Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်လုပ် တိုက်လေယာဉ်က ရန်သူကို ပထမဆုံးအကြိမ် ပစ်ချနိုင်ခဲ့ကြောင်း တရုတ် အတည်ပြု

တရုတ်က ထုတ်လုပ်တဲ့ J-10 တိုက်လေယာဉ်ဟာ လက်တွေ့ တိုက်ပွဲမှာ ရန်သူကို ပထမဆုံးအကြိမ် ပစ်ချနိုင်ခဲ့ကြောင်း တရားဝင် အတည်ပြု ကြေညာခဲ့ပါတယ်။

တရုတ်က ထုတ်လုပ်တဲ့ J-10 တိုက်လေယာဉ်ဟာ လက်တွေ့ တိုက်ပွဲမှာ ရန်သူကို ပထမဆုံးအကြိမ် ပစ်ချနိုင်ခဲ့ကြောင်း တရားဝင် အတည်ပြု ကြေညာခဲ့ပါတယ်။

တရုတ် အစိုးရရဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ သိပ္ပံ၊ နည်းပညာနဲ့ စက်မှုဌာန (SASTIND)က ပြီးခဲ့တဲ့နှစ်တုန်းက ပါကစ္စတန်ဟာ တရုတ်ရဲ့ J-10 တိုက်လေယာဉ်တွေကို အသုံးပြုပြီး အိန္ဒိယရဲ့ Rafale တိုက်လေယာဉ်တွေကို ပစ်ချနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အိန္ဒိယဟာ ပြင်သစ်က ထုတ်လုပ်တဲ့ ကမ္ဘာကျော် Rafale တိုက်လေယာဉ်တွေကို အသုံးပြုပြီး ပါကစ္စတန်ရဲ့ J-10တွေနဲ့ ဝေဟင်မှာ ဒုံးကျည်ချင်း ယှဉ်ပစ်ပြီး စီးချင်းထိုးခဲ့ကြပေမယ့် အရေးနိမ့်ခဲ့တာလို့ SASTINDက ဆိုပါတယ်။ ပြီးတော့ အဲဒီတိုက်ပွဲမှာ ပါကစ္စတန် လေတပ်ဟာ J-10 တစ်စီးမှ မဆုံးရှုံးခဲ့ဘူးလို့လည်း ပြောပါတယ်။

မနှစ်က မေလတုန်းက ကက်ရှ်မီးယားနဲ့ အိန္ဒိယ-ပါကစ္စတန် နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ပွဲတွေအတွင်း အိန္ဒိယရဲ့ အစွမ်းအထက်ဆုံး Rafale တိုက်လေယာဉ်တွေကို ပစ်ချနိုင်ခဲ့တယ်လို့ ပါကစ္စတန် လေတပ်က ကြွေးကြော်ခဲ့ပေမယ့် အိန္ဒိယရော၊ တရုတ်ကပါ အဲဒီကိစ္စကို တရားဝင် အတည်မပြုခဲ့ပါဘူး။ အခုသီတင်းပတ်မှသာ SASTINDက အဲဒီအချက်အလက် မှန်ကန်တယ် ဆိုတာကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါဟာ တရုတ်က ထုတ်လုပ်တည်ဆောက်တဲ့ တိုက်လေယာဉ် အမျိုးအစား တစ်ခုဟာ လက်တွေ့ စစ်ပွဲမှာ ရန်သူကို ပထမဆုံးအကြိမ် ပစ်ချနိုင်မှု (First kill) အဖြစ်လည်း မှတ်တမ်းဝင်လာခဲ့ပါတယ်။ J-10တွေဟာ ရန်သူ့တိုက်လေယာဉ် တချို့လောက်ကို ပစ်ချနိုင်ခဲ့တယ်လို့ တရုတ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပေမယ့် Rafaleတွေနဲ့ Su-30MKIတွေ အပါအဝင် အိန္ဒိယ တိုက်လေယာဉ် ၅ စီးကို ပစ်ချနိုင်ခဲ့တယ်ဆိုတဲ့ ပါကစ္စတန်ရဲ့ ထုတ်ပြန်ချက်ကိုတော့ အတည်ပြုမထားပါဘူး။

သတင်းတွေ အရတော့ ပြင်သစ်ကုမ္ပဏီ Dassaultက ထုတ်လုပ်တဲ့ Rafale တိုက်လေယာဉ်ဟာတွေဟာ ပြိုင်ဘက် J-10CEတွေဆီက ပစ်လွှတ်လိုက်တဲ့ တရုတ်လုပ် PL-15 ဝေဟင်ခွင်းဒုံးတွေကြောင့် ကိုယ်ကျိုးနည်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ဒုံးကျည်တွေဟာ ကီလိုမီတာ ၂၀၀ လောက်က ပစ်မှတ်ကို ခြေရာခံ ချေမှုန်းနိုင်စွမ်း ရှိပါတယ်။

အိန္ဒိယ အစိုးရကတော့ စစ်ပွဲတွေမှာ ဆုံးရှုံးမှုတွေ ကြုံရတတ်တာ ဓမ္မတာပဲဖြစ်တယ်လို့ ပြောပေမယ့် Rafaleတွေ ပစ်ချခံရတယ်ဆိုတဲ့ ကိစ္စကိုတော့ အတိအကျ ဝန်မခံခဲ့ပါဘူး။ တရုတ် တိုက်လေယာဉ်က Rafaleကို ပစ်ချခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ချိန်တုန်းက J-10တွေ ထုတ်လုပ်တဲ့ Chengdu ကုမ္ပဏီရဲ့ ရှယ်ယာစျေးတွေ တဟုန်ထိုး မြင့်တက်သွားခဲ့ပြီး ပြင်သစ်ရဲ့ Dassault ကုမ္ပဏီကတော့ အကျပ်အတည်း အခြေအနေတွေကို ကြုံခဲ့ရပါတယ်။

အဲဒီကိစ္စနောက်ပိုင်း တရုတ်နဲ့ ပါကစ္စတန်တို့ ပူးပေါင်းပြီး ပါကစ္စတန်မှာ ထုတ်လုပ်နေတဲ့ JF-17 တိုက်လေယာဉ်တွေအပေါ် နိုင်ငံတကာ ဝယ်လက်တွေရဲ့ စိတ်ဝင်စားမှုလည်း မြင့်တက်လာကြောင်း တရုတ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ကိုးကား: Defence-UA

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook