မေ-၁၈၊၂၀၂၆။People’s Spring
ရုရှားရဲ့မြို့တော်မော်စကိုမှာသိသာထင်ရှားတဲ့ ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်စေခဲ့တဲ့နောက် နိုင်ငံရဲ့ဒရုန်းတိုက်ခိုက်ရေး စွမ်းရည်ကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ချီးကျူးခဲ့ပါတယ်။
မေလ၁၆ရက်နေ့ကယူကရိန်းရဲ့လက်ချက်ကြောင့် လူ ၃ ဦး သေဆုံးပြီး ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေဟာ စစ်ပွဲကာလတလျှောက် မော်စကိုမှာ ကြုံဖူးသမျှအပြင်းထန်ဆုံးဒရုန်းတိုက်ခိုက်မှုလည်း ဖြစ်လာပါတယ်။
ဒါဟာ ရုရှားအနေနဲ့မော်စကိုမှာလေကြောင်းကာကွယ်ရေး စနစ်တွေ အလုံးအရင်း ဖြန့်ကျက်ထားတဲ့တိုင်အောင် ယူကရိန်းရဲ့ ဒရုန်းတွေက ရန်သူရဲ့ အခိုင်မာဆုံးနယ်မြေတွေထဲထိထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိလာတယ် ဆိုတာကို လက်တွေ့ ပြသခဲ့တာလည်း ဖြစ်ပါတယ်။

Public Service Announcement
မေလ၁၆ရက်နေ့တုန်းကယူကရိန်းရဲ့ဒရုန်းတိုက်ခိုက်မှုတွေကြောင့် မော်စကိုမှာ လူ ၃ ဦး သေဆုံးပြီး ဘယ်လ်ဂိုရော့ဒ် ဒေသထဲမှာ နောက်ထပ် ၁ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။ တစ်ရက်တာအတွင်း ရုရှားရဲ့ ဒေသပေါင်း တစ်ဒါဇင်ကျော်လောက်ဆီ စေလွှတ်လိုက်တဲ့ ယူကရိန်း ဒရုန်းပေါင်း ၁၀၀၀ ကျော်လောက်ကို ကြားဖြတ်ပစ်ချခဲ့ရကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ယူကရိန်းရဲ့မြို့တော် ကိယက်ဗ်ကို ရုရှားက စစ်ကာလတလျှောက် ပမာဏ အကြီးမားဆုံး ဒရုန်း တိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့ပြီး ၂၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။အဲဒီလုပ်ရပ်အတွက်ကျိန်းသေပေါက် လက်တုံ့ပြန်မယ်လို့ဇီလန်စကီးကသတိပေးခဲ့ပြီး နောက်တစ်ရက်မှာပဲ မော်စကိုထိ ယူကရိန်း ဒရုန်းတွေ ရောက်လာခဲ့တာပါ။
မော်စကို မြို့တော်ဝန် ဆာဂျီ ဆိုဘီယာနင်ကတော့ မြို့တော်ဧရိယာထဲရောက်လာတဲ့ဒရုန်း၁၂၀ ကျော်ကို ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။ မော်စကိုနားကရေနံချက်စက်ရုံတစ်ခုကိုယူကရိန်း ဒရုန်းတွေထိမှန်လို့လူ ၁၂ ဦးဒဏ်ရာရခဲ့ပြီး နောက်ထပ် ဒရုန်းတွေက လူနေအိမ်တွေနဲ့ အခြေခံ အဆောက်အအုံတွေကို ထိခိုက် ပျက်စီးစေခဲ့ကြောင်း သူက ဆိုပါတယ်။
ဇီလန်စကီးကတော့ ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်ရေး စွမ်းရည်ဟာ တာဝေးပျံသန်းပြီး ရန်သူ့ ဧရိယာထဲ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နိုင်စွမ်း ရှိလာပြီလို့ ချီးကျူးသွားခဲ့ပါတယ်။ အဲဒီ အောင်မြင်မှုဟာ ရုရှားရဲ့ ကျူးကျော်စစ်နဲ့ ပတ်သက်လို့ မြေပြင် အခြေအနေတွေကိုရော၊ ကမ္ဘာကြီးရဲ့ အမြင်ကိုပါ အကြီးအကျယ် ပြောင်းလဲလာစေမှာ ဖြစ်တယ်လို့ ဇီလန်စကီးက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။
အဲဒီမတိုင်ခင် ပို့စ်တစ်ခုမှာတော့ ဇီလန်စကီးက ယူကရိန်းရဲ့ တာဝေးတိုက်ခိုက်နိုင်စွမ်းဟာ မော်စကိုထိ လက်လှမ်းမီလာပြီ ဖြစ်ကြောင်း၊ ဒါဟာ ရုရှားနိုင်ငံအနေနဲ့စစ်ပွဲကိုရပ်ဖို့လိုပြီဆိုတာကိုရုရှား ပြည်သူတွေဆီ ရှင်းရှင်းလင်းလင်း အသိပေးလိုက်တဲ့ အဓိပ္ပါယ်လည်းဖြစ်လာကြောင်းဇီလန်စကီးက မှတ်ချက်ပြုထားခဲ့ပါတယ်။
ယူကရိန်းတပ်တွေဟာနယ်စပ်ကနေ ကီလိုမီတာ ၅၀၀ ကျော် အကွာအဝေးထိ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြောင်း၊ အထူးသဖြင့် မော်စကိုရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေ ပြွတ်သိပ် ဖြန့်ကျက်ထားတဲ့နေရာတွေကိုထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့ကြောင်းလည်း ဇီလန်စကီးက ဆိုပါတယ်။
သူကယူကရိန်းရဲ့အဲဒီတိုက်ခိုက်မှုတွေဟာ အစောပိုင်းတုန်းက ကိယက်ဗ်ကို ရုရှားက အပြင်းအထန် တိုက်ခိုက်ခဲ့တာအတွက် လက်တုံ့ပြန်ခြင်းသာ ဖြစ်တယ်လို့လည်း အခိုင်အမာ ပြောပါတယ်။
ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီယာ ဇာခါရိုဗာကတော့ ယူကရိန်းရဲ့ လုပ်ရပ်ဟာ ရုရှားအရပ်သားဧရိယာတွေအပေါ် အစုအပြုံလိုက် အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုအဖြစ်စွပ်စွဲရှုတ်ချသွားပါတယ်။
ကိုးကား-Time


















































