Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒုံးကျည်ကာကွယ်ရေး ပိုမိုပူးပေါင်းဖို့ တရုတ်နဲ့ ရုရှား သဘောတူ

ဒုံးကျည် ကာကွယ်ရေးနဲ့ မဟာဗျူဟာ တည်ငြိမ်ရေး ကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့ တရုတ်နဲ့ သဘောတူညီမှု ရရှိခဲ့ကြောင်း ရုရှားက ပြောပါတယ်။

ဒုံးကျည် ကာကွယ်ရေးနဲ့ မဟာဗျူဟာ တည်ငြိမ်ရေး ကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့ တရုတ်နဲ့ သဘောတူညီမှု ရရှိခဲ့ကြောင်း ရုရှားက ပြောပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၂၀ ထုတ်ပြန်ချက်မှာတော့ အခုသီတင်းပတ်အတွင်း မော်စကိုမှာ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကာကွယ်ရေးကိစ္စတွေမှာ ပူးပေါင်းမှုတွေ မြှင့်တင်ဖို့ သဘောတူခဲ့ကြတာလို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဆွေးနွေးမှု အကြောင်းအရာ အသေးစိတ်တွေကိုတော့ မကြေညာခဲ့ပါဘူး။ အမေရိကန်မှာ သမ္မတ ဒေါ်နယ်လ်ထရမ့်က Golden Domeလို့ နာမည်ပေးထားတဲ့ ဒုံးကျည် ကာကွယ်ရေး ကွန်ရက်ကို အကောင်အထည်ဖော် တည်ဆောက်မယ့်အကြောင်း၊ ပြီးတော့ အမေရိကန်ရဲ့ နျူကလီးယား လက်နက်တွေကို နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည် စမ်းသပ်မယ့်အကြောင်း ကြေညာခဲ့ပြီးတဲ့နောက် ရုရှားနဲ့ တရုတ်တို့က ဒုံးကျည် ကာကွယ်ရေးအတွက် ပိုမိုပူးပေါင်းကြဖို့ အချင်းချင်း ကတိပြုခဲ့ကြတာပါ။

နှစ်ဖက် ဆွေးနွေးမှုတွေမှာ ဒေသတွင်းနဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေးကို တည်ငြိမ်မှု ပျက်ပြားစေမယ့် အကြောင်းတရားတွေကို ညှိနှိုင်း ဆန်းစစ်ခဲ့ပြီး အဲဒါတွေကို အနည်းဆုံးအဆင့်ထိ ဘယ်လို လျှော့ချနိုင်မလဲ ဆိုတာကိုလည်း တိုင်ပင် နှီးနှောခဲ့တယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားနဲ့ တရုတ်တို့ဟာ လက်ရှိ ပူးပေါင်း ဆောင်ရွက်မှုတွေအတွက် ကျေနပ်မှု ရှိပေမယ့် ပိုမိုကောင်းမွန်တဲ့ အဆင့်ထိ မြှင့်တင်နိုင်ရေး ရှေ့ဆက် ဆွေးနွေးသွားကြဖို့ပါ ကတိပြုခဲ့တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ပါရှိခဲ့ပါတယ်။

ထရမ့်က သူ့အနေနဲ့ ရုရှား၊ တရုတ်တို့နဲ့အတူ နျူကလီးယား ထိန်းချုပ်ရေး အစီအမံ တစ်ခု ပေါ်ထွန်းလာအောင် ဆွေးနွေးလိုကြောင်း ပြောဖူးပေမယ့် တရုတ်ကတော့ နိုင်ငံရဲ့ နျူကလီးယား လက်နက်တိုက်ကို ချဲ့ထွင်နေတဲ့ အခြေအနေမှာ အမေရိကန်ဖက်က အခုလို ကမ်းလှမ်းမှုမျိုးကို ငြင်းပယ်ထားပါတယ်။

တရုတ်ဟာ နျူကလီးယား လက်နက်တိုက်ကို အပူတပြင်း ဖြည့်တင်းနေဆဲဖြစ်ပြီး ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် အရေအတွက် အများဆုံး ပိုင်ဆိုင်တဲ့ ရုရှား၊ အမေရိကန်တို့နဲ့ နျူကလီးယား ထိန်းချုပ်ရေး ဆွေးနွေးဖို့ စိတ်ကူးမရှိသေးတာ ဖြစ်ပါတယ်။

ရုရှားနဲ့ အမေရိကန်ကြား သီးသန့် ချုပ်ဆိုထားတဲ့ နျူကလီးယား ထိန်းချုပ်ရေး စာချုပ်တွေထဲက နောက်ဆုံးတစ်ခုကတော့ လာမယ့် ဖေဖော်ဝါရီလမှာ သက်တမ်းကုန်ပါမယ်။ နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် နျူကလီးယား လက်နက် အရေအတွက် ပိုင်ဆိုင်မှုကို ကန့်သတ်ထိန်းချုပ်ထားတဲ့ အဲဒီ သဘောတူညီမှုကို တစ်နှစ် ယာယီ သက်တမ်းတိုးဖို့ ရုရှားက ကမ်းလှမ်းထားပေမယ့် ထရမ့်ကတော့ တရားဝင် အကြောင်းမပြန်သေးပါဘူး။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။