Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်စစ်ပွဲ ကာလအတွင်း ဗြိတိန်ကို အမေရိကန်ရဲ့ B-1 ဗုံးကြဲလေယာဉ်တစ်စီး ရောက်ရှိလာ

အီရန်စစ်ပွဲ ကာလအတွင်း အမေရိကန်ရဲ့ ပထမဆုံး ဗုံးကြဲလေယာဉ်ကြီး တစ်စီးဟာ ဗြိတိန်ကို ရောက်ရှိလာခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အီရန်စစ်ပွဲ ကာလအတွင်း အမေရိကန်ရဲ့ ပထမဆုံး ဗုံးကြဲလေယာဉ်ကြီး တစ်စီးဟာ ဗြိတိန်ကို ရောက်ရှိလာခဲ့ပါတယ်။

မတ်လ ၆ ရက်နေ့မှာ B-1 Lancer ဗုံးကြဲလေယာဉ်ကြီးဟာ ဂလူဆက်စ်တာရှိုင်းယားမှာ ရှိနေတဲ့ တော်ဝင်လေတပ်ရဲ့ Fairford လေတပ်စခန်းမှာ ဆင်းသက်လာခဲ့တာ ဖြစ်ပါတယ်။ ၁၄၆ ပေရှည်တဲ့ အဲဒီ လေယာဉ်ကြီးဟာ ခရုစ်ဒုံးကျည်ပေါင်း ၂၄ စင်းကို တင်ဆောင်ပြီး ပစ်ခတ်နိုင်စွမ်း ရှိပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာက အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲအတွက် အမေရိကန်ကို ဗြိတိန် စစ်စခန်းတွေ အသုံးပြုခွင့် ပေးမှာမဟုတ်ကြောင်း ကြေညာခဲ့ဖူးပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ တိုက်စစ်ဆင်မှု မဟုတ်ဘဲ အီရန်ရဲ့ ဒရုန်းတွေနဲ့ ဒုံးကျည်တွေကို ကြားဖြတ် ပစ်ချမယ့် ကာကွယ်ရေး မစ်ရှင်တွေအတွက် ဗြိတိန် လေတပ်စခန်းတွေကို အမေရိကန်က အသုံးပြုခွင့်ရမယ်လို့ စတာမာက သဘောထား ပြောင်းလဲပြီး ပြောကြားခဲ့ပါတယ်။

B-1တွေဟာ ၈၆ တန် အလေးချိန်ရှိပြီး အဖွဲ့သား ၄ ဦးက တာဝန်ယူ ထိန်းချုပ်ရပါတယ်။ အမေရိကန် လေတပ်က အသုံးပြုနေတဲ့ ဗုံးကြဲလေယာဉ် ၃ မျိုးထဲမှာ B-1တွေဟာ အမြန်ဆုံး ပျံသန်းနိုင်စွမ်း ရှိပါတယ်။ Boeing ကုမ္ပဏီရဲ့ အဆိုအရ အဲဒီလေယာဉ်တွေဟာ တစ်နာရီကို မိုင် ၉၀၀ ကျော်နှုန်းထိ မြန်ဆန်အောင် ပျံသန်းနိုင်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

B-1တွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်တုန်းက စတင်အသုံးပြုခဲ့ပြီး စဉ်ဆက်မပြတ် အဆင့်မြှင့်တင် မွမ်းမံမှုတွေ ဖြည့်တင်းခဲ့ပါတယ်။ အဲဒီ လေယာဉ်တွေဟာ ပစ်မှတ်ကို တိတိကျကျ ထောက်လှမ်း ချေမှုန်းနိုင်တဲ့ စွမ်းရည်မြင့် ရေဒါတွေနဲ့ GPS လမ်းကြောင်းရှာ စနစ်တွေ ပါဝင်ပြီး ကာကွယ်ရေးအတွက် အီလက်ထရောနစ် ဟန့်တားရေး (jamming) စနစ်တွေ တပ်ဆင်ထားပါတယ်။ B-1 စုစုပေါင်း ၁၀၄ စီးထိ ထုတ်လုပ်ခဲ့ဖူးပြီး လက်ရှိ အမေရိကန် လေတပ်မှာ အသုံးပြုနေတဲ့ လေယာဉ် အစီးရေကတော့ ၄၆ စီးရှိပါတယ်။

အဲဒီလေယာဉ်တွေဟာ ဆီးရီးယား၊ လစ်ဗျား၊ အာဖဂန်နစ္စတန်၊ အီရတ်တို့မှာ စစ်ဆင်ရေး တာဝန်တွေကို ထမ်းဆောင်ခဲ့ဖူးပါတယ်။

ဗြိတိန်ဟာ အီရန်စစ်ပွဲမှာ တိုက်ရိုက်ပါဝင် တိုက်ခိုက်မှု မရှိပေမယ့် အာရပ်မဟာမိတ် နိုင်ငံတွေဆီ အီရန်က ပစ်ခတ်တဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချတဲ့ ခံစစ် မစ်ရှင်တွေမှာပါတော့ ထဲထဲဝင်ဝင် ကူညီပေးနေပါတယ်။

စတာမာက အီရန်စစ်ပွဲမှာ အမေရိကန်က အီရန်ပိုင်နက်ထဲက ဒုံးကျည်ပစ်စင်တွေကို ရှာဖွေဖော်ထုတ် ချေမှုန်းနေချိန် ဗြိတိန်ကတော့ ဒရုန်းတွေကို ဟန့်တား ပစ်ချဖို့ပဲ အာရုံစိုက်ထားမယ်လို့ အလေးအနက် ပြောကြားထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ F-16 တိုက်လေယာဉ် တစ်စီးဟာ လူနေအိမ်တွေကြား မြက်ခင်းပေါ် ပျက်ကျပြီး အပြင်းအထန် မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။