Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နှစ်နိုင်ငံ ဆက်ဆံရေးကို တရုတ်နဲ့ ပါကစ္စတန် ခေါင်းဆောင်တွေ အပြန်အလှန် အမွှန်းတင်

နှစ်နိုင်ငံကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ပါကစ္စတန် ခေါင်းဆောင်တွေ တွေ့ဆုံချိန်မှာ အပြန်အလှန် အမွှန်းတင် ချီးကျူးခဲ့ကြပါတယ်။

ဓာတ်ပုံ - Reuters

နှစ်နိုင်ငံကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ပါကစ္စတန် ခေါင်းဆောင်တွေ တွေ့ဆုံချိန်မှာ အပြန်အလှန် အမွှန်းတင် ချီးကျူးခဲ့ကြပါတယ်။

တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ နိုင်ငံဆီ အလည်အပတ် ခရီးစဉ် ရောက်ရှိနေတဲ့ ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ်ကို မေလ ၂၅ ရက်နေ့တုန်းက ဘေဂျင်းမြို့တော်မှာ ရှိနေတဲ့ ပြည်သူ့ခန်းမဆောင်မှာ ဧည့်ခံ တွေ့ဆုံခဲ့ပါတယ်။

ရှရစ်ဖ်ဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ရဲ့ ခရီးစဉ်တွေအပြီး ရက်ပိုင်းအကြာမှာ ဘေဂျင်းကို တတိယမြောက် ရောက်ရှိလာတဲ့ နိုင်ငံခေါင်းဆောင် ဖြစ်ပါတယ်။ ရှီအတွက်လည်း မေလလယ်ကစပြီး သံတမန်ရေး တွေ့ဆုံမှုတွေနဲ့ အတော်လေး အလုပ်များနေခဲ့ပါတယ်။

ရှရစ်ဖ်ကတော့ ပါကစ္စတန်ဟာ အခြေအနေ၊ အချိန်အခါ အားလုံးမှာ ပိုပြီး ခိုင်မာနက်ရှိုင်းတဲ့ ဆက်ဆံရေးမျိုး တရုတ်နဲ့ တည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့ပါတယ်။ တရုတ်က အခိုင်မာဆုံး မဟာဗျူဟာ မိတ်ဖက်တွေလို့ သတ်မှတ်ထားတဲ့ နိုင်ငံတွေ စာရင်းမှာ ပါကစ္စတန်လည်း ပါဝင်နေပြီး စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေကြပါတယ်။

Public Service Announcement

Public Service Announcement

ခန်းမဆောင်မှာ ရှရစ်ဖ်ကို နှုတ်ဆက်တဲ့အခါ ရှီက ပါကစ္စတန် ဝန်ကြီးချုပ်ကို မိတ်ဆွေဟောင်း တစ်ဦးလို့ သုံးနှုန်းပြီး နှုတ်ဆက်ခဲ့ပါတယ်။ တရုတ် အစိုးရနဲ့ အာဏာရ ကွန်မြူနစ်ပါတီ ထိပ်ပိုင်း အရာရှိတွေ အတွက်တော့ အဲဒီ စကားဟာ တန်ဖိုးထား လေးစားတဲ့ နိုင်ငံခြားသားတွေကို ရည်ညွှန်းတဲ့ သင်္ကေတမျိုး ဖြစ်ပါတယ်။ ရှီဟာ ပူတင်နဲ့ တွေ့ဆုံတုန်းကလည်း အဲဒီလိုပဲ ရည်ညွှန်းခဲ့ဖူးပါတယ်။

တရုတ်နဲ့ ပါကစ္စတန်တို့ဟာ ဆယ်စုနှစ်တွေနဲ့ချီ ကြာညောင်းတဲ့ထိ အပြန်အလှန် နားလည်မှု၊ ယုံကြည်မှု၊ ဖေးမရိုင်းပင်းမှုတွေကို ထိန်းသိမ်းထားပြီး မပြိုကွဲနိုင်တဲ့၊ မြဲမြံတဲ့ ချစ်ကြည် ရင်းနှီးမှုကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ရှီက ချီးကျူးခဲ့ပါတယ်။

နိုင်ငံတကာ အခင်းအကျင်းတွေ ဘယ်လိုပဲ ပြောင်းလဲနေပါစေ၊ တရုတ်ဟာ ပါကစ္စတန်နဲ့ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်း ဆက်ဆံရေးကို အမြဲတမ်း အလေးထား ဦးစားပေးနေမယ်လို့လည်း ရှီက ပြောပါတယ်။

အပြန်အလှန် အနေနဲ့ ရှရစ်ဖ်ကလည်း တရုတ်နဲ့ ပါကစ္စတန်တို့ဟာ သံမဏိ ညီအစ်ကိုတွေ ဖြစ်တယ်လို့ ညွှန်းဆိုခဲ့ပြီး ဒီလိုဆက်ဆံရေးမျိုးဟာ နောက်ထပ် မရှိနိုင်ဘူးလို့ ဆိုပါတယ်။

ရှရစ်ဖ်ရဲ့ တရုတ် ခရီးစဉ်ဟာ အီရန်နဲ့ အမေရိကန်တို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကို ရပ်စဲစေဖို့ သံတမန်ရေးရာ ညှိနှိုင်းမှုတွေနဲ့လည်း ဆက်စပ်နေတယ်လို့ ယုံကြည်ရပါတယ်။ ပါကစ္စတန်ဟာ အီရန်နဲ့ အမေရိကန်ကြားမှာ အဓိက ကြားဝင် စေ့စပ် ပေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အမေရိကန်ဟာ အီရန်အရေးမှာ တရုတ်က ပိုပြီး ပါဝင်ညှိနှိုင်းပေးဖို့ ဖိအားပေးလိုတဲ့ သဘောထားတွေ ပြသထားပါတယ်။ တရုတ်ဟာ အီရန်နဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေပါတယ်။

အမေရိကန်နဲ့ အီရန်ကြားက စစ်ရေးပဋိပက္ခအတွက် ကြားဝင် စေ့စပ်ပေးမှုမှာ အဓိက တာဝန်ယူနေတဲ့ ပါကစ္စတန် စစ်တပ် အကြီးအကဲ အဆင်မ် မူနာဟာလည်း ရှရစ်ဖ်နဲ့အတူ ဘေဂျင်းကို လိုက်ပါလာခဲ့ပါတယ်။

တရုတ် အစိုးရ မီဒီယာတွေရဲ့ သတင်းဖော်ပြချက်တွေမှာတော့ ရှီက အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် အစွမ်းကုန် ကူညီ ညှိနှိုင်းပေးနေတဲ့ ပါကစ္စတန်ရဲ့ အားထုတ်မှုတွေအတွက် ရှရစ်ဖ်ကို အသိအမှတ်ပြု ချီးကျူးခဲ့ကြောင်း သိရပါတယ်။

မတ်လတုန်းက ပါကစ္စတန်နဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ဘေဂျင်းမှာ တွေ့ဆုံခဲ့ကြပြီး အီရန်က ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြား ပြန်လည် ဖွင့်လှစ်ရေး အပါအဝင် အချက် ၅ ခု ပါဝင်တဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်ကို ပူးတွဲ ထုတ်ပြန်ခဲ့ဖူးပါတယ်။

ကိုးကား: Al Jazeera, AFP, Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး မိုင်းလုပ်သား ၃၄ ဦးထက်မနည်း သေဆုံးသွားပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။