Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဖဂန်မှာ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ပြီး စစ်သွေးကြွ ၇၀ ကျော်ကို သုတ်သင်ခဲ့တယ်လို့ ပါကစ္စတန်ပြော

အာဖဂန် နစ္စတန် နိုင်ငံပိုင်နက်ထဲမှာ လုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း စစ်သွေးကြွ ၇၀ ကျော်ကို ရှင်းလင်း သုတ်သင်နိုင်ခဲ့ကြောင်း ပါကစ္စတန် စစ်တပ်က ကြေညာခဲ့ပါတယ်။

အာဖဂန် နစ္စတန် နိုင်ငံပိုင်နက်ထဲမှာ လုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း စစ်သွေးကြွ ၇၀ ကျော်ကို ရှင်းလင်း သုတ်သင်နိုင်ခဲ့ကြောင်း ပါကစ္စတန် စစ်တပ်က ကြေညာခဲ့ပါတယ်။

အိမ်နီးချင်း နိုင်ငံပိုင်နက်ထဲမှာ စစ်သွေးကြွတွေ ခိုအောင်းနေတဲ့ နေရာတွေကို ဖေဖော်ဝါရီ ၂၂ ရက် မနက်အစောပိုင်းက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ပါကစ္စတန် ပိုင်နက်ထဲမှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့တဲ့ အဖွဲ့အစည်းတွေကို အာဖဂန် အစိုးရက လက်ခံပေးထားကြောင်းလည်း ပါကစ္စတန်က စွပ်စွဲခဲ့ပြီး အာဖဂန်ဖက်ကတော့ ငြင်းဆိုထားပါတယ်။

ပါကစ္စတန် ဒုတိယ ပြည်ထဲရေးဝန်ကြီး တာလာလ် ချောင်ဒရီက လေကြောင်းတိုက်ခိုက်မှုတွေအတွင်း စစ်သွေးကြွ ၇၀ ကျော်ကို သုတ်သင်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပေမယ့် တိကျတဲ့ အထောက်အထားတွေတော့ ထုတ်မပြခဲ့ပါဘူး။ နောက်တော့ ပါကစ္စတန် အစိုးရပိုင် မီဒီယာက သတင်းဖော်ပြရမှာ စစ်သွေးကြွ ၈၀ လောက် သေဆုံးခဲ့ကြောင်း ပါရှိခဲ့ပါတယ်။

တာလီဘန် အစိုးရ လက်အောက်ခံ အာဖဂန် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ပါကစ္စတန်ရဲ့ တိုက်ခိုက်မှုဟာ နိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ နန်ဂါဟာနဲ့ ပက်တစ်ကာ ပြည်နယ်တွေထဲက လူနေဧရိယာတွေ အများအပြားကို ထိမှန်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ပြီးတော့ ပါကစ္စတန်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ အာဖဂန်ရဲ့ လေပိုင်နက်ကို ကျူးကျော်ပြီး အချုပ်အခြာ အာဏာကို ထိပါးခဲ့တာ ဖြစ်တယ်လို့လည်း ဝန်ကြီးဌာနက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အာဖဂန် အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဇာဘီဟွာလာ မူဂျာဟစ်က စစ်သွေးကြွ ၇၀ ကျော် သေဆုံးခဲ့တယ်ဆိုတဲ့ ပါကစ္စတန် ထုတ်ပြန်ချက်ကို ပယ်ချပြီး သေဆုံးဒဏ်ရာရသူ အများအပြားဟာ အရပ်သားတွေ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ အာဖဂန် တာလီဘန် အစိုးရက အခုလုပ်ရပ်နဲ့ ပတ်သက်ပြီး သင့်တော်တဲ့ အရေးယူ တုံ့ပြန်မှု အစီအမံတွေကို စတင် စဉ်းစားနေပြီလို့လည်း ပြောပါတယ်။

