Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့ဖလား ချန်ပီယံ အသင်းအတွက် ပထမဆုံးအကြိမ် ရွှေလက်စွပ်တွေ ချီးမြှင့်ဖို့ ဖီဖာစီစဉ်

ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အနိုင်ရမယ့် ကမ္ဘာ့ချန်ပီယံ အသင်းသားတွေဟာ ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာ့ချန်ပီယံ လက်စွပ်တွေကိုပါ ချီးမြှင့် ခံရမယ်လို့ သိရပါတယ်။

ဓာတ်ပုံ - FIFA

ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အနိုင်ရမယ့် ကမ္ဘာ့ချန်ပီယံ အသင်းသားတွေဟာ ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာ့ချန်ပီယံ လက်စွပ်တွေကိုပါ ချီးမြှင့် ခံရမယ်လို့ သိရပါတယ်။

ဇူလိုင် ၁၉ ရက်နေ့ကျရင် အမေရိကန်နိုင်ငံ၊ နယူးဂျာစီမှာရှိတဲ့ MetLife အားကစားကွင်းကြီးမှာ လက်ရှိ ကမ္ဘာ့ ချန်ပီယံ အာဂျင်တီးနား အသင်းနဲ့ လက်ရှိ ဥရောပ ချန်ပီယံ စပိန်အသင်းတို့ဟာ ဖလားလုပွဲကို အကြိတ်အနယ် ယှဉ်ပြိုင်ကြတော့မှာပါ။

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာ့ချန်ပီယံ အသင်းသားတွေအတွက် လက်စွပ်တွေ ချီးမြှင့်မယ့် အကြောင်းကို ဇူလိုင် ၁၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ဒါဟာ ပူးတွဲအိမ်ရှင် အမေရိကန် နိုင်ငံရဲ့ အားကစား ရိုးရာ အစဉ်အလာ တစ်ခုကို ကမ္ဘာလုံးဆိုင်ရာ ဘောလုံး အားကစားထဲ ထည့်သွင်းပေါင်းစပ်စေတဲ့ ခြေလှမ်းတစ်ခုအဖြစ် ဖီဖာက ညွှန်းဆိုခဲ့ပါတယ်။ အနိုင်ရတဲ့ အသင်းဟာ အောင်ပွဲသင်္ကေတ ဆုချီးမြှင့်မှု တစ်ခုကို လက်ခံရရှိမှာဖြစ်ပြီး ဖီဖာလက်အောက်ခံ ပြိုင်ပွဲတွေမှာတော့ ဒီလို ဆုချီးမြှင့်ခြင်းဟာ ပထမဆုံး ဖြစ်လာမယ်လို့ ဖီဖာက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ရဲ့ ပရော်ဖက်ရှင်နယ် အားကစားနည်းတွေဖြစ်တဲ့ အမေရိကန်ဘောလုံး၊ ဘေ့စ်ဘော၊ ဘတ်စကက်ဘော၊ ရေခဲပြင်ဟော်ကီတို့မှာတော့ ချန်ပီယံတွေကို လက်စွပ်တွေ ချီးမြှင့်တဲ့ အစဉ်အလာ ရှိခဲ့ပါတယ်။

ကမ္ဘာ့ဖလား ချန်ပီယံ အသင်းအတွက် ချီးမြှင့်မယ့် ရွှေလက်စွပ်ရဲ့ အလယ်ဗဟိုမှာတော့ တောက်ပပြီး အရည်အသွေးမြင့်တဲ့ အပြာရောင် ကျောက်မျက်တွေ ထည့်သွင်းထားပြီး ၂၀၂၆ ကမ္ဘာ့ချန်ပီယံဆိုတဲ့ စာသားနဲ့ ဝန်းရံထားပါတယ်။ အပြင်ဖက်မှာတော့ စိန်ပွင့်တွေနဲ့ စီခြယ်ထားပါတယ်။

