Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘောဒီးယားကို လက်နက်ရောင်းချခွင့် ပိတ်ထားမှု အမေရိကန် ရုပ်သိမ်း

ကမ္ဘောဒီးယားအပေါ် လက်နက်တင်ပို့ ရောင်းချခွင့် ပိတ်ပင်ထားမှုကို အမေရိကန် အစိုးရက ပယ်ဖျက်ပေးလိုက်ပါတယ်။

ဓာတ်ပုံ - Reuters

ကမ္ဘောဒီးယားအပေါ် လက်နက်တင်ပို့ ရောင်းချခွင့် ပိတ်ပင်ထားမှုကို အမေရိကန် အစိုးရက ပယ်ဖျက်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ ကမ္ဘောဒီးယားနဲ့ ထိုင်းတို့ကြား ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုမှုကို မလေးရှားမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် တက်ရောက် ကြီးမှူးပေးခဲ့တဲ့နောက် ရက်ပိုင်းအကြာမှာ အခုလို မူဝါဒ အပြောင်းအလဲ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ထရမ့် မတိုင်ခင် အမေရိကန် သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ဂျိုးဘိုင်ဒန်က ကမ္ဘောဒီးယားမှာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အဂတိမှုတွေ၊ တရုတ် ဩဇာ လွှမ်းမိုးလာမှုတွေကို အကြောင်းပြုပြီး လက်နက် ကုန်သွယ်ခွင့် တားဆီး ပိတ်ပင်ဖို့ ၂၀၂၁ ခုနှစ်မှာ အမိန့်ပေးခဲ့ပါတယ်။

ဇူလိုင်လတုန်းက နယ်စပ်ကိစ္စ အငြင်းအခုံကို အကြောင်းပြုပြီး ဖြစ်ပွားခဲ့တဲ့ စစ်ရေး ပဋိပက္ခကို ချဉ်းကပ် အဖြေရှာခဲ့ကြပုံနဲ့ ပတ်သက်ပြီး ထရမ့်က ထိုင်းရော၊ ကမ္ဘောဒီးယားကိုပါ အသိအမှတ်ပြုခဲ့ပါတယ်။ အဲဒီနောက် မကြာခင်မှာပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ကမ္ဘောဒီးယားဆီ လက်နက်ရောင်းချမှု ပိတ်ပင်ထားတဲ့ အမိန့်ကို ပယ်ဖျက်ပေးခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – EPA

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကဏ္ဍတွေအတွက် ကမ္ဘောဒီးယားက လိုလိုလားလား အားတက်သရော ပူးပေါင်း လုပ်ဆောင်ခဲ့တာတွေ၊ ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု ဖြိုခွင်းရေး ကိစ္စတွေနဲ့ ပတ်သက်လို့ အမေရိကန်ကို ချဉ်းကပ်မှု အသစ်တွေနဲ့ ဆွေးနွေးခဲ့တာတွေကို အခြေပြု စဉ်းစားပြီးတဲ့နောက် နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ ကမ္ဘောဒီးယားအပေါ် လက်နက်ရောင်းချခွင့် ပိတ်ပင်ထားတာကို ရုပ်သိမ်းလိုက်ကြောင်း နိုဝင်ဘာ ၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အခုအချိန်ကစလို့ အမေရိကန် စစ်လက်နက်တွေ ကမ္ဘောဒီးယားဆီ တင်ပို့ရောင်းချမှုနဲ့ ပတ်သက်ရင် အစိုးရ အာဏာပိုင် အဖွဲ့အစည်းတွေဆီက ကိစ္စတစ်ခုချင်းစီကို စိစစ်ပြီး ခွင့်ပြုဖို့ သင့်မသင့် ဆုံးဖြတ်ပေးသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ဟာလည်း ကမ္ဘောဒီးယား အမျိုးသား ကာကွယ်ရေးဝန်ကြီး တီဆိုင်ဟာနဲ့ မလေးရှားမှာ ဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် ဟက်ဂ်ဆက်သ်က ကမ္ဘောဒီးယားနဲ့ အမေရိကန် အပြန်အလှန် ပူးပေါင်း စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေ ပြန်စဖို့ သဘောတူခဲ့ကြကြောင်း သတင်းထောက်တွေဆီ အသိပေးခဲ့ပါတယ်။

ထိုင်းနဲ့ စစ်ပြေငြိမ်းမှု သဘောတူစာချုပ် လက်မှတ်ရေးထိုးတဲ့ အခမ်းအနားမှာတော့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က သူဟာ ၂၀၂၆ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ထရမ့်အတွက် ကျိန်းသေပေါက် အဆိုပြု ထောက်ခံသွားမယ်လို့ ကတိပေးခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သတင်းဌာန တချို့ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အိမ်ဖြူတော် ဝင်ခွင့် တားမြစ် ပိတ်ပင်လိုက်တဲ့နောက် သက်ဆိုင်ရာ သတင်းထောက်တွေဟာ အိမ်ဖြူတော်ထဲ ဝင်ခွင့် ငြင်းပယ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။