ပါကစ္စတန်က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ ပါကစ္စတန် တာလီဘန် (TTP) အဖွဲ့ကို ကဘူးလ်မှာရှိတဲ့ အာဖဂန် တာလီဘန်တွေက ခိုလှုံခွင့် ပေးထားကြောင်း ပါကစ္စတန် အစိုးရက စွပ်စွဲထားပြီး အာဖဂန်ဖက်ကတော့ ပယ်ချထားပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာတော့ လေကြောင်း တိုက်ခိုက်မှုအပြီး နန်ဂါဟာမှာရှိတဲ့ ကျေးရွာတချို့မှာ အပျက်အစီးတွေကို ရှင်းလင်းနေပြီး သေဆုံးသူတွေအတွက် နာရေးကိစ္စတွေ စီစဉ်နေတာကို တွေ့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ပါကစ္စတန်မှာ စစ်သွေးကြွတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်တွေက ပိုမို တိုးပွားလာပြီး အများစုက TTPနဲ့ ဘာလော့ချီစတန် ပြည်နယ် ခွဲထွက်ရေး အင်အားစုတွေရဲ့ လက်ချက်ပါ။ TTPဟာ အာဖဂန် တာလီဘန်တွေနဲ့ မဟာမိတ် ဆက်ဆံရေးမျိုး ရှိနေတယ်လို့ ပါကစ္စတန်က စွပ်စွဲထားပါတယ်။

ပါကစ္စတန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မတိုင်ခင် နာရီပိုင်းအလိုတုန်းက ပါကစ္စတန် အနောက်မြောက်ပိုင်း ဘန်နူဒေသမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ယာဉ်တန်းကို အသေခံ ဗုံးခွဲမှု ဖြစ်ခဲ့ပြီး ဒုတိယ ဗိုလ်မှူးကြီး တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ခိုင်ဘာ ပက်တွန်ခါဝါ ပြည်နယ်ထဲမှာ အသေခံ ကားဗုံးခွဲပြီး နောက်ဆက်တွဲ စီးနင်းပစ်ခတ်မှုတွေကြောင့် စစ်သား ၁၁ ဦးနဲ့ ကလေးငယ် ၁ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအပြင် လဆန်းပိုင်းတုန်းက အစ္စလာမ်မာဘတ် မြို့တော်က ဗလီတစ်ခုကို အသေခံ ဗုံးခွဲမှုကြောင့် ဝတ်ပြုသူ ၃၁ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ကပါ အာဖဂန်မှာ အခြေစိုက်တဲ့ စစ်သွေးကြွ ခေါင်းဆောင်တွေရဲ့ ညွှန်ကြားချက်နဲ့ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ အခိုင်အမာ ရရှိထားကြောင်း ပါကစ္စတန် အာဏာပိုင်တွေက စွပ်စွဲ ပြောကြားထားပါတယ်။

ကိုးကား: AP

ဓာတ်ပုံ – AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန်နိုင်ငံမှာ အီရန်-အမေရိကန် စစ်ပြေငြိမ်းရေးကိစ္စ သုံးပွင့်ဆိုင် ဆွေးနွေးမှု စတင်နေကြောင်း သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ ဒူးသထူခရိုင် ဘီးလင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေဆက်တိုက် ပြုလုပ်ခဲ့ကြောင်း KNUက ထုတ်ပြန်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အဆောက်အဦးပျက်စီးမှုတွေရှိခဲ့တယ်လို့ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ လေကြောင်းအသိပညာပေးဟောပြောတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (ဧပြီ ၄) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ကို စစ်ကောင်စီက တိုက်လေယာဉ် ၄စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး (၂) ဦး အပါအဝင် အပြစ်မဲ့အရပ်သား (၄)ဦးရှိတဲ့ မိသားစုတစ်စုလုံး သေဆုံးပြီး ကလေးငယ်နစ်ဦးနဲ့ ကိုယ်ဝန်ဆောင် ၁ဦး ထိခိုက်ဒဏ်ရာရခဲ့ဟု အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။