လက်စွပ်ကွင်းရဲ့ တစ်ဖက်မှာ ကမ္ဘာ့ဖလား ဆုတံဆိပ်ရဲ့ပုံကို ထွင်းထုထားပြီး တခြားတစ်ဖက်မှာတော့ အနိုင်ရတဲ့ အသင်းရဲ့ တံဆိပ်ကို ထွင်းထုပေးမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်လာမယ့် အသင်းရဲ့ အသင်းခေါင်းဆောင်နဲ့ အသင်းမန်နေဂျာဆီ ယာယီ စီစဉ်ထားတဲ့ လက်စွပ်တွေကို ပေးအပ် ချီးမြှင့်မှာပါ။ နောက်ပိုင်း သင့်တော်တဲ့ အချိန်တစ်ခု ကျမှသာ ချန်ပီယံ အသင်းသားတွေနဲ့ နည်းပြ အဖွဲ့ဝင်တွေအတွက် အံကိုက်ဖြစ်အောင် စီစဉ်ပေးထားမယ့် စုစုပေါင်း လက်စွပ်အကွင်း ၃၀ ကို လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။

အဲဒီ လက်စွပ်တွေကို ၂၀၂၆ ခုနှစ် ပြိုင်ပွဲအတွက် ရည်ရွယ်ပြီး အရေအတွက် ၂၀၂၆ ကွင်းပဲ ထုတ်လုပ်မှာပါ။ ချန်ပီယံ အသင်းအတွက် အကွင်း ၃၀ ချီးမြှင့်ပြီးချိန်မှာ ကျန်တဲ့ ၁၉၉၆ ကွင်းကိုတော့ ကမ္ဘာတလွှားက ဘောလုံး ပရိသတ်တွေဆီကို ရောင်းချမှာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားအတွက် ထူးခြားတဲ့ သမိုင်းအစိတ်အပိုင်းတစ်ခု ဖြစ်လာမယ်လို့ ဖီဖာက ဆိုပါတယ်။

ဖီဖာက လက်စွပ်တစ်ကွင်းကို ဘယ်လောက်တန်ကြေး ကျသင့်မလဲ ဆိုတာနဲ့ တခြား အသေးစိတ် အချက်အလက်တွေကို ထုတ်မပြောခဲ့ပါဘူး။ ဒါပေမဲ့ ချန်ပီယံ အသင်းသားတွေကို ချီးမြှင့်မယ့် လက်စွပ်တွေကတော့ ရွှေသားအစစ် ဖြစ်လိမ့်မယ်လို့ အတည်ပြုထားပါတယ်။

ကိုးကား: Sky

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး တတိယနေရာ လုပွဲမှာ အင်္ဂလန်က ပြင်သစ်ကို ခြောက်ဂိုး-လေးဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါ့အပြင် အခုပွဲမှာ နှစ်ဂိုးသွင်းခဲ့တဲ့ ပြင်သစ် တိုက်စစ်မှူး ကီလီယမ် အမ်ဘာပေကလည်း လက်ရှိ ကမ္ဘာ့ဖလားရဲ့ ဂိုးသွင်းဘုရင် နေရာမှာရော၊ ကမ္ဘာ့ဖလား သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး...

ဆောင်းပါး

တစ်ချိန်က ကလေးငယ်လေးတစ်ယောက်အဖြစ် မက်ဆီရဲ့ လက်ထဲမှာ ရှိခဲ့တဲ့ လာမင်း ယာမယ်လ် (Lamine Yamal) ဟာ အခုတော့ ဘာစီလိုနာမှာ မက်ဆီရဲ့ နောက်ဆက်ခံသူ တစ်ယောက်ဖြစ်လာ ခဲ့သလို၊ ကမ္ဘာ့ဘောလုံး လောကမှာပါ သူ့နေရာကို ဆက်ယူလာ နိုင်တဲ့သူ ဖြစ်လာ နေပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် တက်ရောက် အားပေးမယ်လို့ အိမ်ဖြူတော်က အတည်ပြု ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဦးဆောင်ဂိုးကို ထိန်းထားဖို့ ကြိုးစားတဲ့ အင်္ဂလန်ရဲ့ အားထုတ်မှုက မလုံလောက်ခဲ့ဘူးလို့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ဖွင့်ဟခဲ့ပါတယ်။