန်လည် စတင်ဖို့ ကာကွယ်ရေး ဝန်ကြီးဌာနကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားလိုက်ပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့က တောင်ကိုရီးယား နိုင်ငံမှာ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံ ဆွေးနွေးမှု မတိုင်ခင် မိနစ်ပိုင်း အလိုမှာ ထရမ့်က အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်ဆီ အဲဒီလို အမိန့် ပေးခဲ့တာလို့ ဆိုပါတယ်။

အမေရိကန်ဟာ နျူကလီးယား လက်နက်တွေ စမ်းသပ်မှုကို ရပ်ဆိုင်းထားတာ ၃၃ နှစ် ရှိခဲ့ပါပြီ။ ထရမ့်ဟာ ဘူဆန်မြို့မှာ ရှီနဲ့ တွေ့ဆုံဖို့ Marine One ရဟတ်ယာဉ်နဲ့ လိုက်ပါသွားချိန် အတောအတွင်း သူ့ရဲ့ ဆုံးဖြတ်ချက်ကို လူမှုကွန်ရက် မီဒီယာမှာ ရေးသား အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

တခြားနျူကလီးယား လက်နက်ပိုင် နိုင်ငံတွေကလည်း စစ်လက်နက်တွေ စမ်းသပ်နေတဲ့အတွက် အမေရိကန်ကလည်း ဒီကိစ္စကို ပြန်စသင့်တယ်လို့ ထရမ့်က ရေးသားထားပါတယ်။ ရှီနဲ့ တွေ့ဆုံအပြီး အမေရိကန်ကို ပြန်လာချိန် Air Force One လေယာဉ်ပေါ်မှာလည်း ထရမ့်က အဲဒီသဘောထားကို ထပ်ပြောခဲ့ပြီး သင့်တော်တဲ့ ကာလတစ်ခုမှာ အမေရိကန်ရဲ့ နျူကလီးယားလက်နက် စမ်းသပ်မှုတွေ ပြန်စမယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဟာ ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် အရေအတွက် အများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံအဖြစ် အများစုက လက်ခံထားပေမယ့် ထရမ့်ကတော့ အမေရိကန်ဟာ အဲဒီ အစွမ်းထက် ဖျက်အားပြင်း လက်နက်တွေ အများဆုံး ပိုင်ဆိုင်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

ရုရှားက ဒုတိယ နေရာမှာရှိပြီး တရုတ်ကတော့ အတော်လေး ပြတ်ကျန်နေပေမယ့် တတိယ နေရာမှာ ရပ်တည်နေကြောင်း၊ ဒါပေမဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်မှု အရေအတွက်မှာ ၅ နှစ်အတွင်း တရုတ်ကလည်း အမီလိုက်လာနိုင်ကြောင်း သူက Truthမှာ ရေးသားထားခဲ့ပါတယ်။

တခြားနိုင်ငံတွေကလည်း နျူကလီးယားလက်နက်နဲ့ ပတ်သက်လို့ စမ်းသပ်မှုတွေ လုပ်နေကြတဲ့အတွက် သူကလည်း စစ်ဝန်ကြီး ဌာနကို အလားတူ စမ်းသပ်မှုတွေ အမြန်ဆုံး ပြန်စဖို့ ညွှန်ကြားခဲ့ကြောင်း ထရမ့်က ဆိုပါတယ်။ စစ်ဝန်ကြီးဌာန ဆိုတာက ကာကွယ်ရေး ဝန်ကြီးဌာနကိုပဲ ထရမ့်က ပြောင်းလဲသတ်မှတ် ခေါ်ဆိုတဲ့ နာမည် ဖြစ်ပါတယ်။ ဒါပေမဲ့ လွှတ်တော်မှာ အတည်ပြုမထားတဲ့အတွက် ကာကွယ်ရေး ဝန်ကြီးဌာန နာမည်ကတော့ တရားဝင် ဖြစ်နေဆဲပါပဲ။

ထရမ့် ရည်ညွှန်းတဲ့ နျူကလီးယားလက်နက် စမ်းသပ်မှု ဆိုတာက နျူကလီးယား ဗုံးတွေကို ဖောက်ခွဲတာလား၊ ဒါမှမဟုတ် နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်တဲ့ ဒုံးကျည်တွေ စမ်းသပ်တာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ သတင်းထောက် တစ်ဦးက Air Force Oneပေါ်မှာ အဲဒီအကြောင်း လှမ်းအော်ပြီး မေးခဲ့ပေမယ့် ထရမ့်က မဖြေခဲ့ပါဘူး။

တရုတ်ဟာ နိုင်ငံရဲ့ နျူကလီးယား လက်နက်တိုက်ကို ဆက်တိုက် ချဲ့ထွင်နေခဲ့သလို ရုရှားကလည်း မကြာသေးခင်က နျူကလီးယား စွမ်းအင်သုံး ခရုစ်ဒုံးကျည် စမ်းသပ် အောင်မြင်ခဲ့ကြောင်း ကြေညာခဲ့တဲ့နောက် ထရမ့်က အမေရိကန်လည်း နျူကလီးယား လက်နက်တွေ ပြန်လည် စမ်းသပ်စေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ရုရှားရဲ့ လက်နက် စမ်းသပ်မှုနဲ့ ပတ်သက်လို့တော့ ထရမ့်က သမ္မတ ဗလာဒီမာ ပူတင်ဟာ ဒုံးကျည်တွေ လျှောက်စမ်းနေမယ့်အစား ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးကို အာရုံစိုက်သင့်တယ်လို့ မှတ်ချက်ပေးထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သတင်းဌာန ၃ ခုကို အိမ်ဖြူတော်ထဲ ဝင်ရောက် သတင်းယူခွင့် ပိတ်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို အမေရိကန်ရဲ့ အထင်ကရ ရုပ်မြင်သံကြား ကွန်ရက်တွေ စုပေါင်းပြီး သပိတ်မှောက်ကြပါတယ်။

သတင်းဆောင်းပါး

အမေရိကန်ရုပ်သံလိုင်းများကလည်း 'ထရမ့်'သတင်းတိုက်ရိုက်ထုတ်လွှင့်မှုရပ်ဆိုင်း

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Facebook