Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြို့ကြီးသုံးခုမှာ ဖြန့်ကျက်ထားတဲ့ တပ်တွေ ပြန်ရုပ်သိမ်းမယ်လို့ ထရမ့်ကြေညာ

မြို့ကြီးသုံးခုမှာ ဖြန့်ကျက်ထားတဲ့ စစ်တပ်တွေကို ပြန်ရုပ်သိမ်းမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - The New York Times

မြို့ကြီးသုံးခုမှာ ဖြန့်ကျက်ထားတဲ့ စစ်တပ်တွေကို ပြန်ရုပ်သိမ်းမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ထရမ့်ဟာ အတိုက်အခံ ဒီမိုကရက်တစ် ပါတီ အားကောင်းတဲ့ မြို့ကြီးတချို့မှာ အမေရိကန် စစ်တပ်ရဲ့ အရန်အင်အားစုဖြစ်တဲ့ အမျိုးသား လုံခြုံရေး အစောင့်တပ်တွေကို ဖြန့်ကျက်ထားစေခဲ့ပါတယ်။

ဒီဇင်ဘာ ၃၁ ရက်နေ့မှာတော့ ထရမ့်က သူဟာ လော့စ်အန်ဂျလိစ်၊ ပို့တ်လန်းနဲ့ ချီကာဂိုတို့က တပ်တွေကို ပြန်လည် ခေါ်ယူတော့မယ်လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီမြို့တွေထဲမှာ ဒုစရိုက်မှုတွေ ပြန်လည် မြင့်တက်လာတာနဲ့ အမျိုးသား အစောင့်တပ်ဖွဲ့တွေ ပြန်ရောက်လာလိမ့်မယ်လို့ ထရမ့်က သတိပေးထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒေသခံ လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ ဒီမိုကရက်တစ် ပါတီ နိုင်ငံရေးသမားတွေက မြို့ကြီးတွေမှာ စစ်သားတွေ ဖြန့်ကျက်စေတဲ့ ထရမ့်ရဲ့ လုပ်ရပ်ဟာ လုံးဝ မလိုအပ်ကြောင်း ဝေဖန်ခဲ့ပါတယ်။ ပြီးတော့ အဲဒီ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ စိန်ခေါ် ဆန့်ကျင်မှုတွေလည်း ရှိခဲ့ပါတယ်။

ဒီမိုကရက်တစ် ပါတီဝင်တွေက ထရမ့်ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြကြတာတွေကို ပုံကြီးချဲ့ပြီး အကြမ်းဖက် ရန်လိုမှုတွေအဖြစ် စွပ်စွဲရင်း တပ်တွေ စေလွှတ်ခဲ့တာလို့ ပြောပါတယ်။ ထရမ့်ကတော့ ရာဇဝတ်မှုတွေ မြင့်တက်လာတာကို တန်ပြန်ဖို့၊ လျှော့ချဖို့အတွက် တပ်တွေ စေလွှတ်ခဲ့တယ်လို့ သူ့ရဲ့ ဆုံးဖြတ်ချက်အပေါ် ကာကွယ် ပြောဆိုထားခဲ့ပါတယ်။

အခုတော့ ချီကာဂို၊ လော့စ်အန်ဂျလိစ်နဲ့ ပို့တ်လန်းတို့မှာ ဒုစရိုက်မှုတွေ သိသိသာသာ လျော့ပါးသွားပြီ ဖြစ်တာကြောင့် အမျိုးသား အစောင့်တပ်တွေကို ပြန်ရုပ်သိမ်းမယ်ုလိ့ ထရမ့်က လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

ဒါပေမဲ့ ဒုစရိုက်မှုတွေ တကျော့ပြန် မြင့်တက်လာရင် တပ်တွေ ပြန်လာမှာ ဖြစ်ကြောင်း၊ အဲဒီအခါ ပိုပြီး ခိုင်မာ အားကောင်းတဲ့၊ ကွဲပြားတဲ့ ပုံစံမျိုးနဲ့ ဖြန့်ကျက်တာမျိုး ဖြစ်နိုင်ကြောင်းလည်း သူက သတိပေးထားပါတယ်။

မြို့တွေထဲမှာ တပ်တွေ ဖြန့်ကျက်တဲ့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်တဲ့ အရေးဆို တိုင်ကြားမှုတွေကို လက်ခံ ကြားနာခဲ့သမျှ တရားသူကြီးတိုင်းလိုလိုက သမ္မတဟာ လုပ်ပိုင်ခွင့် အာဏာထက်ကျော်ပြီး စစ်တပ်တွေကို အသုံးချခဲ့ကြောင်း ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့မှာတော့ အမေရိကန် တရားရုံးချုပ်က အီလီနွိုက်စ်မှာ တပ်တွေ ဖြန့်ကျက်မယ့် ထရမ့်ရဲ့ အစီအစဉ်ကို တားဆီး ပိတ်ပင်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။